Zawgyi
ဝါးးး အိပ်လို့ကောင်းလိုက်တာကွာ ဘယ်ချိန်ရှိပြီလဲမသိဘူး ပါးစပ်ကသာပြောနေတာမျက်လုံးတွေကခုထိသေချာမဖွင့်မိသေးဘဲ ဖုန်းကိုလိုက်စမ်းနေမိတယ် ဖုန်းလက်ထဲရောက်မှမပွင့်တစ်ပွင့်မျက်လုံးတွေကိုဖွင့်ပြီးနာရီကိုကြည့်မိတော့တယ်..
WTF....9:00AMဆိုတဲ့အချိန်လေးကကျွန်တော့်ကိုလျှာထုတ်ပြောင်ပြနေသလိုဘဲနောက်ကျပါပြီကွာ ဟိုသူတောင်းစားလေးဝမ်ဟောက်ရွှမ်းနဲ့ချိန်းထားတာကျောင်းအတူတူသွားမယ်ဆိုပြီး ဖုန်းလေးကိုနောက်တစ်ကြိမ်ပြန်ကြည့်မိတော့အိပ်ချင်စိတ်ပြေသွားလို့ကောင်းကောင်းမွန်မွန်ဖွင့်နိုင်တဲ့မျက်ဝန်းတွေပိုပြီးပြူးသွားရတယ် ဖုန်းကိုမခေါ်စဖူ3းကြိမ်ထက်ပိုခေါ်ထားတဲ့ သကောင့်သားကြောင့်လေ ရဲရဲနီနေတဲ့miss called လေးတွေက10ကြိမ်တိတိ နောက်ဆုံးခေါ်ထားတဲ့အချိန်လေးက8:55AMတဲ့ သွားပါပြီကွာတွေ့ရင်တော့ငါ့နားလေးမဒိန်းကျင့်ခံရတော့မယ် ဘာတွေအရေးကြီးနေလို့ပါလိမ့်ဒီလောက်ဖုန်းကောလ်တွေခေါ်ထားတာ
ခေါင်းကလဲစဉ်းစားရင်းလူကလဲအငြိမ်မနေ ရေချိုးခန်းထဲဝင် သွားတိုက် မျက်နှာသစ်ပြီး တွေ့ရာအဝတ်တစ်ထည်ကောက်ဆွဲပြီးလက်စွဲတော်ဆိုင်ကယ်သော့လေးကိုကောက်ယူပြီးထွက်လာရတယ်ဟိုသကောင့်သားစီလဲဖုန်းဆက်ရင်းပေါ့.
......Ring...Ring..Ring...........ဝေ
ဟောက်ရွမ်းသားကြီးsryကွာငါအိပ်ပျော်နေလို့မင်းဖုန်းဆက်ထားတာမသိလိုက်တာကလဲ ညကငါsilentလုပ်အိပ်လိုက်မိလို့ပါကွာ ဖေ့သားကြီးစိတ်မဆိုးနဲ့နော်ဝမ်ရိပေါ် ခွေးကောင် ဒီကြားထဲမင်းအရှုပ်ထုတ်တွေကလာနွယ်နေလို့ငါ့မှာစောစောစီးစီးလိမ်လိုက်ညာလိုက်ရသေး ကြာရင်ကြားထဲကမင်းအစားငါလူရိုက်ခံထိတော့မယ်😡
ဟမ် အော် အဲ့ကြောင့်ဖေ့သားကြီးကဖုန်းတွေမခေါ်စဖူး10ကြိမ်တောင်ခေါ်ထားတာကို ဟားဟား
ဖေ့သားကြီးငါပြောထားသားဘဲလာနွယ်ရင်မင်းကြိုက်သလိုရှင်းလို့ရတယ်လို့ သူတို့မကျေနပ်လို့မင်းကိုထိမယ်ဆိုရင်ငါကလဲအထိခံမတဲ့လား ငါသာမင်းကိုစောင့်ကန်ချင်ကန်မယ် ထိုးချင်ထိုးမယ် ငါ့သယ်ချင်းကိုစကားလုံးနဲ့စော်ကားရင်တောင်ငါကကြိုက်တဲ့ကောင်မဟုဘူးဆိုတာကို မင်းကောင်းကောင်းသိပါတယ် ဟောက်ရွမ်း