(7)

56 6 0
                                    

Unicode

ဆယ်နှစ်ကြာ ဂူပိတ်လေ့ကျင့်ရာက
ထွက်လာတဲ့ ကျန်းလုံဝမ် ပထမဦးဆုံး
သွားသည့်နေရာက သွမ့်ဟိုင်မြို့ပင်။

သွမ့်ဟိုင်မြို့တွင် အပျော်အပါးနေရာ
ပေါများသော်လည်း ဘုရားကျောင်းက
တစ်ခုပဲရှိသည် ။
ထိုကျောင်းတော်တွင် သီတင်းသုဉ်းသည်မှာလည်း ထန်စန်းကိုယ်တော်တစ်ပါးသာရှိပြီး
ဆရာတော်ကို ကိုးကွယ်သည့်သူများတွင် ကျန်းလုံဝင်လည်းအပါအဝင်ပေ။

ရယ်တော့ရယ်စရာကောင်းသား
နဂါးပြည်က ရှစ်ဇွမ်းတို့ကိုတောင် နာခံ​စွာ
မဆက်ဆံခဲ့တဲ့ မသေမျိုးနဂါးအရှင်
ကိုယ်တော်မြတ်က မိစ္ဆာငယ်တစ်ကောင်ကိုပင် မနှိမ်နင်းနိုင်တဲ့ ဘာချီစွမ်းအင်မှ မရှိသော သေမျိုးဘုန်းတော်ကြီးကိုဆည်းကပ်နေတာ ။

အဘယ်ကြောင့်ဆိုသော် နဂါးအရှင်၏ ရှုပ်ထွေးပွေလီလှသော
စိတ်ပျက်ညည်းညူဖွယ်ကိစ္စရပ်များကြောင့်
ဖြစ်ပေါ်လာသည့် ရတက်မအေးမှုကို အေးချမ်းစေသည့် တစ်ခုတည်းသောနေရာမှာ ထန်စန်းကိုယ်တော်၏ ကျောင်းတော်
ဖြစ်နေတာကြောင့်ပင်။

ဆရာတော်က အရမ်းအေးချမ်းပြီးကြည်ည်ိုထိုက်သည့်သူမျိုးဖြစ်သည် ။
အသားမစား။ အသီးအနှံသာစားပြ်ိီး
ဓမ္မကျင့်စဥ်ကို ကျင့်သည် ။
ကိုယ်တိုင် လိုလိုလားလားနှင့် ရိုကျိုးစွာ
ဆက်ဆံသည့်သူမှာလည်း ထိုကိုယ်တော်တစ်ပါးသာရှိ၏ ။

ယခင်ကဆို  ကိစ္စတိုင်းကို ဒေါသတကြီး ​ပြုမူတတ်သည့် ငါကိုယ်တော်မြတ်ဟာ
ဆရာတော်နှင့်တွေ့ပြီးမှသာ ဒေါသတစ်ဝက်လောက် လျှော့ချနိုင်ခဲ့တာ။
ဒါတောင် လုံးဝဥဿုံ မဟုတ်သေး။
နဂါးတို့၏ အရှင်မြတ်ဟာ
မယုတ်မာတတ်ပေမယ့် အပိုင်လို့သတ်မှတ်ထားသည့်အရာကို လာထိရင်တော့ လုံးဝသည်းမခံတတ်တာ လောကတစ်ခွင်
အသ်ိပဲ မဟုတ်ပါလား ။

ဆရာတော်နှင့်တွေ့ဆုံပုံမှာ သူ့အတွက်တော့ ကံကောင်းလွန်းလှသည်။
နဂါးဘုရင်ရာထူးမရခင် မင်းသားငယ်ဘဝတုန်းက ချစ်မြတ်နိုးရသည့် စူးရင်းဟု အမည်ရသော နဂါးမလေးတစ်ယောက်ရှိသည် ။ နဂါးနန်းတော်၏ အပျိုတော်လေး။
သူနဲ့ဆို အဆင့်အတန်းချင်းက မိုးနဲ့မြေလို ။
မိဖုရားများစွာ ရှိသော်ငြား အခုထိ ချစ်မြတ်နိုးရသည့်မိန်းကလေးမှာ ထိုအပျိုတော်တစ်ယောက်တည်းသာ။

Possessive Where stories live. Discover now