(3)

132 23 2
                                    

Unicode

သွမ့်ဟိုင် မြို့ကြီး၏ မှောင်ရီပျိုးစချိန်မှာ
အရင်ကထက် ပိုမိုစည်ကားလျက်ရှိသည်
အကြောင်းမှာ လုဟွား အကအဖွဲ့၏ အလှဆုံးဟုဆိုနိုင်သည့် ကချေသည်ဖြစ်သော မုရန်မှ ကပြဖျော်ဖြေမည့်နေ့ဖြစ်သောကြောင့်ပင်

လုဟွားအဖွဲ့သည် ယခင်အချိန်များက နယ်မြေအနှံ့လိုက်လံ ကပြရသော
အဖွဲ့ဖြစ်ပေ၏
ယခုတွင်မူ သွမ့်ဟိုင်မြို့လို စီးပွားရေးကောင်းတဲ့ မြို့ကြီးတွင် အခြေတည်ဇာတ်ရုံထောင်ကာ ဖျော်ဖြေတော့သည်

အရင်ထဲက အခြားသူများနှင့်မတူ ထူးခြား
သည့် ကဟန်များကြောင့် လုဟွားအဖွဲ့သည် နာမည်ကြီးခဲ့ရာ သွမ့်ဟိုင်မြို့အထိ တကူးတက လာကြည့်သော နယ်ပေါင်းစုံမှ
လူများကြောင့် အရင်ကထက် လူစည်ကားလာသည်

လုဟွားအဖွဲ့ရှိ ကချေသည်များထဲမှ
မုရန်သည် နာမည်အကြီးဆုံးဟုဆိုရမည်
သူမအဖွဲ့၌ ဝင်ရောက်ဖျော်ဖြေရာမှစ၍
လုဟွား အဖွဲ့ကို ယှဥ်နိုင်သူမရှိဟုပင် ပြောရလောက်သည်အထိ သူမရဲ့ ကဟန်သည် ထူးခြားပြောင်မြောက်လှသည်

မုရန်ရဲ့ ပွဲတွေဟာ နာမည်ကြီးသလောက်
အဖိုးအခကလည်း မနည်းပေ
နောက်ပြီး တစ်လမှာ တစ်ကြိမ်ပဲ ဖျော်ဖြေတာကြောင့် ချမ်းသာသောသူကလည်း ချမ်းသာတဲ့အလျောက် ဆင်းရဲသောသူကလည်း ဆင်းရဲတဲ့ အလျောက် ရရာနေရာက
ကြည့်ကြ၏

"လှပတယ် ဆွဲငင်တယ် အန္တရာယ်လည်း
များတယ် "

"သူ့ကဟန်မှာ ယင်နဲ့ယန် တွဲနေတယ် နူးညံ့​ပျော့ပျောင်းနေရာကနေ ရဲရင့်ခက်ထန်တဲ့ဘက်ကို အသာလေးကူးသွားနိုင်တယ် "

အမှန်ပင် မုရန်၏ကကွက်များသည်
ပန်းလိပ်ပြာလေးလို ပျော့ပျောင်းနေရာမှ နဂါးတစ်ကောင်လို ကြမ်းတမ်းတတ်ပြန်သည်

"မုရန်ကို ယှဥ်နိုင်တဲ့သူ ရှိကိုလာမှာမဟုတ်ဘူး"

"တစ်လလုံး ရှာလို့ ရသမျှအကုန် မုရန်ရဲ့ ကပွဲ တစ်ပွဲနဲ့တင် ကုန်တာပဲ"

" ထမင်းကို အသားမပါဘဲ စားချင်စားရပါစေ မုရန်ရဲ့ ကပွဲဖိုးတော့ရအောင်ပေးပြီး
ကြည့်ရမှာပဲ "
စသဖြင့် စကားတွေက နေရာအနှံ့မှာ ပျံ့နှံ့လျက်ရှိ၏

Possessive Where stories live. Discover now