(2)

214 31 1
                                    

Unicode

အချိန်ကား ညနေမစောင်းတစောင်း။
သာမန်​လူများအနေဖြင့် တစ်နေ့တာ အလုပ်များပြီးမြောက်၍ ပင်ပန်းသမျှကို
ဖြေဖျောက်သည့်အချိန်တွင် ယွီမြို့လေး၏ စားသောက်ဆိုင် တစ်နေရာ၌။

"နဂါးမိစ္ဆာနှိမ်နင်းတဲ့ တိုက်ပွဲအကြောင်း​လေး
ပြောပြပါဦး ဦးလေး​ကျောင်းရေ "

ထိုလူငယ်ပြောလိုက်သည့် ဦးလေးကျောင်း
ဆိုသူမှာ အခြားသူမဟုတ် ယွီမြို့၏
အရှေ့ဘက်တွင်ရှိသည့် ချမ့်လုံတောင်ရှိ
ကျင့်ကြံသူများထံ တပည့်ခံခဲ့ဖူးသူဖြစ်သည်။
သို့သော် ပါရမီ မပါဘူးပဲ ပြောရမလား
မဖြစ်မြောက်တာကြောင့် တောင်အောက်ဆင်းပြီးသာ လုပ်ကိုင်စားသောက်နေရရှာ၏။

"ဟုတ်တယ် ပြောပြပါ "

"ပြောပြပါဗျို့"

"ပြောပြပါ"

တောင်းဆိုသူများကြောင့် စားသောက်ဆိုင်လေးဟာ ခဏချင်း ဆူညံသွားတော့သည်

"အိမ်း ပြောပြရမယ်ဆိုရင်
မင်းတို့သိတဲ့အတိုင်း နဂါးတွေက တန်ခိုးကြီးမားပြီး မိစ္ဆာလို့လဲ သတ်မှတ်လို့မရသလို
နတ်ဒေဝါလို့လဲ သတ်မှတ်လို့မရဘူး သူတို့က လူသားကျင့်ကြံသူနဲ့ မိစ္ဆာတွေထက်
အဆင့်မြင်ံ့ပြီး နတ်ဒေဝါတွေထက် အဆင့်နိမ့်တယ် ပြောရမှာပေါ့"

"အိုက်ယား အဘိုးကြီးကျောင်းကတော့
ဒါ​တွေက ကျုပ်တို့သိပြီးသားပဲကို လိုရင်းပဲပြောပါဗျာ"

"မင်းနားမထောင်ချင် မထောင်နဲ့
ဦးလေးကျောင်း ဆက်ပြောပါဦး "

"အေး ဟုတ်တယ် မင်းမကြိုက်ရင်
နားမထောင်နဲ့ "

"ကဲကဲ တော်ကြတော့ ငါဆက်ပြောမယ် နဂါးတွေက နတ်ဒေဝါတွေလောက် အဆင့်မမြင့်ဘူးဆိုပေမယ့် နဂါးအမြုတေအား များလွန်းတဲ့သူဆို နတ်ပြည်ကိုတောင် စိန်ခေါ်နိုင်တဲ့အထိ အင်အားကြီးကြတာကွ ဥပမာပေးရရင် နဂါးပြည်ရဲ့ဘုရင် ကျန်းလုံဝမ်လိုပေါ့ကွာ"

အခါးရေတစ်ခွက်ကို ယူသောက်ပြီးနောက်
ဦးလေးကျောင်းက ဆက်ပြောပြန်၏ ။

"လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကပေါ့
ငါက အားနည်းတဲ့သူမလို့ တိုက်ပွဲကို
မလိုက်ရပေမယ့် လိုက်သွားရတဲ့
တပည့်အကြီးတွေ ပြန်ပြောပြတာကွ
နဂါးဘုရင် ကျန်းလုံဝမ်နဲ့ သူ့ရဲ့ စစ်တပ်ကြီးရယ် တောင်သခင်တွေရယ် အကုန်စုပြီး နဂါးမိစ္ဆာ လျှိုရှန်းနေတဲ့ ​ဖူအန်းတောင်ကို
သွားတိုက်ကြသတဲ့ "

Possessive Where stories live. Discover now