Arc-1.10 သော်တာဇေ

1.1K 121 9
                                    

သုံးယောက်သား ကျောင်းဆင်းချိန် ရောက်လို့ ကျောင်းပေါက်ဝထိ အတူစကားတပြောပြောနဲ့ သွားလိုက်ကြတာ ဆိုင်ရာဆိုင်ရာ လာကြိုတဲ့သူတွေ ရောက်လာမှပဲ ရပ်လိုက်ကြသည်။

ဇေလည်း ကားပေါ်မျက်လုံးမှိတ် လိုက်သွားရင်း XiaoKong နဲ့ စကားစမြည်ပြော နေလိုက်သည်။

""XiaoKong ရေ ဒီနေ့ ဇာတ်လိုက်မနဲ့ ဖြစ်ပျက်သွားတာတွေ မင်းမြင်လိုက်ရတယ်မလား။အဲ့နောက် သူမ စံပယ့်ကို ဒီတိုင်းတော့ လွှတ်ထားမယ်မထင်ဘူး..တခုခုကြံလောက်မယ်။""

""ဟုတ်တယ် Host ဘယ်လိုလုပ်သိတာလဲ။သူမက K,Q,P,P ဝင် ပြိုင်မယ့်နေ့ နောက် ၃ရက်‌နေရင် စံပယ်နဲ့Hostကို မကောင်းမြင်ခံရအောင် လုပ်မလို့ ကြံနေတာ Host သတိထားပါနော်""

""အယ် ငါရောပဲလား?အေးလေ သူ့လမ်းကို ပိတ်နေမယ့် လူတွေ အကုန် ဖြုတ်ချင်နေမှာပေါ့။အဲ့နေ့ကျ ငါသတိထားပါ့မယ် မင်းရောပဲ တခုခုဆို ငါ့ကို သတိပေးဦးလေ။""

""ဟုတ် Host ကျွန်တော် အတတ်နိုင်ဆုံး လုပ်‌ဆောင်သွားပါ့မယ်။""ဆိုပြီး သူတို့ စကားပြောခြင်း ဒီမှာတင် ခဏရပ်သွားလေသည်။

""သခင်လေး အိမ်ရောက်နေပါပြီ။..သခင်လေး ...""

""အာ..ဟုတ် ကျေးဇူးပါ။""လို့ပြောပြီး ကားထဲကနေထွက်လာသည်။အိမ်ရောက်တော့ မေမေက ဧည့်ခန့်ထဲမှာ အအေးသောက်ရင်း တီဗွီကြည့်နေပြီး ဖေဖေ့ကိုတော့ မတွေ့ရလို့ အလုပ်ကနေ ပြန်မရောက်သေးဘူးလို့ သိလိုက်သည်။

""မေမေ သား ပြန်ရောက်ပြီ။""

""အေး သားလေး ခဏနား ရေချိုးပြီး ဆင်းလာခဲ့လေ။သားအဖေ ပြန်လာရင် ညစာစားကြစို့ ဟုတ်ပြီလား။""

""ဟုတ် မေမေ""ဆိုပြီး ဇေလည်း သူ့အခန်းဆီ သွားလိုက်သည်။ခဏနေတော့ ရေချိုးပြီး သက်သောင့်သက်သာ အဝတ်အစားဝတ်ထားပြီး စာလုပ်နေလိုက်သည်။ပထမဆုံးရက်ဆိုပေမယ့် အနည်းနဲ့အများတော့ စာသင် အိမ်စာပေးတာပဲလေ..အဲ့တော့ အိမ်စာပြီးအောင်လည်း လုပ်ပြီးရော ထမင်းစားချိန်လည်း ‌ရောက်တော့သည်။သူလည်း အောက်ဆင်း မိဘတွေနဲ့တူတူ ညစာစားရင်း စကားစမြည်ပြော နေလိုက်သည်။ပြီးနောက် သူလည်း သူ့အိပ်ခန်းဆီသို့ ပြန်သွားလိုက်သည်။

For My Spirit PowerWhere stories live. Discover now