Arc-1.13 သော်တာဇေ

1K 90 15
                                    

⚠️ A Tiny Warning ⚠️

အချိန်အနည်းငယ် ကြာအောင် ကားမောင်းပြီးနောက် သွင်ထူးနောင် အိမ်ရဲ့ ခြံ‌ပေါက်ဝ ရှေ့ကို ကားရောက်သွားတော့သည်။ကားက ခြံရှေ့ရပ်တာနဲ့ အလိုလိုပွင့်လာတဲ့ ခြံဝင်းတံခါးပေါက်ကနေ သစ်ပင်ပန်းမန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဥယျာဉ်ကြီးကို ဖြတ်ပြီး ခမ်းနားကျယ်ဝန်းတဲ့ အိမ်ကြီးဆီရောက်မှပဲ စက်သတ်သွာတော့သည်။

ခြံထဲ ကားနဲ့ ဖြတ်ဝင်လာတဲ့ တစ်လျှောက်လုံး ဇေ ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။အရမ်းလှပသပ်ရပ်ပြီး အဆင့်အတန်းမြင့်တဲ့ အိမ်ကြီးနဲ့ လိုက်ဖက်စွာ ခြံထဲတွင်လည်း သစ်ပင်ပန်းမန် တို့ကလည်း စုံလင်စွာ ရှိနေတာကို မြင်ရတာ အမောပြေရသည်။

ဒုဇာတ်လိုက်တို့ ချမ်းသာတာကို ဇာတ်ကြောင်းကို ဖတ်ထားတော့ သိပေမယ့် တကယ်ကိုယ်တွေ့ မြင်ရတော့ ပိုချမ်းသာကြောင်း သိရတော့သည်။

**တကယ်ကို Sugar Daddy typeကြီး အဟီး ဒီပုံစံတိုင်းဆို ငါလေး ဘာအလုပ်မှ လုပ်စရာမလိုတော့ဘူး။အေးဆေး ဇိမ်နဲ့ နေရုံပဲ။ဒါကြောင့်မို့ ဇာတ်လိုက်မက အတင်းကပ်နေတာကိုး ဇာတ်ကြောင်းထဲမှာလည်း သူမက ဇာတ်လိုက်ကို ရွေးသွားပေမယ့် ဒုဇာတ်လိုက်ရဲ့ ငွေတွေကိုလည်း အလွတ်မပေးဘူး။**

"*Host ‌ဘေးပတ်ဝန်းကျင်ကိုလည်း အာရုံစိုက်ပါအုံး။Hostဘဲကြီးက တလမ်းလုံးလည်း မျက်နှာကြီး မဲမှောင်‌နေတာကို အခုလည်း အတွေးတွေ ပျံ့လွင့်နေပြန်ပြီ။အစားခံရမှာ မကြောက် ဘာကြောက်နဲ့။*"

XiaoKong ပြောမှပဲ သူ သူ့ဘေးနားက ဘဲကြီး အယ်..မှားလို့ နောင့်ဆီကို အာရုံပြန်စိုက်မိသည်။နောင်က အခုထိ ကားပေါ်က မဆင်းသေးပဲ နေနေတာကို မြင်တော့ သူစကားစလိုက်သည်။

""နောင် ဘာလို့မဆင်းသေးတာလဲဟင်။နောင် ..နောင်လို့.. စိတ်ဆိုးနေတာလား။စိတ်မဆိုးပါနဲ့နော်။ ဇေက တကယ်တော့ နောင့်ကို လျစ်လျူရှု ထားတာ မဟု  အွတ်. ... အွင့်.....အင်းး...""

ရုတ်တရက်ကြီး နမ်းလာတဲ့ နောင်ကြောင့် ပြောနေတဲ့ စကားတို့ ပျောက်ရှသွားရတော့သည်။နှုတ်ခမ်းကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်နမ်း‌နေရင်း ဝင်ခွင့်တောင်း‌နေတဲ့ လျှာကြီးကို သိပေမယ့် တမင်မဖွင့်ပေးပဲ နေတော့ စူးခနဲဖြစ်သွားတဲ့ ‌အောက်နှုတ်ခမ်းသားကြောင့် ဟသွားတဲ့ နှုတ်ခမ်းအတွင်းကို နေရာအနှံ့ စူးစမ်းလှည့်ပတ် ဝင်ရောက်လာပြီး လျှာအချင်းချင်း နေရာလုတိုက်ပွဲဝင်ရင်း ‌နောက်ဆုံးတော့ နောင်က အနိုင်ရပြီး ဦးဆောင်သွားတဲ့ အနမ်းကြမ်းတို့ကို စီးမျော ခံစားနေလိုက်သည်။

For My Spirit PowerWhere stories live. Discover now