Arc-1.9 သော်တာဇေ

1.2K 131 7
                                    

ဇေတို့ ကန်တင်းရောက်တော့ မှာစရာရှိတာမှာပြီး စားသောက်နေလိုက်၊စကားပြောလိုက်ကြတာ နာရီဝက် လောက်ကြာသွားသည်။သုံးယောက်လုံး မေဂျာမတူတော့ ခွဲသွားရသည်။

တောင်ဘက်တွင် ပန်းချီမေဂျာဆောင်၊ အနုပညာ‌‌မေဂျာဆောင်နဲ့ ဖက်ရှင်ဒီဇိုင်းမေဂျာဆောင်ရှိပြီး တစ်ဆောင်စီသာ ခြားသည်။ မြောက်ဘက်အဆောင်တွင် စီးပွားရေးမေဂျာ ရှိပြီး စာရင်းအင်းမေဂျာကလည်း တစ်ဆောင် ခြားတွင် ရှိနေသည်။

ဇာတ်လိုက်မက စာရင်းအင်းမေဂျာမှာ ရှိမှာမို့  ဇေက စံပယ့်ကို ခန့်ထက်ကို အတန်းထဲထိ လိုက်ပို့ပေးရန် အကြံပေးတော့သည်။ရှော့ခ်ရှိတယ်လေ ဇာတ်လိုက်မရှော့ခ်..

ဇာတ်လိုက်တို့ နှစ်ယောက်ထဲ မတွေ့ဖြစ်အောင် နောက်ပြီး ဇာတ်ကြောင်းထဲမှာ ဇာတ်လိုက်က ကားဘီးပေါက်လို့ ကျောင်းနောက်ကျနေချိန် ဇာတ်လိုက်မက မေဂျာအခန်းရှာမတွေ့လို့ ကျောင်းနောက်ကျနေတာနဲ့ ဆုံမိသွားတာဖြစ်သည်။

အခုက အတန်းစဖို့ ၁၅မိနစ်ကြီးတောင် လိုသေးတယ်လေ..အဲ့၁၅မိနစ်အတွင်း စံပယ် ခန့်ထက်ကို အတန်းထိ သေချာလိုက်ပို့ပေးပြီး သူမမေဂျာဆီ အချိန်မီ ပြန်လာနိုင်သေးတယ်လေ...

စံပယ်တို့ကလည်း သူ့အကြံပေးတဲ့အတိုင်း လုပ်ကြသည်။ခန့်ထက်တစ်ယောက် ဘယ်ကတည်းက စံပယ်နဲ့ နှစ်ယောက်ထဲ နေချင်နေတာလဲမသိ..သူ့အကြံကို ပြောပြီးပြီးချင်း ချက်ချင်းကြီး သူ့ကိုနှုတ်ဆက်ပြီး စံပယ့်လက်ကိုဆွဲခေါ်ပြီး ထွက်သွားလေသည်။

သူလည်း သူ့မေဂျာဆီသွားရန် လှည့်အထွက် လူတစ်ယောက်နဲ့ တိုက်မိပြီး နောက်လန်ကျခါနီး ထိုလူကပဲ သူ့ခါးကို လှမ်းဆွဲလိုက်ပြီး ဖမ်းလိုက်သည်။နှစ်ယောက်သား မျက်လုံးချင်း ခဏတာဆုံမိသွားတော့ သူ့ရင်ထဲ တမျိုးကြီးဖြစ်သွားတာကို သတိထားမိသည်။

ထိုလူ့ရဲ့ ချိုမြမြပျားရည်အနံ့က သူ့နှာခေါင်းထဲ ရောက်လာချိန်မှာ ရင်းနှီးနေတဲ့အနံ့လို့ ခံစားရစေတာကို သိလိုက်သည်။ဒီလူ ဘယ်သူလဲ?ဘာကြောင့် ငါသူ့ကို ရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ?မေးခွန်းပေါင်းများစွာ သူ့ခေါင်းထဲတွင် ဝင်ရောက်လာတော့သည်။

For My Spirit PowerWhere stories live. Discover now