"အိပ်မက်တို့ဖြင့်စတင်ခဲ့သည်"(1)

50 1 0
                                    

"အိပ်မက်တို့ဖြင့် စတင်ခဲ့သည်"
အပိုင်း(၁)

ငယ် တက္ကသိုလ် ပထမနှစ်....
ငယ်က နယ်ကနေ ရန်ကုန်ကိုကျောင်းလာတက်တဲ့ ကျောင်းသူတစ်ယောက်ပါ.....
ရန်ကုန်မှာ အမျိုးတွေလည်းမရှိ‌၊ အလည်တစ်ခေါက်နှစ်ခေါက်ပဲ ရောက်ဖူးတာမို့ ရန်ကုန်မြို့နဲ့ အကျွမ်းတဝင်မရှိလှပါ....
အရင်တည်းကလည်း လူကြောက်တတ်တာမို့ ရန်ကုန်ရောက်တော့လည်း အပြင်လည်းသိပ်မထွက်ဖြစ်... အဆောင်မှာပဲ အချိန်ကုန်တာများသည်။ လိုအပ်တာလေးရှိမှ ကျောင်းနားက ဈေးထဲ သူငယ်ချင်းတွေနဲ့ အတူသွားဖြစ်သည်။ငယ့်လို သာမန်နယ်မြို့လေးကနေ  ရန်ကုန်မြို့ကြီးပေါ်မှာတက္ကသိုလ်လာတက်ရတော့ အသစ်အဆန်းတွေအများကြီး ကြုံတွေ့ရတာတော့အမှန်ပါ... နယ်မှာဆို တစ်ခုခုဖြစ်ရင် မိဘမောင်နှမရှိသေးသည်။ ရန်ကုန်ရောက်တော့ မတူတော့ပေ...ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရသည်။ ရန်ကုန်ရောက်မှ အမြင်တွေပိုကျယ်လာခဲ့တာတော့အမှန်ပါ....

  ငယ်က ဝတ္ထုဖတ်ရသည်ကိုအလွန်ကြိုက်ပါသည်။ ဝတ္ထုတွေထဲမှာ တက္ကသိုလ်အကြာင်းပုံဖော်ရေးသားခဲ့တာများ ပါခဲ့ရင် ပို၍ သဘောကျသည်။ ဝတ္ထုထဲမှာပဲဖတ်ဖူးတဲ့ Fresher Welcome , Fan Fair စတဲ့ festivalတွေ၊ အထက်တန်းကျောင်းတုန်းက မလုပ်ခဲ့ဖူးသည့် Activities တွေ၊Teamတွေမှာ ပါဝင်ဖူးချင်သည်။ ငယ် တက္ကသိုလ် တက်ချင်ရသည့်အကြောင်းအရင်းထဲမှာ ထိုအရာတွေက အဓိကဖြစ်ခဲ့သည်။

  ငယ် တက္ကသိုလ်တက်ရတော့ အရင်ထဲက ဝါသနာပါခဲ့သည့် Table Tennis Clubကို joinဖြစ်ခဲ့သည်။Table Tennis Clubထဲမှာ ငယ်တို့ ပထမနှစ်တွေထဲက တော်တော်များပါသည်။အသင်းထဲမှာ တခြား second year , Third year, Final အကုန်ပေါင်းမှ ငယ်တို့ first yearလူဦးရေနှင့်ညီသည်။ ငယ်တို့ တက္ကသိုလ်က ဆေးဘက်ဆိုင်ရာတက္ကသိုလ်တစ်ခုဖြစ်တာကြောင့် စာများတာကြောင့်‌လည်းပါမည်ထင်သည်...အားကစားတွေ trainပေးဖို့ကို တက္ကသိုလ်အောင်မြင်ပြီးသည့် ဘွဲ့ကျောင်းသားကျောင်းသူတွေကပဲ ကူညီပြီး ပြန်သင်ပေးကြသည်။ ငယ်တို့ Tennis အတွက်လည်း မနှစ်က ဘွဲ့ရထားတဲ့ အစ်ကိုကြီးနှစ်ယောက်လာသင်ပေးမယ်လို့ ပြောထားသည်။ ငယ် Table Tennis‌မဆော့ဖူးပေမယ့် စိတ်ဝင်စားတာကတစ်ကြောင်း၊ တစ်ခါမှ ဒီလို sport clubတွေ teamတွေမှာ မပါဝင်ဖူးတာကြောင့် ရင်လည်းခုန်ပြီး စိတ်လှုပ်ရှားနေမိသည်။
......

အိပ်မက်တို့ဖြင့် စတင်ခဲ့သည်Where stories live. Discover now