"အိပ်မက်တို့ဖြင့် စတင်ခဲ့သည်"
အပိုင်း(၂)"Okကွာ ဒါဆို ဒီနေ့က စပြီး ကိုယ်တို့ သူငယ်ချင်းတွေလုပ်ကြမယ်"
ကိုDayက ပြုံးပြီး ဘယ်ဘက်လက်ဖဝါးကမ်းပေးလာသည်။
ငယ်လည်း ကြောက်တောင်တောင်နှင့်ပင် ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်မိသည်။ ကိုDayကတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသည်။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲ ငယ်မသိပေမယ့် ကိုDayအပြုံတွေမြင်ရတဲ့ တခဏ အရာအားလုံးမေ့သွားမိပါသည်။ တင်းထားတဲ့စိတ်ခံစားချက်တွေရော၊ တာဝန်တွေရော ဘာကိုမှ သတိမထားမိတော့ပါ။
.......
ထိုနေ့ကစပြီး ကိုDayကိုတွေ့ရင် အရင်လို ရှိန်မနေတော့ပဲ နည်းနည်းပိုရင်းနှီးလာသည်ဟုထင်ပါသည်။ ကိုDayကလည်း ငယ့်အပေါ် ညီမလေးတစ်ယောက်လို ကြင်ကြင်နာနာဆက်ဆံပါသည်။ငယ်တို့ first semပြီးကျောင်းပိတ်ရက် အိမ်ပြန်ဖို့ မေမေတို့က
ရန်ကုန်ထိ လာမကြိုနိုင်တာကြောင့် ငယ် တစ်ယောက်ထဲပြန်ရမည်ဖြစ်သည်။ ဒါကို ကိုDayသိသွားပြီး... ကားဂိတ်ဆင်းတော့ ကိုယ်တိုင်လိုက်ပို့ပြန်သည်။ ငယ်က ကားမူးတတ်သည်ကို ကိုDayဘယ်လိုသိသည်မသိ...လိုက်မပို့ဖို့ အတန်အတန် ငြင်းပေမယ့် စိတ်မချလို့ဆိုကာ ကားဂိတ်ထိအတင်းလိုက်ပို့ပြီး ကားမထွက်မချင်းစောင့်နေပေးပြန်သည်။ ကားမထွက်ခင်ထိလည်း တစ်ခုခုဆိုဖုန်းဆက်ဖို့ တဖွဖွမှာပြန်သည်။ မုန့်တွေလည်းအတင်းထည့်ပေးပြန်သည်။ ကားမူးရင်သောက်ဖို့ ဆေးတွေရော ရှူဆေးတွေရော ပေးလာသည်။
"ငယ်က အပြန်ဆိုမမူးဘူး ကိုDay အဲ အစ်ကိုနေ့စွဲရဲ့ ဟီးဟီး"
"ကိုယ်က စိတ်မချလို့ပါ ငယ်ကတစ်ယောက်တည်းပြန်ရမှာ မတော် ကားမူးရင်ဘယ်လိုလုပ်မလဲ ပြီးတော့ တစ်ယောက်တည်း ကားလည်းအကြာကြီးမစီးဖူးဘူးမလား"
"အဲ့တာတော့ဟုတ်တယ်"
ငယ်ကသာအိမ်ပြန်ရတော့မှာမို့ ပြုံးပျော်တက်ကြွနေပေမယ့် စိတ်ထင်လို့လားပဲ ကိုDayမျက်နှာလုံးဝမကောင်းပါ...
"ဟို ကိုDay အဲ အစ်ကိုနေ့စွဲ ပြန်ရင်ပြန်တော့လေ ကားလည်းထွက်တော့မှာ ကားဂိတ်ထိလိုက်ပို့ပေးလို့ကျေးဇူးပါရှင့်"
"ကိုDayလို့ပဲခေါ်ပါ ငယ်"
"ရှင်.."
"ကိုDayလိုပဲခေါ်ပါ အဲ့တာကပိုပြီး ရင်းနှီးသလိုခံစားရလို့"
"ဟုတ်ကဲ့ ကိုDay"
ငယ် ကိုDayသတိထားမိသွားတာကို နည်းနည်းတော့ရှက်မိပေမယ့် စိတ်မဆိုးဘဲ ကိုDayလို့ခေါ်ခွင့်ပြုတာကို တကယ်ပျော်မိပါသည်။
ကိုDay မျက်နှာမကောင်းတာကြည့်ပြီး ငယ်လည်း ခုမှဝမ်းနည်းလာသလိုလို....
" "ရန်ကုန်-လွိုင်ကော် ခရီးသည်တွေ ကားပေါ်နေရာယူလို့ရပါပြီခင်ဗျ ရန်ကုန်-လွိုင်ကော်ခရီးသည်တွေ" "