"အိပ်မက်တို့ဖြင့် စတင်ခဲ့သည်"
အပိုင်း(၃)အစပျိုးဖို့ အားယူနေတဲ့ ချစ်ခြင်းမေတ္တာတွေက အရှိန်မရခင်လေးတင် ရိုက်ချိုးခံခဲ့ရပါပြီ။ မခိုင်ခံ့သေးတဲ့ အိမ်မက်ကမ္ဘာကလည်း လေနှင်ရာ ကွဲလွင့်ခဲ့ပါပြီ... စွဲလမ်းခြင်းတို့သည် မျက်ရည်များနဲ့သာ အသက်ဝင်လေသလား....
.....
အဲ့သတင်းကြားပြီးနောက်ပိုင်း ငယ် ကိုDayနဲ့မတွေ့ဖြစ်ပါ။ ကိုDayလည်း အရင်လိုMessengerကနေ စကားတွေလာမပြောတော့။ Tutorial Testတွေရှိတာကြောင့်ရော၊ စိတ်ရှုပ်ထွေးတာတွေကြောင့်ရော ငယ် စာမေးပွဲဖြေပြီး ဖျားခဲ့သည်။ messengerကနေ ကိုDayစာတွေ ပို့ပေမယ့် ငယ်တစ်ခုမှ replyမပြန်ခဲ့။ အိပ်ရာထဲသာ ခွေလှဲနေပြီး ဘာမှလည်းမစားဖြစ်။ နောက်နေ့ စနေကျောင်းပိတ်တော့ သဲက မရရအောင် ဆေးတွေအတင်းတိုက်ပြီး အစားအတင်းစားခိုင်းတာကြောင့် နည်းနည်း ပြန်ကောင်းလာသည်။ ခေါင်းမူးနေပြီး အဖျားငွေ့ငွေ့ကျန်သေးသည်။
ညနေရောက်တော့ သဲက ငယ့်ကို ထမင်းစားရင် လေကောင်း လေသန့် ရှူရအောင်ဆိုကာ အတင်းခေါ်ဆင်းလာပြန်သည်။ ငယ်လည်း ဆက်ငြင်းမနေတော့ဘဲ သဲခေါ်ရာသာလိုက်ပါလာသည်။
ကန်တင်းရောက်တော့ ငယ်တို့ ဝရံတာဘက်မှာပဲထိုင်ကြသည်။ ကန်တင်းအပြင်ဘက်ကနေဆို Tennisခန်းကို မြင်ရသည်။ Tennisအကြောင်းတွေးမိတော့ ကိုDayကို သတိရမိသည်။
ကိုDayအေကြာင်းတွေးမိတော့ ရင်ထဲ ဝမ်းနည်းစိတ်တွေက လှိုင်တက်လာပြန်သည်။
"ငယ် နင်နေမကောင်းဘူးဆို"
ငယ် မော့ကြည့်လိုက်တော့ ငယ့်သူငယ်ချင်း အောင်။ အောင်နဲ့က ငယ်တို့ presentationလုပ်ရတုန်းက ခင်ခဲ့တာဖြစ်သည်။
"ကောင်းပါပြီ အောင်ရဲ့"
"ဟုတ်လို့လား နင့်ကို ကြည့်ရတာ ဖြူဖတ်ဖတ်နဲ့ မှန်း"
အောင်က ပြောပြီး ငယ့်နဖူးကိုလာစမ်းသည်။
"အမလေး တော်စမ်းပါ First yearတောင် မအောင်သေးဘူး ဆရာကြီးစတိုင်နဲ့ လေသံက"
"ဟာ ငယ်! ငါက ဆယ်တန်းပြီးတည်းက ဆေးပညာကို ကျွမ်းကျင်နေပြီသား"
"အော် ပါရမီရှင်ကြီးပေါ့ "
"ဒီလိုပါရမီရှင်ကို တွေ့ခွင့်ရတာဝမ်းသာလိုက်တာရှင်"
"ဟား ဟား ဟားးး"
စကားကို ရွှီးရွမ်းပြောကာ ဆရာကြီးစတိုင်ဖမ်းတတ်သည့် အောင့်ကို ငယ်တို့ကလည်း အကျောမခံ အမြဲပြန်စပါသည်။ သူကလည်း ငယ်တို့စတာကို ဘယ်လိုမှသဘောမထား..ရွှီးမြဲ ရွှီးဆဲ...
အောင်ရောက်လာတော့ ငယ်တို့နဲ့ပဲ တစ်ဝိုင်းထဲပဲ အတူစားသည်။ ငယ်ကတော့ ကောင်းကောင်းနေမကောင်းသေးတာကြောင့် ကြက်သားsoupကို တို့ကနန်းဆိတ်ကနန်းတာစားပြီး အောင်နဲ့သဲ ပြောသမျှ ထိုင်ရီနေသည်။ သူတို့နှစ်ယောက်က တော်တော်လေးလည်း လိုက်ပါသည်။ တစ်ယောက်က အာရွှီး၊တစ်ယောက်က အကျောမခံ ပြန်ပြော။
ခဏကြာတော့ သဲတို့ထမင်းစားမပြီးသေးခင် ငယ်ခေါင်းမူးလာသလိုရှိတာကြောင့် အရင်ထပြန်ခဲ့လိုက်သည်။ ပင်မဆောင်ရှေ့ဖျက်လျှောက်ရင်း Tennisခန်းနားရောက်တော့ ရုတ်တရက် ငယ့်လက်ကို ဆွဲခံလိုက်ရသည်။
"အမေ့"
ကြည့်လိုက်တော့ ကိုDayဖြစ်နေသည်။ ငယ်တကယ်ကို လန့်သွားရသည် ။ မပြောမဆိုနဲ့ လူကို ရုတ်တရက်လှမ်းဆွဲရလား။
"ဘာလုပ်တာလဲ ကိုDay"
ငယ် အခုမှသေချာကြည့်မိတော့ အခန်းထဲ ငယ်တို့နှစ်ယောက်တည်း။ ကိုDayပုံစံကြည့်ရတာလည်း ဒေါသတွေထွက်နေသလို။
ဘာလို့လဲ.....ကိုDay ဘာတွေဖြစ်နေသည်လဲ...
"ငယ် ဘာလို့ စာမပြန်တာလဲ"
"ငယ် မအားလို့"
"မအားဘူး?? ကိုယ့်စာလေးပြန်ရတာ အဲ့လောက်အလုပ်ရှုပ်သလား"
"....."
"ငယ် ကိုယ်မေးတာ ဖြေလေ"
ငယ် ဘာမှပြန်မပြောဘဲ ခေါင်းသာ ငုံနေမိသည်....
ရုတ်တရက် ကိုDay ငယ့်မျက်နှာကို မေးစေ့ကနေ အသာစွဲမော့လိုက်သည်။ ဘာလို့ဒီမျက်ဝန်းတွေကို ငယ်စွဲလမ်းခဲ့မိတာလဲ...
"ဖြေလေ ငယ်"
"ငယ်က ဘာကိုဖြေရမှာလဲ
ငယ်ပြန်တော့မယ်"
ပြောပြီး ငယ်အတင်းရုန်းကာပြေးထွက်လိုက်သည်။ ခြေငါးလှမ်းတောင်ပြည့်အောင်မလှမ်းလိုက်ရ....လက်မောင်းကနေ ဆွဲလှည့်ခံလိုက်ရပြီး ကျောနဲ့ နံရံနဲ့ ကပ်သွားရသည်။ ကိုDay လက်တွေက
ငယ့်တစ်ဖက်တစ်ချက်ဆီမှာ ပြေးမရအောင် ထောက်ထားပြီး မျက်ဝန်းတွေက ခပ်စူးစူးစိုက်ကြည့်နေပြန်သည်။ ငယ့်မှာသာ ကြောက်တာရော ၊ ရှက်တာရော ပေါင်းပြီး ကိုယ်ကိုအသာကျုံ့ထားမိသည်။
"ငယ် ကိုယ့်ကိုစိတ်တိုအောင်မလုပ်နဲ့နော်"
ငယ် ကိုDay ဒီလိုလေသံနဲ့စကားပြောတာ တစ်ခါမှမကြားဖူးပါ။ ဒေါသတွေကို ချုပ်တည်းထားတာကြောင်းလားမသိ အသက်ရှူသံ ပြင်းပြင်းကိုတောင် ကြားနေရသည်။ စိတ်ထဲမှာတော့ကြောက်နေပြီဖြစ်ပေမယ့် ငယ် ကိုDayကို စိတ်လည်းတိုချင်လာပါသည်။ဘာလို့ လူကိုအတင်းအကြပ်ချုပ်ကာ စိတ်ဆိုးဒေါသထွက်ပြနေရသည်လဲ။
"ငယ် ကိုDayကို ဘာလုပ်လို့လဲ?
ဖယ်ပေး လွှတ် ငယ်သွားတော့မယ်လို့"
"အဲ့ကောင်က ဘယ်သူလဲ"
"ဘာလဲ ဘယ်သူ့ကို ပြောနေတာလဲ"
"ကန်းတင်းမှာ ငယ့်နဖူးကို စမ်းနေတဲ့ကောင်လေကွာ တောက်!"
ပြောရင်း ဒေါသဖြစ်ကာ တောက် ခေါက်ပြန်၏.....
"အောင်လား?? အောင်က ငယ့်သူငယ်ချင်း"
"အောင်?? နာမည်တွေ အဖျားဆွတ်ခေါ်ရတဲ့အထိ ငယ်တို့က ရင်းနှီးနေတာလား ဟမ်!"
"ဘာလို့လဲ သူများတွေလည်း ဒီလို့ပဲ ခေါ်နေကြတာပဲ"
"မခေါ်ရဘူး ငယ် မခေါ်ရဘူး"
ဟာ.. ဘာလို့ ကိုDay ဒီစကားတွေ လာပြောနေတာလဲ။ အောင်က ငယ်တို့ထဲ အားကိုးရတဲ့သူငယ်ချင်းဖြစ်တာကြောင့် ငယ် သူ့ကို တကယ်ခင်ပါသည်။ ဒါကြောင့်
"ဘာလို့လဲ ငယ့် သူငယ်ချင်းကို ငယ်ခေါ်တာပဲ ကိုDayနဲ့ ဘာဆိုင်လို့လဲ"
"ဘာဆိုင်လို့လဲ ဟုတ်လား? ဆိုင်တယ်ကွ! ငယ်မဆိုင်ပေမယ့် ကိုယ့်ဘက်ကဆိုင်တယ်"
"ကိုDay ဖယ် လွှတ် ငယ်ပြန်တော့မယ်.. အဆောင်တံခါးပိတ်တော့မှာ လွှတ်"
ငယ် ကိုDay ဆက်ပြောမယ့်စကားတွေကို ဆက်မကြားချင်တာကြောင့် အတင်းရုန်းကာ သွားဖို့ ကြိုးစားသည်။ မရ...ငယ် အတင်းရုန်းပေမယ့် ကိုDayက တစ်ချက်လေးတောင် နောက်ဆုတ်မသွား... နေမကောင်းထားတာရော၊ ခေါင်းမူးနေတာကြောင့်ပါ လူကအားမရှိချင်။ အတင်းရုန်းပေမယ့်မရ။ ကိုDayက ငယ့်ကိုငုံမိုးကာ စူးစိုက်ကြည့်နေပြန်သည်။ ငယ်ကတော့ ရုန်းမြဲရုန်းဆဲ...ရုတ်တရက်
"ငယ်... ကိုယ် ငယ့်ကိုချစ်တယ်"
"ဟင်"
ငယ် ကိုDayကို တအံ့တဩမော့ကြည့်မိသည်။ ကိုDay ဘာတွေပြောနေတာလဲ ငယ်နားကြားမှားတာများလား?
"ချစ်တယ် ငယ် ကိုယ်မင်းကို ချစ်တယ်
ကိုယ် အချိန်တွေထပ်ပြီး မစောင့်ချင်တော့ဘူး"
ပြောရင်း ငယ့်ပုခုံးပေါ် မှီချလာပြီး ဘေးမှာ ထောက်ထားတဲ့လက်တွေက ငယ့်ကို ခါးကနေ သိမ်းကျုံးပွေ့ဖက်ထားသည်။ ငယ် ရင်တွေခုန်လွန်းတာမို့ အသက်ရှူဖို့တောင် မေ့နေပြီထင်ပါသည်။ ကိုdayက ငယ့်ကို ချစ်သည်တဲ့။ ငယ်ဘာပြန်ပြောရမလဲ။ ပန်းနဲ့စေ့စပ်ထားတယ်ဆိုတာကရော...ကိုDayက ငယ့်ကိုတကယ်ချစ်တာလား။ ငယ့်ကိုကစားချင်တာလား ။ ခေါင်းထဲ အတွေးပေါင်းစုံရှုပ်ထွေးကာ မေးခွန်းတွေ တစ်ခုပြီး တစ်ခုဆက်နေသည်။ ကိုDayက ခေါင်းပြန်မော့လာပြီး ငယ့်မျက်ဝန်းတွေကို စူးစိုက်ကြည့်ပြန်သည်။
"ငယ် ကိုယ့်ကို ချစ်သလား"
"ငယ် ငယ် မသိဘူး"
"အင်း ဟုတ်ပြီ ကိုယ်စောင့်မယ် ငယ်ပြန်ချစ်လာမယ့်နေ့ကိုယ်စောင့်မယ်"
"ကိုDayမှာ စေ့စပ်ထားတဲ့သူရှိရက်နဲ့ ဘာလို့ ငယ့်ကို ချစ်တယ်လို့ပြောရတာလဲ"
ငယ် မေးရင်း မျက်ရည်တွေကျလာသည်။
"စေ့စပ်ထားတဲ့သူ?? ဘယ်သူလဲ ကိုယ်က ဘယ်သူနဲ့ စေ့စပ်ထားလို့လဲ"
"ဟင် ပန်းလေ ကိုDay ပန်းနဲ့ စေ့စပ်ထားတယ်မလား"
"ဟာ မဟုတ်တာ ငယ်ရယ်
ကိုယ်ဘာမှမသိဘူး ကိုယ်ဘယ်သူနဲ့မှ မစေ့စပ်ထားဘူး"
"ဒါဆို ပန်းက ဘာလို့အဲ့လိုပြောမှာပဲ ပန်းကလိမ်ပြောတတ်တဲ့သူမဟုတ်ဘူး"
"ဒါဆို ငယ်က ကိုယ်လိမ်ပြောတယ်လို့ ထင်နေတာလား"
"......"
"ငယ် ကိုယ့်ကို ကြည့်
ကိုယ် ငယ့်ကိုပဲ ချစ်တယ် ကိုယ် စတွေ့တည်းက ငယ့်ကိုသဘောကျခဲ့တာ ကိုယ်အချိန်တွေအကြာကြီးစောင့်နေတယ်ဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်.... ပြီးတော့ ကိုယ် ငယ့်အပေါ် အခွင့်အရေးယူတယ်ဖြစ်မှာစိုးလို့"
ကိုDay ငယ့်ကိုတကယ်ချစ်ခဲ့တာလား? ငယ် ကိုDayကို တကယ်ယုံသင့်ရဲ့လား? ပန်းကရော ဘာလို့အဲ့လိုပြောတာလဲ? ကိုDayလိမ်ပြောနေတာလား?ငယ့်စိတ်ထဲ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနေပြန်သည်။
"ငယ် ကို့ယ်ကို ယုံလား"
"မသိဘူး"
"ဒါဖြင့် ကိုယ့်ကိုချစ်သလား"
"ငယ် စဉ်းစားအုံးမယ်"
"အင်း ဟုတ်ပြီ ငယ့်ဆီက ဒီအဖြေရတာနဲ့တင် ကိုယ်ကျေနပ်ပြီ၊
သေချာစဉ်းစားပြီး ချစ်တယ်လို့သာပြန်ဖြေ ဟုတ်ပြီလား"
"ဟာ ကိုDayက လူလည်ကြီးပဲ"
"ဟား ဟား ဟားး"
ကိုDayက သဘောတကျရီတော့ ငယ်လည်း မျက်ရည်ကြားက လိုက်ပြုံးမိသည်။ ကိုDayက ငယ့်ပါးပေါ်က မျက်ရည်တွေကို လက်မနဲ့ဖွဖွ သုတ်ပေးသည်။ တစ်စက္ကန့်....နှစ်စက္ကန့်...သုံးစက္ကန့်...အကြည့်ချင်းဆုံနေခဲ့ပြီး ငယ့်နဖူးထက် နွေးခနဲ။ ငယ်ရင်တွေခုန်လွန်းလို့ ကြောင်အနေမိသည်။ ကိုDayကတော့ ငယ့်ကို ရင်ခွင်ထဲ ကလေးတစ်ယောက်လို ပြန်ထွေးပွေ့ထားသည်။အဲ့နေ့ည ငယ်ရင်တွေခုန်လွန်းလို့ အိပ်မပျော်ပါ။
......
အဲ့ဒီနောက်ပိုင်း ငယ်တို့ Test-2စာမေးပွဲရှိတာကြောင့် သိပ်မတွေ့ဖြစ်ပါ။ကြားထဲ တွေ့ရင်လည်း အဲ့ဒီနေ့ကအကြောင်းအရာတွေကို ကိုDayရော ငယ်ပါ စကားမစဖြစ်ကြ။ ကိုDayကတော့ ကျောင်းကန်တင်းကို အမြဲလာသည်။ အပတ်တိုင်း မုန့်တွေဝယ်ဝယ်လာပြီး ဖူးနဲ့ ထည့်ပေးပြန်သည်။ ငယ်အတင်းငြင်းလွှတ်လျှင် ကိုယ်တိုင်ရောက်ချလာပြီး စိတ်ဆိုးသလိုဟန်ဆောင်ကာ မုန့်တွေ အတင်းထိုးပေးသွားတတ်သည်။
ခုနှစ်လပိုင်း ငယ်တို့ Test-2 ဖြေတဲ့နောက်ဆုံးနေ့က ငယ့်မွေးနေ့ဖြစ်နေသည်။ ကိုDayက ငယ့်ကို စာမေးပွဲပြီး ညနေကျ ပင်မဆောင်ဘက်ကို လာဖို့ပြောထားသည်။ ဟိုတစ်နေ့ပြီးထဲက ငယ်Tennisခန်းထဲ ကိုDayနှင့် နှစ်ယောက်တည်းဆိုလျှင်မသွားတော့ပါ။ များသောအားဖြင့် ပင်မဆောင်အောက်ထပ်က ခုံတန်းတွေမှာသာ စကားပြောဖြစ်ကြတော့သည်။ ခုငယ်သွားတော့ ကိုDayက ကြိုရောက်နေပြီဖြစ်သည်။
"ကိုDay စောင့်နေတာကြာပြီလားဟင်
ငယ် နည်းနည်းနောက်ကျသွားတယ်"
"နောက်မကျပါဘူး ငယ်ရယ်
ကိုယ်စောင့်နိုင်ပါတယ်"
"Happy birthday Nge"
ကိုDayက ပြောရင်းပင် ထိုင်ခုံပေါ်က ဘူးလေးကို "လက်ဆောင်" ဟု ဆိုကာ ငယ့်လက်ထဲထည့်ပေးသည်။
"ဘာတွေလဲဟင် အလေးကြီးပဲရော"
"ဖွင့်ကြည့်ပါ ငယ်လုံးဝပျော်စေရမယ်"
ကိုDayက ပဟေဠိတွေဝှက်နေပြန်ပါပြီ။ ငယ်ဖွင့်ကြည့်လိုက်တော့ ငယ်လိုချင်နေခဲ့တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်set ဖြစ်သည်။
"ဝိုးးးး မိုက်လိုက်တာရော ကိုDay.. ငယ် ဒီစာအုပ်တွေတကယ်ကိုလိုချင်နေခဲ့တာ"
"သဘောကျလား ငယ်"
"ဟုတ် ငယ်သဘောကျတယ် အများကြီး သဘောကျတယ်"
"ကိုယ့်ကိုရော"
"ဟုတ် ဟာ.. ကိုDay"
"ဟား ဟား ဟား ကိုယ်က စတာပါကွာ မရှက်ပါနဲ့"
"ရှက်ပါဘူး"
"ဒါဆို သဘောကျတယ်ပေါ့"
"ကိုDayနော် ငယ်ပြန်လိုက်တော့မှာ "
"ငယ် ကို့ယ်ကို ကိုကိုလို့ ခေါ်ပါလား ကိုDayက မရင်းနှီးဘူးခံစားရတယ်"
"ဟင့် ဟိုတစ်ခေါက်ကျ ကိုDayလို့ခေါ်တာက ပိုရင်းနှီးတယ်ဆို"
"အဲ့တာက အစ်ကိုနေ့စွဲလို့ခေါ်တာထက် ပိုရင်းနှီးတယ်လို့ပြောတာလေ ကိုDayလို့ခေါ်တာကို ကိုယ်ကြိုက်တယ်လို့မှမပြောတာ"
"ကိုDayက လူလည်ကြီးပဲ လက်ဆောင်ပေးပြီး ကိုကိုခေါ်ခိုင်းတယ်"
"ဒါဆို ငယ်က တကယ်မခေါ်ဘူးပေါ့"
"အွန်း ပန်းလည်း ကိုကိုလို့ခေါ်တာမလား ငယ်မခေါ်ချင်ပါဘူး"
"အင်းပါ ငယ်မခေါ်ချင်လည်း ပြီးရော"
ကိုDay တကယ်စိတ်မကောင်းသလိုဖြစ်ကာ မျက်နှာလွဲသွားတော့ ငယ်မနေတတ်ပါ။ တကယ်ဆို ကိုDayက ငယ့်အပေါ် ဖြူဖြူစင်စင်ချစ်တာ ငယ်ခံစားမိပါသည်။ အစစအရာရာ ဂရုစိုက်ပေးပြီး အသားယူတာမျိုး အနိုင်ကျင့်တာမျိုးလည်း မရှိခဲ့။ ငယ်ဖျားတဲ့နေ့တုန်းက ဖြစ်ခဲ့တာတော့ ချွင်းချက်ပေါ့လေ။ဒါလည်း နောက်တစ်ရက်ကျ ကိုDay ငယ့်ကို ပြန်တောင်းပန်သည်။ အခွင့်အရေးသမားလို့ထင်မှာစိုးလို့တဲ့လေ....
"ကို... ကိုကြီး..လို့ ခေါ်မယ်လေနော်"
"ဟင် ငယ် တကယ်လား ငယ်တကယ်အဲ့လိုခေါ်ရမယ်နော် Promise?"
"အွန်း promise"
ထိုအခါမှ ကိုDay အဲ ကိုကြီးမျက်နှာက ပြန်ပြုံးလာသည်။ ကိုကြီးကတော့ တကယ်ကိုလူလည်ကြီးသားသမီးပါပဲ....ငယ့်ကို အမျိုးမျိုးပြုစားနိုင်သည်။
.....
ငယ်တို့ စာမေးပွဲနီးပြီမို့ Tennisကစားချိန် မရှိတော့ပေမယ့် ကိုကြီးကတော့ ငယ်တို့ကျောင်းကို ညနေတိုင်း အမြဲလာသည်။ ကျောင်းပိတ်ရက်ဆိုလည်း အကြောင်းအမျိုးမျိုးပြကာလာတတ်သည်။ တစ်ခါတစ်လေ ငယ်စာကြည့်တိုက်သွားလျှင်လည်း စာကြည့်တိုက်ထိလိုက်လာကာ စာအုပ်ဖတ်တာကို ငေးကြည့်နေပြန်သည်။ ကိုကြီးဟာလေ တစ်ခါတစ်လေ လူကိုရှက်အောင်သိပ်လုပ်ပါသည်။ ဒါပေမယ့်လည်း ကိုကြီးနဲ့ရှိနေသည့်အချိန်များဆိုလျှင် ငယ်တကယ်ကိုပျော်ရပါသည်။ငယ့်ဘဝမှာ ခုလို ဂရုစိုက်ခံရဖို့၊ စိတ်ပူပေးတာကြုံရဖို့ တစ်ခါမှ မတွေးထားခဲ့ဖူးပါ။ ကိုကြီးက တကယ်ကိုငယ့်ဘဝရဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ....အပိုင်း(၄)ဆက်ရန်
(ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါသည်)(31-1-2021)
#Normal
#Dream
#Yeik