#Unicode
ထယ်ယောင်းအခန်းထဲမှာအင်္ကျီတွေပြန်ထားဖို့လုပ်နေတော့အန်နာကစကားတပြောပြောနဲ့ကူလုပ်ပေးနေသည်။နေ့လည်စာ စားပြီးထဲကထယ်ယောင်းအခန်းထဲမှာ လာနေတော့တာ။"ကိုကို ဒီအိမ်မှာပဲနေမှာပေါ့နော် အန်နာကျောင်းပိတ်ရက်တိုင်းလာလည်မှာ"
"အန်နာလာလို့ရတာပေါ့ ကိုကိုကဒီမှာနေအုံးမှာလေ နောက်ကျရင်တော့ ကိုကို့မေမေတွေရှိတဲ့နေရာမှာ ကျောင်းသွားတက်အုံးမှာ"
"ကိုကိုက ဒီမှာကျောင်းတက်ပြီးရင်ပြီးပြီမလား"
"ကိုကိုကUSမှာ ကျောင်းဆက်တက်အုံးမှာလေ"
ထယ်ယောင်းက နိုင်ငံခြားမှာကျောင်းသွားတက်အုံးမှာဖြစ်သည်။မေမေတို့ကိုလည်းမပြောရသေးပေမယ့် ဆုံးဖြတ်ပြီးပြီဖြစ်သည်။
"ဒယ်ဒီကရော ကိုကိုသွားမှာသိလား"
သူ့ဒယ်ဒီကသဘောတူမတူကို
စိုးရိမ်စွာနဲ့ထယ်ယောင်းကိုလှည့်မေးနေတော့တာ။"မသိသေးဘူး ကိုကိုနောက်မှပြောလိုက်မယ်"
"ကိုကိုပြောလို့ ဒယ်ဒီကမသွားခိုင်းရင်ဘယ်လိုလုပ်မလဲ အရင်ကဒယ်ဒီ့ရဲ့ချစ်သူမမဆိုရင်လေ...."
အန်နာက စကားအနည်းငယ်ပြောပြီးကာမှ ပါးစပ်ကိုလက်နဲ့အုပ်ကာ မျက်လုံးလေးပြူးပြီးထယ်ယောင်းကိုကြည့်နေသည်။အန်နာက အသက် ၁၁နှစ်အရွယ်ရှိနေပြီဖြစ်သောကြောင့် စကားကတက်ပြီး ပြောသင့်မပြောသင့်ကိုလည်းစဉ်းစားတက်တဲ့ကလေးမလေး။
"ဘာဖြစ်လဲ အန်နာ ကိုကို့ ကိုဆက်ပြောလို့ရပါတယ် သမီးဒယ်ဒီမှာ အရင်ကချစ်သူရှိတာ ကိုကိုသိပြီးသားပါ"
"အဲ့အမနဲ့ဒယ်ဒီနဲ့ကဘာမှမဆိုင်တော့ဘူးတဲ့ နိုင်ငံခြားကိုသွားတာဒယ်ဒီ့ကိုထားခဲ့ပြီး လမ်းခွဲလိုက်တာတဲ့"
အန်နာကစကားပြောတဲ့နေရာမှာအတော်ပါးနပ်တာ။သူ့ဒယ်ဒီနဲ့ဘာမှမဆိုင်ဘူးကထည့်ပြောနေသေးသည်။
"သမီးရဲ့ဒယ်ဒီက သူသွားတာကိုသဘောမတူဘူးလား"
"မတူဘူးတဲ့ အဲ့အမကသဘောလည်းမကောင်းပါဘူး အန်နာ ဒယ်ဒီ့ဆီလာရင်သူကမကြိုက်ဘူး ဒယ်ဒီနဲ့အမြဲရန်ဖြစ်ကြတယ် အဲ့ဒါကြောင့်ကိုကိုလည်း
အန်နာလာနေတာကို မကြိုက်မှာစိုးရိမ်နေတာ"

VOUS LISEZ
Simplicity of love √Completed √
Roman d'amourအချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွေ့ကြုံမှသိလိုက်ရတာက အချစ်ဆိုတာ ရိုးရိုးလေးနဲ့ရှင်းရှင်းလေး..... နွေးနွေးလေးနဲ့ထွေးထွေးလေးပါပဲ...... Romance, Funny & Sweet😍 Cover by YonDi�...