#Unicode
ဂျွန်ကြာဇံကြော်နေတုန်း
ထယ်ယောင်းမီးဖိုခန်းအပေါက်ကနေရပ်ကြည့်နေမိသည်။
တကယ်ကိုဂျွန်ဟင်းချက်နေတဲ့
ပုံစံကအရမ်းကြည့်ကောင်းသည်။
ဘယ်အချိန်ပဲကြည့်ကြည့်
မိမိုက်နေသောကျွန်တော့်ဂျွန်။"ဘေဘီလေး ဗိုက်ဆာနေပြီလား
ပြီးတော့မယ်နော်"အနားကိုရောက်လာပြီး
နောက်ကနေခါးကိုဖက်ထားကာ
ဟင်းမွှေနေတဲ့ဂျောင်ဂုလက်ကြားထဲကနေ ခေါင်းလေးဝင်လာပြီးကြည့်နေသော
ကောင်လေး။"မွှေးနေတာပဲ"
"ဒါပေါ့ ရှယ်ကြော်ထားတာ"
"ကြာဇံကြော်အနံ့ကိုပြောတာ
မဟုတ်ဘူး ဂျွန်ရဲ့ကိုယ်သင်းနံ့လေး
ကိုပြောတာ"ကြာဇံကြော်ရလို့ ပန်းကန်ထဲကိုထည့်ပြီး
မီးဖိုမီးကိုပိတ်ရသည်။
ရင်ဘက်ကိုလာနမ်းနေသောအဆိုးလေးကိုလျစ်လျူရှု့ဖို့ကမလွယ်ဘူးလေ။
ခါးကနေပွေ့ချီလိုက်တော့ခြေထောက်ကိုအငြိမ်မနေလှုပ်ခတ်နေလေရဲ့။"ဘေဘီက ကိုယ့်ကိုလာ စနေတာပဲ"
"အာ....မဟုတ်ပါဘူး ဟီး....
ယားတယ်လို့"ကလိထိုးတော့အော်ရယ်နေသည်။
အခုလိုနေတာကမှ ဘေဘီရဲ့ပုံမှန်စိတ်အခြေအနေ။
စိတ်ရှုပ်ပြီးအဆင်မပြေဖြစ်သွားမှာကို
ဂျောင်ဂုစိုးရိမ်နေရသည်။
ညနေစာကြာဇံကြော်စားပြီးတာနဲ့
အိမ်တံခါးတွေပိတ်ပြီး
အပေါ်ထပ်ကအခန်းထဲမှာသာ
ဘေဘီကစာကြည့်နေသလို
ဂျောင်ဂုကလဲစာရင်းတွေစစ်နေရသည်။"ဟယ်လို ဘိုမီပြော..."
ဂျောင်ဂုစာရင်းစစ်နေတုန်းကုတင်ပေါ်မှာစာလုပ်နေသောဘေဘီကသူ့သူငယ်ချင်းနဲ့ဖုန်းပြောနေတာဖြစ်လို့
အာရုံမထားမိ။
ခဏအကြာမှာ ဂျွန်ဆိုပြီးအော်သံနဲ့အတူအနားကိုရောက်လာသည်။"ဒီမှာကြည့်ပါအုံး mediaသမားတွေ
ကတင်ထားကြတယ်.....
Jeon groupရဲ့CEOက
အမျိုးသမီးတစ်ယောက်နဲ့ဆေးရုံကိုအတူလာတဲ့အကြောင်း
ပြီးတော့အဲ့မိန်းကလေးက
CEOဂျွန်နဲ့ဆေးကျောင်းတက်ထဲက
တွဲနေခဲ့တယ်ဆိုတာပါ အကုန်ပါနေတယ်"ဂျောင်ဂုမျက်ခုံးပင့်မိသွားရသည်။
ဘေဘီဖုန်းလာပြတော့မှသူကြည့်လိုက်မိတာ။
သူနဲ့ရာအင်းရဲ့ အရင်ကပုံတွေလည်းများစွာတင်ထားသေးသည်။
ဂျောင်ဂုကိုမီဒီယာသမားတွေက
စီးပွားရေးမှာအောင်မြင်တဲ့လူငယ်တစ်ဦးအဖြစ်အသိအမှတ်ပြုပြီး
အမြဲနောက်ယောင်ခံလိုက်ကာ
သတင်းတွေရေးတင်နေတက်သည်။
ရာအင်းကလည်းအောင်မြင်တဲ့
လူငယ်တစ်ယောက်ဆိုတော့သူတို့အလွတ်မပေးကြ။
![](https://img.wattpad.com/cover/244711302-288-k520078.jpg)
VOCÊ ESTÁ LENDO
Simplicity of love √Completed √
Romanceအချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွေ့ကြုံမှသိလိုက်ရတာက အချစ်ဆိုတာ ရိုးရိုးလေးနဲ့ရှင်းရှင်းလေး..... နွေးနွေးလေးနဲ့ထွေးထွေးလေးပါပဲ...... Romance, Funny & Sweet😍 Cover by YonDi�...