Part_34

36.5K 3K 151
                                    

<Unicode>

အရေးကြီးအစည်းအဝေးရှိသည့်အတွက် ဇိမ်း ဒီနေ့တော့ Companyရောက်နေသည်။ ခဲလွန်က အားလုံးဦးစီးပေးထားသော်လည်း အစည်းအဝေးမှာအရေးကြီးသည့်အတွက် ကိုယ်တိုင်လာရသည်။

မိုရံကိုလဲ ပြဿနာမရှာဖို့သေချာမှာခဲ့ရသေး၏။

"designအတွက် အားလုံးပြင်ဆင်ပြီးသားပါ
နမူနာထုတ်ထားတဲ့ဟာတွေကလည်းအားလုံးကောင်းတယ်၊ ပိတ်ကလဲအရည်အသွေးရောကောင်းတယ်   "

ကျွမ်းကျင်သည့်အဖွဲ့ဝင်များ၏ စကားကိုနားထောင်ကာဇိမ်းခေါင်းညိတ်မိသည်။

"စက်ရုံကိစ္စရော"

"သိပ်မလိုတော့ပါဘူး နောက်၆လလောက်နေရင်ပြီးမယ်ထင်တယ်။ဆောက်လုပ်ရေးအတွက်ထုတ်ပေးထာတဲ့ ဘက်ဂျက်ကအဆင်ပြောတဲ့အတွက် သိပ်မလိုတော့ပါဘူး"

ကိစ္စကသိပ်ပြီးမရှုပ်တော့။

စက်ရုံကိစ္စကလဲ ပြီးစီးခါနီးပြီဆိုတော့ ကိစ္စသိပ်မရှိတော့ပေ။

ထိုစဉ် ရုတ်တရက်ဝင်လာသည့်ဖုန်း။ ဇိမ်း ကြည့်လိုက်တော့ မိုရံ။

ချက်ချင်းကိုင်လိုက်တော့ ခဲလွန်ကတော့ ကြည့်သာနေသည်။

"ဘာဖြစ်လို့လဲ"

"ငါမင်းဆီလာမလို့ လာလို့ရလား"

မိုရံ စကားကြောင့်ဇိမ်း ဇိမ်းနာရီကြည့်လိုက်တော့ မနက်၁၁နာရီ။

"နေ့လည်စာစားပြီးပြီလား"

"မစားရသေးဘူး မင်းနဲ့အတူစားမလို့"

တစ်ဖက်မှမိုရံစကားကြောင့်ဇိမ်း ပြုံးမိသည်။

"ကောင်းပြီ Lawwကိုခုလွှတ်လိုက်မယ်။သူနဲ့အတူလာခဲ့"

"အင်းအင်း "

ဖုန်းချလိုက်ပြီး ဘေးနာမှLawwကိုကြည့်လိုက်တော့ အလိုက်တသိ အနာရောက်လာ၏။

"မိုရံကို သွာခေါ်လိုက် သေချာဂရုစိုက်"

"ဟုတ်ကဲ့ boss"

အစည်းအဝေခန်းမထဲမှ ထွက်သွားသောLaww။

ဇိမ်း အစည်းအဝေးကိုအမြန်အဆုံးသတ်ဖို့ စီစဉ်လိုက်သည်။

Love Is Like Coffee ☕️Where stories live. Discover now