<Unicode>
ကိုယ်ကချစ်လို့ပါတဲ့၊၊
လူယုတ်မာတွေ၏စကားလို့ မိုရံတွေးမိသည်။လုပ်ချင်ရာလုပ်ပြီးမှ ချစ်တယ်တဲ့။
ဒီလူက သိပ်ကို ရမ်းကား၏။
မွေ့ရာပေါ်ထိုင်ကာငိုနေမိသည့်မိမိအဖြစ်။ အားကိုးရမည့် မမကလဲဒီမှာမရှိ။
"ခေါင်းကိုက်မယ် ၊ မငိုနဲ့တော့"
တိုးဖျဖျအသံနှင့်ချော့လာသူ။ မျက်ရည်များကို ညင်သာစွာသုတ်ပေးသည်။ သို့သော် အငိုမရပ်နိုင်။
အောက်နှုတ်ခမ်းကို သာကိုက်လို့ ငိုတော့ သူ့လက်ကိုသာကိုက်ပါတဲ့။
မသိရင် သူပဲလူကောင်းလိုလို။
ဒီလူကို မိုရံတကယ်အမြင်ကပ်မိသည်။
အဝတ်အစားလဲပေးတော့လည်း သူကိုယ်တိုင်။ သူ့ရှေ့ ဝတ်လစ်စလစ်ဖြစ်သည်ကို ပြန်တွေးမိတော့ ရှက်မိပြန်သည်။
"ရှက်စရာလား၊ မရှက်နဲ့"
မိမိနားကို ဖွဖွကိုက်ရင်း ဆိုလာသူ။မိုရံ ခေါင်းကိုသာငုံ့ထားမိသည်။
သူ့ဘာသာပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်။ ပြီးရင် ကိုယ်ကပဲ လူဆိုးလိုလို။
"ထမင်းစားရအောင်၊ မငိုနဲ့တော့"
မွေ့ရာစပ်တွင် ခြေထောက်ချကာ ထိုင်နေသည့် မိုရံ၏ ရှေ့တွင်ဒူးထောက်ထိုင်နေသူ။ ပေါင်ပေါ်တွင် တင်ထားသည့် လက်နှစ်ဖက်ကိုလဲ ဆုတ်ကိုင်ထားသေးသည်။
"အဆာလွန်မယ် "
ခပ်တိုးတိုးဆိုရင်း ဆွေ့ခနဲ့ကောက်ချီလိုက်သော မိမိကိုယ်လုံးက သူ့အတွက်ဝါဂွမ်းအလား။ အလန့်တကြား ဇိမ်း၏ လည်တိုင်ကိုဖက်လိုက်ရသည်။
ဒါကို သဘောကျသွားသည့် သူကခပ်ပြုံးပြုံး။ မိုရံ မျက်မှောင်ကြုတ်လိုက်သည်။
"ထမင်းသွားစားမယ်၊ မဆိုးရဘူး"
တရွေ့ရွေ့နှင့် အခန်းထဲမှ ပွေ့ကာထွက်သွားသူ။ ပွေ့ချီသွားတာများ ကလေးလေးတစ်ယောက်လို။
ထမင်းစားခန်းရောက်တော့လည်း သေချာပြင်ပေးသည်။ မိုရံ စိတ်ဆိုးချင်ပေမဲ့ ဒီလူကလိုလေသေးမရှိအောင် လုပ်ပေးနေတော့ စိတ်ဆိုးရခက်နေ၏။