[[U]]
ကျင်းမှဆင့်ခေါ်လိုက်သည့်အတွက်ထုန်ရှင်း
မြို့စားသည်မတင်မကျဖြစ်မှုတွေကိုရင်ဝယ်
ပိုက်လျက်ခြေလှမ်းတွေကိုသုတ်ခြေတင်
လိုက်သည်။အစ်ကိုတော်နန်းတွင်းသို့မနေ့ကပြန်ရောက်
ကြောင်းကြားသိခဲ့သည်။"အစ်ကိုတော်...."
ကျင်းကတော့ထိုင်ခုံတွင်ဟန်အပြည့်ထိုင်နေရင်းပင်
မျက်နှာထက်၌ပျော်ရွှင်သည့်အရိပ်အယောင်လားလားမှမရှိ..
မျက်ဝန်းတွေသည်ရေခဲအလား
အေးစက်နေသည်။"ကျန်း..ငါ့အမိန့်"
"လျှောက်တင်ပါသည်....
အစ်ကိုတော်ဆီကစာရရခြင်း.အမိန့်အတိုင်း
ဆောင်ရွက်ခဲ့ပါတယ်..အခြွေအရံ၇ယောက်ကို
အချုပ်ချပြီးနေ့နေ့ညညစစ်မေးခဲ့ပါတယ်""ပြီးတော့"
"အစ်ကိုတော်သံသယရှိသလိုပါပဲ..ရှန်း
တိုင်းပြည်အိမ်ရှေ့မင်းသားလာလည်ခြင်းဟာ
ရှန်းဘုရင်ရဲ့အမိန့်ကိုလာရောက်ပေးပို့ခြင်းပါ
အဲ့ဒီအကြောင်းကိုမိဖုရားရဲ့အသက်နဲ့
ခြိမ်းခြောက်ပြီးမေးမှထွက်လာခြင်းဖြစ်ပါတယ်
မိဖုရား၏အမည်အားသုံးမိ၍အစ်ကိုတော့်
အားတောင်းပန်ပါတယ်""ငါဂရုမစိုက်ဘူး..ဆက်ပြော"
ဟုတ်တာပေါ့..ကျင်းဂရုစိုက်သည်မှာ
လုချန်တစ်ယောက်တည်းသာ.."အစ်ကိုတော်ယူဆသလိုပဲ...
အခြွေအရံ၇ယောက်ကရှန်းတိုင်းပြည်ရဲ့
မျက်စိတွေနားတွေအဖြစ်
တာ့ထုန်သို့ပို့လိုက်ခြင်းဖြစ်နေတယ်"အကယ်၍လုချန်သာခေါင်းမမာဘဲနန်းတော်
မှာအတူလာနေမည်ဆိုလျှင်ထိုအဖြစ်အပျက်
တွေဖြစ်လာမည်မဟုတ်..
ကျင်းမျက်စိရှေ့မှာနေမည်ဆိုလျင်ထိုကဲ့သို့
အသုံးချခံအရာတစ်ခုဖြစ်လာမည်မဟုတ်"လုချန်အကြောင်းပြောရဲတဲ့သူကိုရော
သိပြီလား""ကြာပန်းဥယျာဉ်တော်ကအစောင့်တစ်ယောက်
ပါ..မိဖုရားအခြွေရံတစ်ယောက်ကတွန်းအား
ပေးပြီးကြာပန်းဥယျာဉ်အတွင်းအဘယ်ကြောင့်
မိဖုရားဝင်လို့မရတာလဲမေးလာလို့ပြောလိုက်ရ
တာ်လို့ဆိုပါတယ်"
YOU ARE READING
Hua Hua You Long Fanfiction 1(ဘာသာပြန်)
Romance(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)