အခန်း(၇)

5.4K 496 0
                                    

[[U]]

အန်းဟွေသည်တာ့ထုန်အင်ပါယာအပိုင်နယ်
မြေတစ်ခုဖြစ်ပြီးယန်းဇယ်မြစ်နှင့်ဟွယ်မြစ်
ဆုံရာမြစ်ဝှမ်းတွင်တည်ရှိသည်။..
တာ့ထုန်၏အရှေ့ဘက်နယ်စပ်ဒေသဖြစ်သောအရှေ့ဘက်ခြမ်းဒေသများကိုသိမ်းယူရာတွင်ရန်သူများမဝင်လာနိုင်စေဖို့ရာအန်းဟွေကိုအခြေကုပ်ကာစစ်စခန်းတည်ထားခဲ့သည်။

တာ့ထုန်အပိုင်နယ်မြေဖြစ်သော်လည်းနယ်စပ်
ဒေသဖြစ်တာကြောင့်ကျင်းလုံခြုံရေးအတွက်
မူယွဲ့စိုးရိမ်လှသည်။..
အခြားနိုင်ငံတွေမှတာ့ထုန်ဧကရာဇ်သည်
နယ်စပ်ဒေသရောက်နေကြောင်းကြားသိကျ
လျှင်လုပ်ကြံသတ်ဖြတ်သူများပို့ကြမှာအမှန်ပင်။

သို့ပေမဲ့လည်းကျင်းသည်စိတ်ဆုံးဖြတ်ပြီး
သွားပြီဆိုလျှင်တိုက်ဖုန်းမုန်တိုင်းဝင်တိုက်ရင်တောင်
ပြိုပြတ်သွားမည့်သူမဟုတ်...။

အန်းဟွေသို့ရောက်သွားချိန်တွင်လက်ဖက်ရည်
ဆိုင်တစ်ဆိုင်ဝင်ရောက်မေးမြန်းရာမှ
လွန်ခဲ့သောနွေတုန်းကလုချန်တစ်ထောက်
အနားယူသွားကြောင်းသိလိုက်ရသည်..။

ဆိုင်ပိုင်ရှင်အဘိုးအိုသည်သာမန်သူများထက်တမူထူးခြားသောလုချန်အသွင်ကြောင့်မှတ်မှတ်ရရရှိနေခဲ့သည်။ထင်ရှားသောချောမောမှု,အချိုးအစစ်ညီလှသောခန္ဓာကိုယ်,မျက်ခုံးနှစ်ခုကြားမှထင်ဟပ်နေသည့်စိတ်အလိုမကျသည့်အသွင်နှင့်ဒီထက်ပင်သိသာလှသည်ကခါး၌ချိတ်ဆွဲထားသောဘုရင်တံဆိပ်တော်ပင်ဖြစ်သည်။
ပြောပြချက်အရ
လုချန်နှင့်ရှောင်စန်းသည်တောင်ဘက်သို့ဦးတည်သွား
ကြောင်းသိရသည်။
အန်းဟွေ၏တောင်ဘက်တွင်ယန်းဇယ်မြစ်ရှိပြီး
နယ်စပ်မျဉ်းနားပင်ရောက်နေပြီဖြစ်သည်..။

ထို့ကြောင့်ရှန်းတိုင်းပြည်များရောက်နေလား
ဟုစုံစမ်းခဲ့ပေမဲ့ထိုသို့လည်းရောက်မလာခဲ့ချေ
နယ်ခြားစောင့်တပ်များကလည်းဖြတ်သန်းသူ
တစ်ယောက်မျှမရှိကြောင်းဆိုကြသည်..။

ခဲရာခဲဆစ်ပေါ်ထွက်လာသည့်မျော်လင့်ချက်
ရောင်ခြည်လေးပျောက်သုံးတော့မည်ထင်ပါသည်။

နန်းဆန်သောအလှပိုင်ရှင်သည်အဝေးမှတောင်တန်းတွေကိုငေးကြည့်နေရင်းပင်အတွေးတွေနယ်ချဲ့နေမိသည်။
နှင်းကဲ့သို့ဖြူဆွေးလှသောဝတ်ရုံကလေယူရာနောက်ယိမ်းနွဲ့လျက်ရှိသည်။
မျက်နှာသည်ကောင်းကင်ပြာကဲ့သို့
ကြည်လင်လှပေမဲ့လည်းနှလုံးသားကတော့
ကသောင်းကနင်းနိုင်လှသည်။

ပူပင်သောကတွေမြင့်တတ်လာခြင်းနှင့်အတူ
စိတ်မရှည်ခြင်းတွေနဲ့စိုးရိမ်ကြောင့်ကြမှုတွေက
ရင်၌ပြည့်လျက်ရှိသည်။

စောင့်နေသည်။...အမြဲစောင့်နေမှာပါ
မျှော်လင့်အတောင့်တဆုံးသောသူနဲ့
ပြန်ဆုံနိုင်သည့်တနေ့ကို.။

လုချန်သည်သူ့အားပစ်ခွာသွားမည့်သူ
မဟုတ်ကြောင်းကိုကျင်းသိသည်။..ထို့ကြောင့်
ဤဖြစ်ရပ်အပေါ်လွန်စွာပင်သံသယရှိလှသည်။
နောက်ကွယ်မှတစ်စုံတစ်ယောက်ရှိနေမည်
ကိုတွေးမိလိုက်တိုင်းကျင်းနှလုံးသား
လေးလံလာသည်။..
လုချန်အန္တရာယ်ရှိနေပြီလား..။

မျက်လုံးထောင့်မှတင်းဖန်းအနားကပ်လာ
သည်ကိုတွေ့လိုက်သည်။..

"အရှင်မင်းကြီး..ဖမ်းမိလာပါပြီ"

"ခေါ်လာခဲ့"

ဘုရင့်ဖြတ်သန်းခွင့်တံဆိပ်လက်ဝယ်ရှိသည်
ဆိုသောဓားမြခေါင်းဆောင်သည်နောက်ပြန်
ကြိုးတုပ်ခံထားရပြီးဒူးထောက်ကျလျက်
ခေါင်းပင်မထူနိုင်တော့။
လွန်ခဲ့သောနှစ်ရက်ကမျှော်လင့်ချက်လင်းရောင်ခြည်လေးပြန်လည်တောက်ပလာခဲ့သည်။
အန်းဟွေ၏မြို့တစ်မြို့၌လူဆိုးတစ်စုသည်ဘုရင့်တံဆိပ်တော်ပြလျက်သောင်းကျန်းနေကြပြီးတွေ့သမျှအကုန်သိမ်းနေသည်ဟုတိုင်တန်းလာကြသည်။
ဓားမြခေါင်းဆောင်သည်ကျင်းအားမော်ကြည့်ခွင့်မရှိပေမဲ့လည်းအနှီအရေးပါသောသူသည်အန္တရာယ်ရှိသောသူဖြစ်ကြောင်းတပ်အပ်သိနေသည်။

"ဘယ်ကရလာတာလဲ"

အေးစက်လှသောလေထုကိုဖြတ်ကာရေခဲတမျှဆေးစက်သောအသံသည်နားတွင်းသို့ဟိန်း၍ဝင်လာသည်။
သေမင်းနှင့်ရင်ဆိုင်နေရသလိုကြောက်ရွံ့သွားသောဓားမြခေါင်းဆောင်သည်ရှိသမျှအင်အားများစုကာအနိုင်နိုင်ပင်ဖြေကြားနေရသည်။

"လွန်ခဲ့တဲ့နှစ်လကဓားမြတိုက်ယူလာတာပါ"

"ဘယ်နေရာမှာလဲ"

ကြောက်မက်ဖွယ်ရာလေထုကလည်းစကားတစ်လုံးဆီ၌လွှမ်းမိုးလျက်ရှိသည်။

"ကျင်းကျိုင်ဆိုတဲ့ရွာလေးမှာပါ"

ခေါင်းပေါ်တင်ထားသောခြေထောက်အား
ဖိချလိုက်ရာမျက်နှာနှင့်မြေကြီးကပ်လျက်ရှိသည်။

"တိုက်ခံရတဲ့သူဘာဖြစ်သွားလဲ"

ဓားမြခေါင်းဆောင်ဖြစ်သည်နှင့်အတူအခြားသူများအားကြောက်အောင်ခြောက်လေ့ရှိပြီးထိုသို့ထိတ်လန့်သွားကြတိုင်းလည်းဂုဏ်ယူဝံ့ကြွားတတ်သူဖြစ်သည်။
ယခုမှာတော့မျက်နှာကိုမမြင်ရတာကိုပင်သူတစ်ပါးမကောင်းကြံစည်ရာတွင်ပျော်မွေ့တတ်သူဖြစ်ကြောင်းတပ်အပ်ပြောနိုင်သည်။
ညှာတာခြင်းမရှိရက်စက်တတ်သူနှင့်ရင်ဆိုင်နေရခြင်းကြောင့်တစ်ကိုယ်လုံးကြောက်စိတ်နှင့်တုန်ယင်နေသည်။

"သတ်...သတ်လိုက်ပါတယ်"

အော်ချိန်ပင်မရလိုက်..ကန်ချက်တွင်
အဝေးသို့မြောက်တတ်သွားကာအသိစိတ်ပျောက်
သွားတော့သည်။

အနှီဓားမြသည်လုချန်အားသတ်သည်တဲ့လား
သိုင်းပညာချင်းယှဉ်လျှင်ပင်လွန်စွာအဆင့်
နိမ့်လွန်းလှသည်။

ထိုအခြင်းအရာကိုသေချာသိပေမဲ့လည်း
စိတ်ပူပန်သောကရောက်နေမှုကိုတော့
မတားဆီးနိုင်..တင်းဖန်းအားမြင်းပြင်ခ်ိုင်း
လိုက်ပြီးကျင်းကျိုင်သို့ကိုယ်တိုင်ပင်
ချက်ချင်းထွက်ခွာတော့သည်။

ကျင်းကျိုင်သို့သွားရာလမ်းသည်တောင်ထူထပ်လှပြီး
လမ်းများကရှုပ်ထွေးလွန်းလှသည်။

"အရှင်မင်းကြီး..အရှေ့ကတဲအိမ်ငယ်လေးမှာ
လမ်းခဏမေးကြည့်ရအောင်"

အချိန်ကြန့်ကြာမည်စိုး၍ကျင်းအမြန်ပင်
မြင်းပေါ်ကဆင်းကာအိမ်တံခါးကို
ကိုယ်တိုင်ပင်သွားခေါက်လိုက်သည်။

ပစ္စုပန်ကာလ

"လုချန်"

ကျင်းမျက်နှာထက်တွင်တစ်နှစ်နီးပါးရှိနေခဲ့သောရှုံတွနေသည့်အကြောင်းစင်းများသည်ပျောလျော့ကုန်ကြသည်။
လုချန်အန္တရာယ်ကင်းဖို့ရာမျှော်လင့်ပူဆွေးနေမှုများအရာထင်သည့်အတွက်ကျင်းစိတ်သက်သာရာရသွားတော့သည်။
ကြိုးစားမှု၏ရလဒ်အဖြစ်လုချန်သည်ယခုသူ့ရှေ့မှောက်ရောက်ရှိနေပြီမဟုတ်ပါလော

"ဟုတ်ပါတယ်..ဘယ်သူလဲ"

ဖက်ရန်ဟန်ပြင်နေသောလက်အစုံသည်
တစ်ဝက်တပျက်ရပ်တန့်သွားကာ
နှုတ်ခမ်းဆီမှအပြုံးသည်လည်း
ပျောက်ရှသွားသည်။

ဘယ်..သူ...လဲ
လုချန်ကဒီလိုမေးခွန်းမျိုးမေးလာသည်။

ဘယ်လို့ဒီလိုမေးခွန်းမျိုးမေးနိုင်ရက်တာလဲ
ရိုးသားတဲ့မျက်နှာထားလေးနဲ့ဘာလို့
ဟန်ဆောင်နိုင်ရတာလဲ
ဒီလိုမျိုးမသိချင်ယောင်ဆောင်ရလောက်အောင်နောက်ကွယ်မှာဘာတွေများလုပ်ထားလို့လဲ

အတွေးတွေနဲ့အတူနာကြည်းမှုတွေဝမ်းနည်းမှု
တွေကရောထွေးလာလျက်အမျက်ဒေါသအဖြစ်
ပြောင်းလဲသွားကာပေါက်ကွဲထွက်လာတော့မယောင်
အခြေအနေသို့ရောက်ရှိသွားသည်။
တင်းဖန်းနှင့်မူယွဲ့လည်းခန့်မှန်းရခက်သည့်အနေအထားကြောင့်ဝင်ထိန်းရန်အသင့်ပြင်ထားကြသည်။
မျက်စိရှေ့မှာမြင်နေရသည့်ချောမောလှပသောမျက်နှာပိုင်ရှင်၏
ထူးဆန်းသောအမူအရာကြောင့်
လုချန်ခြေလှမ်းအနည်းငယ်နောက်ဆုတ်
လိုက်သည်။
ကိုယ်ပိုင်သိစိတ်အရထိုသူသည်အန္တရာယ်ရှိကြောင်းတပ်အပ်သိလိုက်ပြီးကြောက်စိတ်များသည်ရင်တွင်းသို့တိုးဝင်လာသည်။

"အစ်ကိုချန်ဘယ်သူတွေလဲ"

ဆည်းလည်းလေးလိုသာယာသည့်အသံလေးက
အခန်းအတွင်းမှထွက်ပေါ်လာသည်။

"ချူးမိန်ထွက်မလာနဲ့..
ရှောင်ယန်းကိုမွေးပြီးကာစနားနေလေ"
လုချန်သည်နူးညံ့ဆုံးသောအသံနှင့်အတွင်းမှထွက်လာသည့်အမျိုးသမီးငယ်ကိုပြန်လည်ဖြေကြားလိုက်သည်။


"ဒါပေမဲ့..သူတို့ကဘယ်သူတွေလဲ"

ချူးမိန်ဆိုသောအမျိုးသမီးသည်
မွေးကာစကလေးလေးအားရင်ဝယ်ပိုက်လျက်
ထွက်လာသည်။

"ငါမသိဘူးလေ.."

ဘယ်သူလဲဆိုသောမေးခွန်းမှာတင်ဒေါသအရိပ်
အယောင်မြင့်တတ်နေသောကျင်းသည်
မသိဘူးဆိုသောစကားနှင့်ကလေးချီထားသော
အမျိုးသမီးထပ်ပေါင်းလိုက်သောအခါ
သည်းခံနိုင်စွမ်းမရှိတော့..
အိမ်အတွင်းသို့ဝင်ကာထိုအမျိုးသမီးအား
သတ်ပစ်ချင်စိတ်ပဲရှိသည်။

လုချန်ပျောက်သွားသောအချိန်ကို
တွတ်ဆကြည့်လျှင်ထိုအမျိုးသမီးသည်ဇနီးဖြစ်
နိုင်၍ရင်၌ပိုက်ထားသောကလေးသည်
လုချန်ကလေးဖြစ်နိုင်သည်။

အန္တရာယ်အငွေ့အသက်တွေကြောင့်
ကလေးနှင့်မိခင်ရှေ့လုချန်နေရာဝင်
ယူလိုက်သည်။..

"ရပ်စမ်း..မင်းဘာလိုချင်လို့လဲ"

"မင်း.....က....များ.."

တစ်နှစ်ပတ်လုံးအသည်းအသန်ရှာဖွေ
နေခဲ့ရပေမဲ့လုချန်ကတော့ဒီနေရာလေးမှာ
ပုန်းပြီးပျော်ရွှင်ဖွယ်မိသားစုလေးဖန်တီးနေတယ်
တဲ့လား..

ထောင်းကနဲထွက်လာသောအမျက်ဒေါသနဲ့
အတူလုချန်အားဆွဲပြီးအိမ်အပြင်
ဘက်သို့ပစ်ချလိုက်သည်။
ခေါင်းထဲပေါ်လာသည်ကကျေးဇူးကန်းလှသည့်လုချန်ကို
သတ်ပစ်ချင်နေသည်သာ

ကျင်းလောက်မမြန်သောမူယွဲ့နှင့်တင်းဖန်း သည်ဘာဖြစ်သွားလဲမသိလိုက်ပဲ လုချန်အပြင်ရောက်လာမှသာဝင်ရောက်
တားမြစ်နိုင်သည်။

"အရှင်မင်းကြီး"

သံပြိုင်ထွက်ပေါ်လာသံနဲ့အတူ
လက်နှစ်ဖက်အားတစ်ဖက်တစ်ချက်
ဆွဲထားလိုက်သည်။

ခေါ်သံအားကြားလိုက်သည့်ခဏ
လုချန်ခေါင်းထဲတွေဝေသွားသည်။

ဘုရင်လား..ဘုရင်ကဒီနေရာမှာ
ဘာလုပ်နေတာလဲ..ပြီးတော့ဘာလို့
ငါ့ကိုလာတိုက်ခိုက်ရတာလဲ

"အစ်ကိုကြီး..!!!"

တောအုပ်လေးဆီမှကျယ်လောင်သောအသံနှင့်
ရှောင်စန်းပြေးလာသည်။
ထင်းသွားရှာရမှပြန်လာခိုက်တွင်
အစ်ကိုကြီးနှင့်လူသုံးယောက်အား
တွေ့လိုက်ရပြီးအထိတ်တလန့်ပြေးဝင်လာသည်။

"အစ်ကိုကြီးကိုမထိနဲ့"

ထိုလူသုံးယောက်အားဘယ်သူတွေမှန်း
သေချာမသိသေးပဲအော်ဟစ်လာရာမှ
ကျင်းကိုမြင်သွားသည့်အခါအမြန်ပင်
ဒူးထောက်ချတော့သည်။

"အရှင်မင်းကြီး"

"ရှောင်စန်း"

"တောင်းပန်ပါတယ်..အရှင်မင်းကြီး
အစ်ကိုကြီးကိုနာကျင်အောင်မလုပ်ပါနဲ့
အခုမှပြန်လည်နလန်ထတဲ့အခြေအနေမလို့ပါ
အရှင်မင်းကြီးအပြစ်ပေးမည်ဆိုလျှင်ကျွန်တော်
မျိုးကိုသာအစားအပြစ်ပေးပါ"

"နလန်ထတယ်"

လုချန်အားသေချာကြည့်လိုက်သောအခါ
နာကျင်မှုကြောင့်မျက်နာမှာရှုံတွနေသည်။
ကျင်းသည်အားသိပ်ထည့်လိုက်သည်မဟုတ်ပေ
မဲ့လည်းလုချန်သည်ထရပ်နိုင်စွမ်းပင်
မရှိတော့ပဲအသက်မနည်းလုရူနေရသည်။

ဆင်းရဲဒုက္ခရောက်နေသောလုချန်အသွင်ကြောင့်ဒေါသတွေသည်
လည်းစိုးစဉ်မျှမရှိတော့

"လုချန်"

လုချန်ဆီအမြန်ပြေးသွားကာနှလုံးခုန်သံအားလက်ကိုဆွဲ၍စစ်ကြည့်တော့သည်။

"ဘုရားသခင်..ဘယ်လိုတွေဖြစ်သွားတာလဲ..အတွင်းအားကလည်းမူမမှန်ဘူး..
အတွင်းဒဏ်ရာတွေလည်းရနေတာပဲ"

"ရှောင်စန်းရှင်းပြစမ်း"

ရှောင်စန်းသည်ဧကရာဇ်၏အမိန့်အားလည်းမလွန်ဆန်နိုင်သလိုမြေတွင်လဲနေဆဲဖြစ်သောလုချန်အားလည်းစိုးရိမ်မိတာကြောင့်မဖြေနိုင်ဘဲဗျာများနေတော့သည်။
အခြေအနေကိုနားလည်သည့်ကျင်းလည်းလုချန်ကိုပွေ့ချီကာတဲအိမ်အတွင်းသို့သယ်ဆောင်သွား
သည်။...လုချန်ကတော့အားပြတ်လျက်
အိပ်မောကျသွားရှာသည်။
လုချန်တစ်နှစ်လုံးပုန်းရှောင်နေခဲ့သည့်နေရာကိုကြည့်ရင်းကျင်းစိတ်ထဲမပျော်ရွှင်လှပေ။
ရှောင်စန်းသည်ရရှိလာမည့်အပြစ်ဒဏ်ကိုစောင့်မျှော်နေသလိုတင်းဖန်းနှင့်မူယွဲ့သည်လည်းအရင်ကတည်းကသေးငယ်ပါသောအခန်းတွင်းသို့ကျင်းနှင့်အတူလိုက်ပါလာသည်။

"ရှောင်စန်း,ဘာတွေဖြစ်ခဲ့တာလဲ..ငါ့ကိုရှင်းပြစမ်း"

"အရှင်မင်းကြီး...အစ်ကိုကြီး"

လုချန်အပေါ်အသုံးအနှုန်းအားသဘောမကျသောအရိပ်အယောင်ပေါ်သည့်မျက်နှာထားကြောင့်
"သခင်လေးက
မိဖုရားရဲ့စာကိုအစားပို့ဆောင်ပေးရာမှ
လူတစ်စုရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတာပါ"

လုချန်အားရင်းနှီးသောနာမ်စားတပ်ခေါ်
သည်အားကျင်းမကြိုက်သည်ကိုသိသည့်
အတွက်အမြန်ပင်ပြောင်းခေါ်လိုက်သည်။

"အရှင်မင်းကြီးပြန်သွားပြီးနာရီအတန်
ကြာတဲ့အခါမိဖုရားနဲ့အခြွေအရံတစ်ယောက်
သခင်လေးကိုလာတွေ့ပါတယ်
မိဖုရားကသခင်လေးအားဖခမည်းတော်ဆီသို့
စာပို့ပေးရန်တောင်းဆိုလာပါတယ်
အစကတော့အကြောင်းပြချက်အားမပြောပြ
ပေမဲ့လည်းသခင်လေးကမေးတဲ့အတွက်ပြောပြ
လာပါသည်.."

"တာ့ထုန်အားတိုက်ခိုက်ရန်ကြံစည်နေသည်ကို
လက်မခံနိုင်ကြောင်းစာကိုပို့ပေးရမည်ဖြစ်သည်
ဟုဆိုလာပါသည်..ဖခမည်းတော်နှင့်
အရှင်မင်းကြီးကြားစစ်ပွဲမဖြစ်ပွားစေလိုကြောင်း
နှင့်သခင်လေးအားကူညီပေးရန်တောင်းဆိုလာပါ
တယ်"

"သခင်လေးကလည်းလက်ခံခဲ့ပါတယ်
အရှင်မင်းကြီးစောင့်ကြည့်ခိုင်းထားတာ
သိသည့်အတွက်နောက်ဘက်တံခါးမှ
ထွက်ခဲ့တာပါ...သခင်လေးကအရှင်မင်းကြီး
မလာသည့်အချိန်အတွင်းအချိန်မီပြန်ရောက်
နိုင်သည်ဟုဆိုပါသည်"

ကျင်းမျက်မှောင်ကျုတ်ရင်းအိပ်ပျော်နေသော
လုချန်အားကြည့်လိုက်သည်။
လုချန်ကတော့ခေါင်းကိုသေချာ
မသုံးပြန်ဘူး..နုံနုံအအနှင့်ချစ်စရာကောင်းတဲ့
ဓားမြလေး

တင်းဖန်းနှင့်မူယွဲ့ကတော့ကျင်းအစောင့်တွေကိုပတ်ကာထွက်လာနိုင်သည့်လုချန်အားအတော်ပင်အထင်ကြီးနေကြသည်။

"နယ်စပ်မျဥ်းနားရောက်တဲ့အခါဓားမြအုပ်စုရဲ့
တိုက်ခိုက်ခြင်းခံရပါတယ်
တောင်ပေါ်ဓားမြတွေအနေနဲ့အလွန်ပင်သိုင်း
ပညာမြင့်မားကြပါတယ်
သခင်လေးကကျွန်တော်မျိုးကိုကာကွယ်ရင်း
တိုက်ခိုက်ရာမှဒဏ်ရာများစွာရလိုက်ပါတာ်
ထိုဓားမြတွေမှာထူးဆန်းတာကသခင်လေးကို
သာမဲ၍အသေအကျေလိုက်တိုက်နေကြတာပါ..ကျွန်တော်မျိုးလည်းနောက်ဆုံးတစ်ချက်မှာသခင်လေးကို
ဆွဲပြီးမြစ်ထဲကိုခုန်ချလိုက်ပါတယ်"

"ဘယ်အချိန်လောက်ထိရေထဲမျောသွားမှန်း
မသိဘဲနောက်ဆုံးမှာအစ်ကိုရီနဲ့တွေ့ခဲ့ပါ
တယ်..တဲအိမ်လေးဆီသို့ခေါ်ဆောင်လာခဲ့ပြီး
အစ်ကိုရီကတိုင်းရင်းသမားတော်ဖြစ်သည့်
အတွက်သခင်လေးရဲ့ဒဏ်ရာတွေကိုကုသပေး
ခဲ့ပါတယ်..ကြိုးစားကုပေးခဲ့ပေမဲ့သခင်လေးရဲ့
ဒဏ်ရာဒဏ်ချက်တွေကအရမ်းပြင်းထန်လွန်း
နေပါတယ်"

"ဘာ့လို့အနီးနားကရုံးတော်ကိုသွားပြီး
အကူအညီမတောင်းရတာလဲ"

ဘေးကနားထောင်နေသောတင်းဖန်း
ငြိမ်မနေနိုင်ပဲဝင်မေးလိုက်သည်။

"သခင်လေးကအသိမဝင်သေးတဲ့အခြေအနေမလို့
တစ်ယောက်တည်းမထားခဲ့နိုင်တာပါ..
နှစ်ဝက်လောက်လဲနေခဲ့တဲ့အတွက်
ထားခဲ့လို့ကမဖြစ်နိုင်လို့ပါ
လွန့်ခဲ့တဲ့ငါးလခန့်ကမှသခင်လေးသတိပြန်လည်လာ
တာပါ..ဒါပေမဲ့နိုးလာတဲ့အချိန်မှာဘာမှကို
မမှတ်မိတော့ပါဘူး..နာမည်ကိုပင်မမှတ်မိ
တော့ပါဘူး
ဓားမြများနှင့်တိုက်ခိုက်ခဲ့စဥ်ကရလိုက်တဲ့ခေါင်းကဒဏ်ရာကြောင့်လည်းဖြစ်နိုင်ပါတယ်"

"ဘာပြောလိုက်တယ်"

ကြားလိုက်ရသောစကားကယုံနိုင်စဖွယ်ပင်မရှိ

"သခင်လေးကဘာမှတ်ဥာဏ်မှမကျန်တော့ပါဘူး
သူ့ဘဝနဲ့ပတ်သတ်ပြီးဘာမှမမှတ်မိ
တော့ပါဘူး
မှတ်မိဖို့ကြိုးစားတိုင်းမှာခေါင်းကမတရား
ကိုက်လာတဲ့အတွက်အမြဲပင်
သတိလစ်သွားပါတယ်
ဒဏ်ရာတွေပိုမိုဆိုးလာမှာစိုးသည့်အတွက်
သခင်လေးကိုဘာမှမပြောထားခဲ့တာပါ"

ရှောင်စန်းသည်အသံများတုန်ယင်လာပြီးငိုတော့မယောင်ပင်ဖြစ်နေသည်။
ကျင်း,တင်းဖန်းနှင့်မူယွဲ့သည်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းအခုမှပဲဖြစ်ရပ်များကိုနားလည်သွားတော့သည်။

"ဒီမိန်းမနဲ့ကလေးကရော..လုချန်ရဲ့"

လုချန်၏ချစ်ရည်ရွမ်းနေသောအသံအားကြားလိုက်ရသူ မူယွဲ့သည်သိချင်စိတ်အားမထိန်းနိုင်တော့ဘဲထမေးတော့သည်။

"မဟုတ်ပါဘူး..သခင်လေးသေချာလှုပ်ရှားနိုင်သည်က
သုံးလခန့်ပင်ရှိပါသေးတယ်"

ရှောင်စန်းရှင်းပြသည်ကိုနားထောင်ရင်း
ကျင်း သိလိုသည်များအလုံးစုံကိုနားလည်သွားသည်။
အခန်းထဲမှသူများအားအပြင်ထွက်သွားကြရန်
လက်ဝှေ့ယမ်းပြလိုက်သည်။

အေးချမ်းစွာပင်အိပ်မောကျနေသော
လုချန်ဆံပင်လေးအားဖွဖွလေးပွတ်သတ်
လိုက်ပြီး

"ဒါဆို..မင်းငါနဲ့ပတ်သတ်ပြီးအကုန်မေ့သွားပြီပေါ့
ဟုတ်လား..ကောင်းတယ်..လုချန်
အရမ်းကောင်းတယ်"

••••••••••

Hua Hua You Long Fanfiction 1(ဘာသာပြန်)Donde viven las historias. Descúbrelo ahora