[[U]]
နွေရာသီကုန်ဆုံးချိန်ကာလသည်
နွေအစရာသီကဲ့သို့ပင်ပူလောင်မြဲဖြစ်သည်။
သို့သော်လည်းနန်းတော်တစ်ခွင်မှာတော့
ဆောင်း၏အငွေ့အသက်များကပြည့်နှက်လျက်
ရှိသည်။
ခန်းမအလယ်တွင်မတ်တပ်ရပ်လျက်ရှိသော
ကျင်းဆီမှအငွေ့အသက်များသည်အနီးတဝိုက်
ရှိလူများအားကျောစိမ့်စေသည်။..
ဒီအချိန်တွင်တစ်ယောက်ယောက်ကများမော်
ကြည့်လိုက်လျှင်သတ်ပစ်နိုင်သည်ဟူသော
အရိပ်အယောင်တွေကိုနက်မှောင်နေသည့်
မျက်ဝန်းတစ်စုံကသက်သေပြနေသည်။
ဒေါသမီးတဟုန်းဟုန်းတောက်လောင်ကာ
နှုတ်ခမ်းတင်းတင်းစေ့ထားသောကြောင့်
နတ်မင်းသဖွယ်မျက်နှာသည်ငရဲမင်းနှင့်ပင်
တူလွန်းလှသည်။
အသက်ရူသံပြင်းရင်တောင်အသတ်ခံရမည့်
အနေအထားဖြစ်နေ၍ခန်းမအတွင်းမှလူများ
တုပ်တုပ်မှပင်မလှုပ်ရဲကျဖြစ်နေသည်။
သခင်လုပျောက်သွားတာတစ်ပတ်ခန့်ရှိပြီဖြစ်ပြီး
ဘယ်သူမှဘယ်မှာရှာရမှန်းမသိကြပါ
အချိန်အတော်ကြာစစ်ဆေးစုံစမ်းပြီးမှ
လုချန်မြို့တော်ကထွက်ချိန်တွင်စောင့်သော
ဂိတ်စောင့်အားတင်းဖန်း
ရှာဖွေတွေ့ရှိလာသည်။
သူတို့ပြောပြချက်အရသခင်လုနှင့်သူ့လက်ထောက်ထွက်သွားသည့်အချိန်မှာ
ညသန်းခေါင်ချိန်ဖြစ်ပြီးဆယ်ရက်ခန့်ပင်ကြာပြီ
ဖြစ်ကြောင်းသိခဲ့ရသည်။..
"ဘာလို့သူတို့ကိုသွားခွင့်ပြုခဲ့တာလဲ"
ကျင်းသည်လက်သီးတင်းတင်းဆုတ်ကာ
အစောင့်နှစ်ယောက်အားမေးလိုက်သည်။
"လျှောက်...လျှောက်..တင်...တင်ပါသည်..
အရှင်မင်းကြီး"
"သ..သ...ခင်...ခင်...ခင်..လု..လု..သူ..သူ"
"သေချာပြောစမ်း"
ကျင်းဟိန်းဟောက်သံသည်ထိုအစောင့်
နှစ်ယောက်၏နားမှတစ်ဆင့်အသည်းနှလုံးဆီ
သို့တိုက်ရိုက်စီးဝင်သွားကြသည်။
တစ်ယောက်မှာအထိတ်ထိတ်အလန့်လန့်
ဝိညာဉ်လွင့်သွားဟန်ပင်အသိပျောက်
သွားတော့သည်။..
ဒုတိယတစ်ယောက်မှာကြောက်စိတ်တွေကို
မနည်းပင်မြိုချရင်း.
"လျှောက်တင်ပါသည်..အရှင်မင်းကြီး
သခင်လုမှာအရှင်မင်းကြီးရဲ့ဖြတ်သန်းခွင့်တံဆိပ်
ပါနေတဲ့အတွက်ကျွန်တော်မျိုးတို့
တားမြစ်ပိုင်ခွင့်မရှိတာပါ"
ကျင်းတစ်ကိုယ်လုံးတုန်ယင်လာကာခုံပေါ်သို့
နောက်ပြန်ထိုင်ကြသွားသည်။
ပြင်းထန်လာသောနှလုံးခုန်သံတွေကို
ဖိနှိပ်ထားရင်းနှင့်ပင်နှလုံးသားတစ်ခုလုံး
အဆမတန်လေးလံလာသည်။
လုချန်လွတ်လွတ်လပ်လပ်နေနိုင်ရန်
ထိုအရာအားပေးထားသည်ဖြစ်ပေမဲ့
ယခုကဲ့သို့အသုံးချသွားမည်ထင်မထားခဲ့တာလည်းပါသည်။
မျက်ဝန်းတွေကိုတင်းတင်းပိတ်ထားရင်းပင်
"ဘယ်နှစ်ယောက်လဲ"
"နှစ်ယောက်ပါ..အရှင်မင်းကြီး..
သခင်လုနဲ့သူ့လက်ထောက်ပါ"
"ဘာအကြောင်းကြောင့်လဲဆိုတာကော
မေးခဲ့လား"
ယောက်ရက်ခတ်နေသောခံစားချက်များကိုမြိုသိပ်ရင်းအံတင်းတင်းကြိတ်ထားမိသည်။
"လျှောက်တင်ပါသည်..အရှင်မင်းကြီး
သခင်လုအားမေးခွန်းမမေးဝံ့ပါ"
ဟုတ်တာပေါ့..အဆင့်နိမ့်သည့်ဂိတ်စောင့်
နှစ်ယောက်သည်ဘုရင့်ဖြတ်သန်းခွင့်တံဆိပ်
ကိုင်ဆောင်လာသူကိုဘာမေးခွန်းမေးဝံ့မှာလဲ
"အသုံးမကျတဲ့ကောင်တွေ"
ထပ်ဆိုးရွားစရာတွေကျရောက်လာမည်
စိုး၍အစောင့်နှစ်ယောက်အားထွက်
သွားရန်တင်းဖန်းမျက်ရိပ်ပြလိုက်သည်။
လုချန်ပျောက်ဆုံးနေကြောင်းသိသည့်နေ့မှ
စ၍ဒေါသအမျက်ချောင်းချောင်းထွက်ကာ တိုင်းပြည်တစ်ပြည်လုံးအနှံ့ရှာဖွေခိုင်းတော့သည်။
အစီအစဉ်အတိုင်းကိုယ့်ကိုယ်ကိုထိန်းချုပ်ကာ
လုချန်ဆီမသွားဘဲနေခဲ့ရာမှ
လွန်ခဲ့သောနှစ်ရက်လောက်ကျမှမထိန်းနိုင်တော့ဘဲ
အဆောင်သို့သွားခဲ့သည်။
နွေးထွေးမှုအစားအေးစက်နေသည့်
အခန်းကဆီးကြိုနေသောကြောင့်
ကျင်းစိတ်တွင်ထိတ်လန့်မှုများပြည့်လျံလာသည်။
အမှောင်တစ်နေရာတွင်လုချန်စိတ်ကောက်
နေသည်ဟုထင်မိပြီးအသံပြုခဲ့ပေမဲ့
ဘာသံမျှပြန်မလာခဲ့..
တုန်လှုပ်နေသောနှလုံးခုန်သံတွေနဲ့အတူ
အစေခံများအားအော်ခေါ်ခဲ့ပေမဲ့
စိတ်ပျက်အားလျော့ဖွယ်စကားများသာ
ကြားခဲ့ရသည်။..
သခင်လုအားမတွေ့သည်မှာခြောက်ရက်ခုနှစ်
ရက်ခန့်ရှိပြီးဖြစ်ကြောင်းနှင့်ဘယ်ကိုသွားကြ
လဲမသိကြောင်းသာပြောကြသည်။
မှောင်မည်းကာဗလာဖြစ်နေသောအခန်းအတွင်း
ရှိခုတင်ပေါ်၌ထိုင်ရင်းလုချန်ကိုယ်သင်းနံ့
လေးအားရှူရှိုက်၍အခန်းအတွင်းရှိနေသလို
ခံစားကြည့်ပေမယ့်လည်းအချည်းနှီးသာဖြစ်သည်။
ဝင်ရောက်နေသောခံစားချက်သည်အလွန်ပင်အစိမ်းသက်သက်
နိုင်လှ၏..
လုံးဝမဖြစ်နိုင်..လုချန်ကဘာစကားမှမဆိုဘဲ
ထွက်သွားမယ်တဲ့လား..မဖြစ်နိုင်တာ..
ဒါဆိုဘာလဲ
လုချန်အပေါ်အရမ်းရက်စက်မိသွားတာလား
အဲ့ဒါကြောင့်သာဆိုရင်အစတည်းကလုချန်
စွန့်ခွာသွားတာကြာပြီပေါ့
လုချန်ကိုအဝေးကြီးပစ်ထားမိသလိုဖြစ်သွား
တာလား..ဒါကြောင့်ထွက်ခွာသွားဖို့ဆုံးဖြတ်
ခဲ့တာလား..
ဟုတ်တယ်..နောက်ဆုံးတွေခဲ့တဲ့နေ့တုန်းက
လုချန်ငိုနေခဲ့သည်။
အဖြစ်အပျက်တွေကိုပြန်လည်မြင်ယောင်လာတာနှင့်အမျှ
အသက်မရှူနိုင်တော့ပဲနောင်တကြီးစွာဖြင့်
မျက်လုံးတွေအားဆုံမှိတ်ချလိုက်သည်။
အကယ်၍သာဤအကြံအစည်တွေကို
အကောင်အထည်မဖော်ဘဲလုချန်အနားမှာ
သာနေခဲ့မယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်လာမည်
မဟုတ်
ကျင်းမျက်နှာပေါ်မှပြောင်းလဲနေသောအမူအရာ
တွေကိုတင်းဖန်းရပ်ကြည့်နေရင်းပင်
နားမလည်နိုင်တော့ပါ
လုချန်..ဘာတွေထက်လုပ်ပြန်နေပြီလဲ
သူ့အနားမှာနေမည့်အခြားထွက်သွားခြင်းကိုသာရွေးချယ်ခဲ့သည့်လုချန်လုပ်ရပ်ကိုကျင်းလည်းနားမလည်နိုင်ပါ
ကျင်းမသိပဲကျင်းမပါပဲဘယ်မှသွားခွင့်မရှိကြောင်းကိုနားလည်သောလုချန်သည်ယခုကဲ့သို့သောလုပ်ရပ်ကိုတကယ်ပဲရွေးချယ်ခဲ့တာလား
အညိုးတရားကြီးမားသောတစ္ဆေတစ်ကောင်ဝင်စီးထားသကဲ့သို့ခက်ထန်နေသည့်ကျင်းအသွင်သည်နတ်ဆိုးတစ်ကောင်အလားပင်ဖြစ်သည်။
မျှချေမညီလှသောအတွေးပေါင်းစုံကြားမှကျင်းစိတ်အခြေအနေကလည်းမတည်ငြိမ်နိုင်ဖြစ်နေသည်။
"တင်းဖန်း!!!"
"အရှင်မင်းကြီး"
"ထွက်ခွာဖို့ပြင်..ဟန်ကျိုးကိုသွားမယ်
မူယွဲ့ကိုပါခေါ်လိုက်..ငါ့စိတ်ကိုမထိန်း
နိုင်တော့ရင်တားဖို့လူလိုတယ်"
"အမိန့်နာခံပါတယ်..အရှင်မင်းကြီး"
ယုံးရီကိုလုချန်အဆိပ်ခတ်သတ်သည်
သတင်းကြားပြီးစိတ်မထိန်းနိုင်စွာနှိပ်စက်မိသော
အချိန်ကလည်းတားခဲ့သူသည်တင်းဖန်း
ဖြစ်သည်။
အခုအချိန်တွင်လည်းလုချန်လုံခြုံမှုအား
စိတ်ပူဟန်တူသည်။
မြင်းပေါ်မှဆင်းပြီးနောက်ရဲမက်တွေအားသင်ကြားနေဆဲဖြစ်သောမူယွဲ့ထံလျှောက်သွားသည်။
"စစ်သူကြီးမူယွဲ့ “
"တပ်မှူး တင်း ဘာအရေးများရှိလို့လဲ”
"အရှင်မင်းကြီးကဟန်ကျိုးကိုအတူသွားဖို့ရန်မိန့်ကြားလာပါတယ်"
"အလည်အပတ်သွားဖို့ပဲလား"
ခေါင်းကိုခါယမ်းနေသည့်တင်းဖန်းအသွင်သည်ထုံးစံအတိုင်းနှင့်မတူတည်ငြိမ်လှသည်။
"အဲ့လိုမဟုတ်တာကခက်တယ်"
လုချန်ထိုင်နေတတ်သောနေရာကိုကြည့်ရင်းစိတ်ပျက်လက်ပျက်ပြောသောတင်းဖန်းကြောင့်ယခုဖြစ်ပြတ်နေသည့်ကိစ္စရပ်များကမူယွဲ့ခေါင်းထဲဝင်ရောက်လာသည်။
"အာ..သိပြီ..အမြန်ဆုံးဖြစ်စေရမယ်"
နှစ်ယောက်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းသက်ပြင်းချရုံသာတတ်နိုင်သည်။
ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်လေ့ရှိသောစုံတွဲကြားတွင်နောက်ထပ်အခင်းတစ်ခုရောက်ရှိလာပြန်သည်။
•••••••••••
ထုန်အန်းနွေရာသီတွင်မိုးများကလည်း
ရံဖန်ရံခါရွာလေ့ရှိသည်။
နွေရာသီကုန်ဆုံးချိန်ဖြစ်ပေမဲ့လည်း
မိုးကရပ်စဲခြင်းမရှိ....
ဒီနေ့တွင်လည်းကောင်းကင်ရှိမိုးရိပ်များက
ခရီးသွားရန်မသင့်ကြောင်းဖော်ပြလျက်ရှိသည်။
သို့ပေမဲ့လည်းကောင်းကင်ကြည်လင်မှ
သွားမည်ဆိုသောတင်းဖန်း
အကြံကိုလက်မခံခဲ့
ခရီးစဉ်အားကြန့်ကြာနှောင့်နှေးမည့်ကိစ္စများအားလုံးဝပင်လက်မခံသောကြောင့်
တင်းဖန်းလည်းမပြောနိုင်တော့ပဲမင်းကြီးစီးနင်းရန်
အကောင်းဆုံးမြင်းကိုရွေးချယ်ပေးခဲ့သည်။
ကျင်း,တင်းဖန်း,မူယွဲ့သုံးဦးသားသည်။
လုချန်မွေးရပ်မြေဖြစ်သည့်ဟန်ကျိုးသို့
ထွက်ခွာခဲ့ကြသည်
ခရီးတစ်လျှောက်လုံးတွင်ရာသီဥတုသည်
ဆန္ဒနှင့်မကိုက်ညီခဲ့
အနားယူရန်ကျင်းသည်လက်မခံပေမဲ့လည်း
မြင်းများကတောင့်မခံနိုင်တော့ပါ
ပင်ပန်းရှည်လျားလွန်းသည့်ခရီးသည်မှန်းထား
သောအချိန်ထက်နှစ်ဆခန့်ပင်ကြာခဲ့သည်။
နေ့လည်ပိုင်းခန့်ဟန်ကျိုးကိုရောက်ရှိခဲ့ပြီး
နားခြင်းပင်မရှိဘဲရုံးတော်သို့တိုက်ရိုက်
သွားခဲ့သည်။
လုချန်ကိုတွေ့ရရန်ကျင်းမစောင့်နိုင်တော့ပါ
"လုချန်ဘယ်မှာလဲ"
လုချန်၏ညီအစ်ကိုများနေ့လည်စာစားနေကြ
ရာနေရာသို့သွားကာအော်ဟစ်လိုက်သည်။
သူတို့အစ်ကိုကြီးလည်းမရှိပါပဲနဲ့ရောက်လာ
သောကျင်းကြောင့်အကုန်လုံးအူလည်လည်
ဖြစ်ကာအသံတိတ်သွားကြသည်။
"လုချန်ဘယ်မှာလဲလို့မေးနေတယ်လေ
ငါတစ်ခုခုမလုပ်မိခင်မှာသူ့ကိုထွက်လာခိုင်းလိုက်
ငါမင်းတို့ကိုသတိပေးထားတယ်မလား..
နောက်တစ်ခါထပ်လုပ်ရင်လုံးဝခွင့်မလွှတ်ဘူးဆိုတာ"
အကုန်လုံးထိတ်လန့်နေကြရမှချောင်ရှင်း
သတိပြန်ဝင်လာပြီး
"အရှင်မင်းကြီး..အစ်ကိုကြီးဘယ်မှာလဲဆိုတာဘာလို့
ကျွန်တော်တို့ကိုလာမေးနေရတာလဲ
မြို့တော်မှာသူရှိနေမှာမဟုတ်ဘူးလား"
"တော်စမ်း..အခုချက်ချင်းသူ့ကိုထွက်လာခိုင်း"
"သူမှဒီမှာမရှိတာ..ဘယ်လိုလုပ်ထွက်လာခိုင်း
ရမှာလဲ"
"အစ်ကိုကြီးမရှိဘူးဆိုရင်တစ်ခုခုများဖြစ်နေတာ
များလား..ဒါမှမဟုတ်တစ်ခုခုလုပ်လိုက်လို့
အစ်ကိုကြီးထွက်ပြေးသွားတာမလား"
အရိပ်အခြေမသိသောကောချင်သည်
တဖန်ထွက်လာပြန်သည်။
"ငါတို့တောင်းပန်တာတောင်အစ်ကိုကြီးက
မင်းဆီကထွက်သွားတာမဟုတ်ဘူး..
အခုမင်းအစ်ကိုကြီးကိုတစ်ခုခုလုပ်လိုက်
တာမလား"
တဖန်ချောင်ရှင်းကဝင်ပြီးစွပ်စွဲတော့သည်။
လုချန်ပျောက်လို့ဒေါသအမျက်ချောင်းချောင်း
ထနေချိန်တွင်လုချန်ညီအစ်ကိုတွေဆီမှ
ထိုစကားများအားသည်းငြီးမခံနိုင်တော့ပဲ
မျက်မှောင်ကျုတ်လာပြီးအကုန်လုံးအား
သတ်ပြစ်တော့မည့်အနေအထားသို့ရောက်
ရှိလာတဲ့အတွက်မူယွဲ့
အမြန်ပင်ရှေ့ထွက်ကာ
"ရိုင်းစိုင်းလိုက်တာ..ဘုရင်ကိုဒီလိုပုံစံမျိုးနဲ့
ပြောဝံ့လား.."
မူယွဲ့အမြန်ကြားဝင်လိုက်တာကြောင့်
တင်းဖန်းသက်ပြင်းချရတော့သည်။
"ထွက်လာခိုင်းလိုက်"
ကျင်းသည်ခေါင်းမာလျက်ပင်လုချန် ဟန်ကျိုးမှာရှိနေသည်ဟုထင်နေဆဲဖြစ်သည်။
"အခြားဘယ်နေရာသူသွားစရာရှိလို့လဲ"
"လျှောက်တင်ပါသည်..အရှင်မင်းကြီး
အစ်ကိုကြီးဒီမှာမရှိပါ..မတွေ့ဖြစ်သည်မှာ
နှစ်နှစ်ခန့်ပင်ရှိပါပြီ..သူအခုဘယ်မှာရှိနေမှန်း
မသိပါ.."
ဓားမြတွေထဲတွင်အတည်ငြိမ်ဆုံးယဥ်ကျေးလိမ္မာမှုအရှိဆုံးလျိုချော်မှပဲ
မပြောပြနိုင်ကိုပင်ကြောက်မက်ဖွယ်ကောင်းနေသောဧကရာဇ်အသွင်အားသတိမမူမိကာဆက်ပြောနေသောနှစ်ယောက်ကိုမျက်လုံးနှင့်ဟန့်ရင်းကြားဝင်ပြောလိုက်သည်။
"ကျွန်တော်မျိုးတို့တကယ်ပဲမသိတာပါ..သူဘာများဖြစ်လို့လဲ
အရှင်မင်းကြီး"
ချောမောလှသောမျက်နှာသည်ရှုံတွနေကာဤနိုင်ငံ၏ဧကရာဇ်သည်မသိလျှင်အခြားကမ္ဘာမှဆင်းသက်လာသောမိစ္ဆာအသွင်ဆောင်နေသည်။
ပြန်လည်ဖြေကြားခြင်းတော့မရှိပေမဲ့အချက်ကျကျပြောလာသူစကားတွေကိုယုံကြည်ရန်ဆုံးဖြတ်လိုက်ပြီး
ဟန်ကျိုးမှာထွက်ခွာရန်ပြန်ကြသည်။
လုချန်မရှိသောနေရာတွင်
အချိန်ကုန်ခံပြီးမနေချင်..
"မူယွဲ့,တင်းဖန်းသွားမယ်"
ကြောကြောမော့မော့လေးထွက်သွသည့်နောက်မှာတော့မူယွဲ့နှင့်တင်းဖန်းနှစ်ယောက်ကျန်ရစ်ကာကျင်းနောက်လိုက်ပြီးမေးစရာတွေရှိနေသောလုချန်ညီအစ်ကိုများကိုတားမြစ်နေရသည်။
ကျင်းလူယုံနှစ်ယောက်လုံး၏မသာယာသောမျက်နှာထားတွေကြောင့်
အနောက်ကိုဆက်မလိုက်တော့ပေမဲ့ရင်တွင်းမှတော့မငြိမ်းချမ်းလှဘူး
တင်းဖန်းမှသာနောက်များတွင်စာရေးပြီးရှင်းပြမည်ဟုကတိပေးလိုက်ရသည်။
••••••••••••
နန်းတော်၌
ရှန်းဝမ်သည်လုချန်ပြန်အလာကို
ပူပင်သောကကြီးစွာဖြင့်စောင့်ဆိုင်းလျက်
ရှိသည်။
"ယုရီ..ဘာသတင်းကြားမိသေးလဲ'
"ဘာမှမကြားမိပါ..မိဖုရား"
စိတ်ပူပန်နေသောမိဖုရားအားကြည့်လျက်
ယုရီရင်ထဲ၌မကောင်းလှပေမဲ့ဘုရင့်အမိန့်ဖြစ်နေတော့လည်းရှေ့တန်းတင်စရာရှိသည်ကိုရှေ့တန်းတင်ရမည်ဖြစ်သည်။
နွေရာသီကုန်တော့မည်ဖြစ်ပေမဲ့
တာ့ထုန်နန်းတွင်း၏လှို့ဝှက်ချက်တစ်စုံတစ်ရာ
ကိုမှစုံစမ်း၍မရခဲ့သောကြောင့်
အိမ်ရှေ့မင်းသားလာလည်စဉ်အခါကမှာကြားခဲ့သော
အစီအစဉ်အရတာ့ထုန်ဧကရာဇ်၏အားနည်းချက်
ကိုရှာဖွေခဲ့ကြသည်။
သိုင်းပညာမြင့်မားသည့်လုပ်ကြံသတ်ဖြတ်သူများ
အားနယ်စပ်နားရှိမြို့လေးတစ်မြို့နားတွင်
ချထားခဲ့ကြောင်းအိမ်ရှေ့မင်းသားပြောကြားချက်
အရသိရသည်။
စုံစမ်းမှုတွေအရအဓိကအားနည်းချက်
ဖြစ်သည့်ဘုရင့်အချစ်တော်သခင်လုကို
ရှင်းပစ်ရန်ယုရီဆုံးဖြတ်ခဲ့သည်။
ထိုကိစ္စအားရှန်းဝမ်သိလျှင်နှလုံးသား
နူးညံ့သူဖြစ်သည့်အလျှောက်လက်ခံမည်မဟုတ်
ထို့ကြောင့်ဘုရင်လီရှန်းသည်တာ့ထုန်ကို
တိုက်ခိုက်ရန်စီစဉ်နေသောကြောင့်
ဟန့်တားကာအကျိုးအကြောင်းပြောသင့်ကြောင်းတိုက်တွန်းခဲ့သည့်
စာကိုလည်းဧကရာဇ်၏အချစ်တော်ဖြစ်သည်နှင့်အညီဘယ်နေရာမဆိုဝင်ထွက်သွားလာခွင့်ရှိသောသခင်လုအားပို့ခိုင်းသင့်ကြောင်း
လီဆယ်ပြောဆိုခဲ့သည်။
ဖခမည်းတော်နှင့်ခင်ပွန်းအကြားဝင်ရတော့
မည်ဖြစ်သော်ကြောင့်သေချာပင်မစဉ်းစားနိုင်
တော့ပဲညတွင်းချင်းသခင်လုအဆောင်ကို
သွားကာစာပို့ပေးရန်တောင်းဆိုတော့သည်။
သခင်လုအားပထမဆုံးမြင်ဖူးသူယုရီသည်ထိုသူအသွင်အပြင်အားလွန်စွာမျက်စိကျလှသည်။
ရှန်းဝမ်ပြောထားဖူးသည့်အတိုင်းလူတကာအကြည့်တွေဖမ်းစားနိုင်လောက်အောင်ချောမောခန့်ညားသည့်လူငယ်အသွင်ဆောင်သည်။
အရပ်အမြင့်မှာလည်းဧကရာဇ်နှင့်ရွယ်တူလောက်ရှိရာနှစ်ယောက်ယှဥ်တွဲလာလျှင်ဘယ်လောက်တောင်လိုက်ဖက်ညီလေမလဲဆိုတာယုရီပုံဖော်မိနေသည်။
ရှန်းဝမ်အကျိုးအကြောင်းပြောပြပြီးချင်း
တွင်သခင်လုသည်တုံ့ဆိုင်းခြင်းပင်မရှိ
ကူညီမည်ဖြစ်ကြောင်းသဘောတူခဲ့သည်။
ရှန်းဝမ်နှင့်စိတ်နေစိတ်ထားတူညီလွန်းလှသောလုချန်ကြောင့်ယုရီလိပ်ပြာမသန့်သလိုတောင်ခံစားလိုက်ရသည်။
အမှန်တကယ်တမ်းတော့လုချန်သွား
တွေ့ရမည်မှာသေမင်းသာဖြစ်ကြောင်း
ရှန်းဝမ်မရိပ်စားမိခဲ့ပါ
"အစ်ကိုလုတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်ရပါ့"
"သခင်လုကသိုင်းပညာလည်းတော်တယ်
ပြီးတော့သူကလက်ထောက်စစ်သူကြီးလေ
စိုးရိမ်စရာမလို..."
"ဒါပေမဲ့..အရှင်မင်းကြီး..အရှင်မင်းကြီး
လိုက်သွားတယ်..တကယ်လို့သိသွားရင်
ဘယ်လိုလုပ်မလဲ"
"မိဖုရား..အကုန်အဆင်ပြေသွားမှာပါ.."
အစကတော့သခင်လုအားဖယ်ထုတ်လိုက်
လျှင်ကျင်းအချစ်တွေသည်ရှန်းဝမ်ဆီသာ
အကုန်ရောက်လာပြီးရှန်းဝမ်ထံအာဏာများရောက်ရှိလာမည်ဟုယုရီထင်ခဲ့သည်။
မိဖုရားအပေါ်ထားသည့်ဧကရာဇ်၏အချစ်များကိုကောင်းကောင်းအသုံးချနိုင်တော့မည်ဟုမှတ်ယူထားခဲ့ကြသည်။
သို့ပေမဲ့လည်းအခုအချိန်ထိနန်းတော်မှာမရှိ
အချစ်တော်အားလိုက်ရှာနေသောဘုရင်
ကြောင့်စီစဉ်ထားသမျှကျရှုံးတော့မလိုပင်
ဖြစ်နေသည်။
မိဖုရားရှိသည့်အတွက်နန်းတွင်းရုံးတော်တစ်ခု
လုံးပရမ်းပတာဖြစ်မည်လို့တွေးမိပြန်တော့လည်း
ရုံးတော်ကပုံမှန်လည်ပတ်မြဲသာဖြစ်သည်။
ယုရီနားမလည်နိုင်ကအမိန့်ပေးမည့်ဘုရင်တစ်ပါးလုံးမရှိတာကိုတောင်အရှိန်မပြတ်လည်ပတ်နေသောနန်းတွင်းရုံးတော်ကိုသာဖြစ်သည်။
ဆိုးရွားသောကိစ္စရပ်များဖြစ်လာတော့လေမလားဟူသောအတွေးကိုဖယ်ထုတ်ကာခေါင်းကိုတွင်တွင်ခါယမ်းမိတော့သည်။
••••••••••
အချိန်တွေသည်လည်းနွေမှဆောင်းဦး..
ဆောင်းဦးမှဆောင်းကာလသို့ပင်ကြာမြင့်သွား
ကြပြီ..
နှစ်ဝက်ခန့်နန်းတော်အပြင်တွင်ရှာဖွေ
နေပြီးမှလေစိမ်းတွေသယ်ဆောင်လာလျက်
နန်းတော်သို့ပြန်လာခဲ့သည်။
ရှိနိုင်သမျှနေရာအကုန်ရှာဖွေခဲ့ပေမဲ့
လုံးဝပင်ခြေရာမရှာမိဘဲလုချန်သည်
ပျောက်ဆုံးမြဲသာဖြစ်သည်။
မူယွဲ့ကအစားရှာပေးမည်အနားယူပါဦးလို့
ခခယယတောင်းပန်မှုကြောင့်သာ
နန်းတော်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။
မူယွဲ့မှကတိပေးထားခြင်းနှင့်အတူလုပ်နိုင်စွမ်းတွေကိုသိပေမဲ့လည်းဒေါသတရား၏လှုံဆော်မှုတွေကြောင့်အေးအေးနေရသည်ကိုမရှိ
ပြန်လာသည့်အချိန်ကါလအတွင်းတွင်
တားဆီးမရနိုင်သောကျင်း
စိတ်အခြေအနေကြောင့်
မိန်းမစိုးလေးယောက်သေဆုံးသွားပြီး
ဝန်ကြီးသုံးဦးကွပ်မြတ်ခံလိုက်ရသည်။
တဖန်မောင်းမတော်သေဆုံးမှုမှာလည်း
ဆယ်ယောက်ထက်မနည်းဖြစ်သည်။
ဘာမျှမဟုတ်သောအမှားလေးတစ်ခုကိုပင်ရောက်လာမည့်ပြစ်ဒဏ်များကြောင့်အကုန်လုံးသည်ပါးလွှားသောရေခဲချပ်၌လျှောက်ရသလိုကြောက်ရွံ့နေကြသည်။
ကျင်းသည်မြေအောက်အမှောင်ဒုစရိုက်လောက
၏ဘုရင်သဖွယ်ကိုဖြစ်နေတော့သည်။
တင်းဖန်းကတော့တစ်တိုင်းပြည်လုံးတစ္ဆေမြို့တော်ဖြစ်မသွားခင်လုချန်အမြန်ပြန်လာဖို့သာဆုတောင်းနေမိသည်။
အခုအချိန်တွင်ကျင်းစိတ်ကိုငြိမ်အောင်
ထိန်းထားနိုင်သူသည်အမြွှာညီထုန်ရှင်း
မြို့စားသာရှိတော့သည်။
ကျင်းမရှိသောအခါမျိုး သို့မဟုတ်ယခုကဲ့သို့အဓိပ္ပာယ်မရှိသောင်းကျန်းနေတတ်သောအချိန်တွင်အတွင်းရုံးတော်အခြေအနေများသည်ကျန်းလက်ထဲရောက်ရှိလာမြဲဖြစ်သည်။
အစ်ကိုတော်အားကျန်းချစ်ခင်လှသည်။
ညီအစ်ကိုချင်းထက်ပိုသောအချစ်များကိုသူလည်းသိသလိုအစ်ကိုတော်လည်းသိပေမဲ့အရင်းအနှီးမပျက်စေရန်မသိချင်ဆောင်လေ့ရှိသည်။
သူရဲကောင်းရွေးပွဲကျင်းပခဲ့ခြင်း၏အဓိကရည်ရွယ်ချက်ကိုသိလိုက်ရချိန်တွင်စိက်ပျက်မှုများစွာနှင့်ဒေါသထွက်ခဲ့သည်ကိုမငြင်းဆိုနိုင်ပါ။
အစ်ကိုတော်အပေါ်ထားသောခံစားချက်များကိုသိလျက်နဲ့ပင်ရှီကျွမ်းမှထိုအကြောင်းအရာတွေကိုတခမ်းတနားပြောလာသေးသည်။
အလည်အပတ်သဘောကျသောအစ်ကိုတော်ကြောင့်လည်းထုန်အန်းမျှော်စင်ကိုသူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တန်ဖိုးမရှိလှသောအိမ်မွေးသာသာအကောင်အပေါ်၌သာမန်ထက်ထူးကာပိုမိုအာရုံစိုက်နေသောအစ်ကိုတော့်လုပ်ရက်ကြောင့်လုချန်အပေါ်အမြင်ကြည်ခဲ့သည်မဟုတ်
လုချန်အားပေးသည့်ရာထူးနှင့်သူ့နည်းတူထည်ဝါလှသောအဆောင်အားချီးမြင့်ခြင်းတို့ကြောင့်လည်းကျန်း၏မနာလိုမှုများသည်လည်းပိုတိုးလာခဲ့သည်။
ကျင်းအပေါ်ထားသောခံစားချက်များတိုးမလာစေရန်အဝေးမှာသာနေခဲ့ပေမဲ့နားနှင့်မျက်စိရှိသူအဖို့နန်းတွင်း၌ဖြစ်သည်များကျန်းမသိသည်မရှိခဲ့။
အဓိပ္ပာယ်မရှိဆုံးအရာကတော့လုချန်မှအစ်ကိုတော်အားကိုယ်ထိလက်ရောက်စော်ကားခဲ့ခြင်းဖြစ်သည်။
သေဒဏ်ကျသည့်အပြစ်ကျူးလွန်ထားတာတောင်အစ်ကိုတော်မှဟန်ကျိုးကိုသာပို့လိုက်ပြီးတစ်ဖန်ပင်ဟန်ကျိုးအထိသွားပြီးပြန်လည်ခေါ်ဆောင်ခဲ့ပြန်သည်။
အဖက်ဖက်မှပြီးပြည့်စုံနေသောအစ်ကိုတော်သည်ဘာကြောင့်များလုချန်လိုလူမျိုးအတွက်နှင့်ဒုက္ခတွေခံနေရသလဲတွေးရင်းကျန်းသက်ပြင်းချမိသည်။
"အစ်ကိုတော်"
"ဘာလဲ..ကျန်း"
ကျင်းအသံသည်အေးစက်ပြီးအသက်မပါလှ
တစ်သက်တာလုံးထိုသို့သောလေသံမျိုးကျန်းအပေါ်သုံးခဲ့ဖူးသောသူမဟုတ်ခဲ့ပါ
မအိပ်ရသည့်နေ့တွေများပြီးဖြစ်တဲ့အတွက်
မျက်လုံးများကရဲရဲနီနေသည်။..
တစ်ကိုယ်လုံးပိန်ခြုံးကျကာသက်ရှိအရာ
လို့ပင်ထင်နိုင်စဖွယ်မရှိ..
"အစ်ကိုတော်..မအိပ်ပြန်ဘူးလား"
ပြီးပြည့်စုံလှသောကျင်းမျက်နှာအသွင်အားကြည့်မိတိုင်းကျန်းအမြဲအံ့သြသင့်မိဆဲဖြစ်သည်။
အမွှာဖြစ်ပေမဲ့လည်းကျန်းလိုချင်ခဲ့သည့်ပြည့်စုံသော အသွင်,စွမ်းဆောင်ရည်,ဦးနှောက်,ကျွမ်းကျင်မှုများသည်တစ်ဦးတည်းတွင်သာပါလာခဲ့သည်။
သို့ပေမဲ့ခံစားချက်များကတော့ပါလာခဲ့မပေါ်ပါ။
ကျင်းသည်ပြန်မဖြေချင်သည့်အသွင်နှင့်ပုံထားသောစာရွက်စာတမ်းတွေကိုစိတ်ရှုပ်စွာလက်မှတ်ထိုးပေးနေသည်။
"ဟား...စစ်သူကြီးမူယွဲ့ ဆီက
သတင်းကောင်းပါလာတယ်"
"ဘာလဲ..မူယွဲ့ဘာပြောလဲ
ဘာလို့အခုမှသတင်းကိုယူလာတာလဲ"
"အစ်ကိုတော်ဆီကို..ဘယ်သူကသတင်း
လာပို့ရဲမှာလဲ..အရင်သတင်းပို့တဲ့သူတွေကို
စ်ိတ်မထင်ရင်မထင်သလိုအပြစ်ပေးနေတာ.."
တစ်စုံတစ်ယောက်မှစော်ကားခံလိုက်ရသည်ကိုမနှစ်မြို့သောကျင်း
မျက်နှာထားကြောင့်ကျန်းအမြန်ပင်
စကားကိုရပ်တန့်လိုက်သည်။
"မူယွဲ့ပို့လာတာကအရှင်မင်းကြီးရဲ့ဖြတ်သန်း
ခွင့်တံဆိပ်ကိုင်ဆောင်ထားတဲ့သူကို
တွေ့တယ်တဲ့..အခုအဲ့လူနောက်လိုက်နေတယ်
ပြောပါတယ်"
"ဘာမှာတဲ့လဲ"
ထိုသတင်းကြားကြားချင်းပင်ထိုင်နေရာက
အမြန်ထတော့သည်။..နောက်ဆုံးတော့
မျှော်လင့်ချက်ရောင်ခြည်လေးတွေ့ပြီလေ
ကျင်းသည်လုချန်ပုံအားတိုင်းပြည်အနှံ
ဖြန့်ဝေလျက်တွေ့သူအားဆုငွေပေးမည်ဟုပင်
ကြော်ငြာခဲ့သည်။
သို့ပေမဲ့လည်းရှာမတွေ့ခဲ့ပဲ
လုချန်ပျောက်နေသည်မှာတစ်နှစ်ပင်ရှိတော့
မှာဖြစ်ပြီးနေ့တွေလတွေကုန်ဆုံးလာသည်
နှင့်အမျှကျင်းအခြေအနေမှာလည်း
တစ်ဖြည်းဖြည်းဆိုးရွားလာခဲ့သည်။
"အရှေ့အရပ်အန်းဟွေဒေသမှာပါ"
"တင်းဖန်း!!!"
လုချန်အားရှာတွေ့တော့မည်
ဖြစ်သည့်အတွက်စိတ်လှုပ်ရှားမှုတွေနဲ့အတူ
အော်ခေါ်လိုက်သည်။
"အဆင်သင့်ပြင်မူယွဲ့တို့ဆီသွားမယ်"
"နာခံပါ့မယ်..အရှင်မင်းကြီး"
"ကျန်းငါမှာထားတာတွေကိုမမေ့နဲ့'
"ဟုတ်ကဲ့ပါ..အစ်ကိုတော်"
ထူးဆန်းလှသောအစ်ကိုတော်၏မှာကြားချက်ကိုနားမလည်လှပေမဲ့ကိစ္စတိုင်း၏နောက်ကွယ်တွင်အကြောင်းပြချက်ကောင်းကောင်းရှိတတ်တာကြောင့်ကျန်းခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုအကုန်လုံးကိုမင်းလက်ထဲလွှဲထားခဲ့မယ်"
ပေါ်လာသည့်မျှော်လင့်ချက်အစွန်းအစလေးကြောင့်အပြုံးများသည်နှုတ်ခမ်းထပ်၌ဖြစ်တည်လာသည်။
ကျန်းလည်းတစ်ဖန်ပြန်လည်ရောက်ရှိလာသောအစ်ကိုတော်၏နွေးထွေးမှုကြောင့်ရင်ခွင်တွင်းသို့ခုန်ဝင်လိုက်သည်။
ထိုအခြင်းအရာများမှာလုချန်ကြောင့်ဖြစ်လာသည်ကိုလက်မခံနိုင်ပေမဲ့လည်းအမှန်တရားများသာဖြစ်သည်။
လုချန်ဘာကြောင့်ဤမျှသက်ရောက်စေနိုင်သလဲကျန်းရှာဖွေကြည့်ပေမဲ့မတွေ့နိုင်ပဲကြည့်ရသည်မှာအစ်ကိုတော်တစ်ဦးတည်းသာတွေ့မြင်နိုင်သည်ထင်သည်။
ကျန်းအတွက်တော့ရှိဆဲခံစားချက်များကိုချိုးနှိမ်ပြစ်ရုံသာတတ်နိုင်တော့သည်။
••••••••••
ဆောင်းဦးအစောပိုင်း,အန်းဟွေစီရင်စုနယ်မြေ,
ကျင်းကျိုင်ကျေးရွာ
မြင်းသုံးကောင်သည်တောင်၏အတွင်းပိုင်းသို့
အပြင်းနှင်လျက်ရှိသည်။
တဲအိမ်ငယ်လေးရှေ့တွင်ရပ်တန့်လိုက်ကြပြီး
စိတ်မရှည်တော့သောကျင်းတံခါးဆီသို့အမြန်
သွားကာခေါက်လိုက်သည်။..
"ဘယ်သူလဲ.."
ရင်းနှီးနေသောအသံနှင့်အတူတံခါးပွင့်
လာသည်။..
တစ်နှစ်တိုင်တိုင်သတိရလွမ်းဆွတ်နေရသော
အသံလေးကြောင့်ကျင်းနှလုံးသားတွေသည်
အဆမတန်လှုပ်ရှားလာသည်။
စိတ်လှုပ်ရှားမှုနှင့်အတူတစ်ကိုယ်လုံး
တုန်ယင်လာတော့သည်။..
တံခါးပွင့်သွားသောအခါချောမောခန့်ညားသည့်
အသွင်လေးကထွက်ပေါ်လာသည်။
"လုချန်"
"ဟုတ်ပါတယ်..ဘယ်သူတွေလဲမသိဘူး"
••••••••••••••••
YOU ARE READING
Hua Hua You Long Fanfiction 1(ဘာသာပြန်)
Romance(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)