U n i c o d e. ...
^လေးငယ်! !!လေးငယ်! !!!^
Mrs Park''ဟဲ့ hara ဘာဖြစ်လာတာလည်းအသည်းအသန် ''
Hara'' သတင်းထူး သတင်းထူးး ဖွားငယ်ရဲ့..... ''
Mrs Park'' ကဲ....ရော့ရေလေးဘာလေး သောက်ပြီးမှပြော ဘာသတင်းထူးလည်း.. ''
Park hara သည်အဖွားဖြစ်သူ ချပေးသောရေခွက်ကို တစ်ကျိုက်တည်း မော့သောက်ရင်း....သူ့အော်သံကြောင့် လူစုံသွားသည့် ဧည့်ခန်းကိုမျက်လုံး ဝေ့ကြည့်လိုက်သည်။
Hara'' လေးငယ်ရော ''
သူမ၏အမေးနောက်တွင် ကပ်ပါလာသော ဖြေကြားသံတစ်ခု.....
chanyeol'' ရှိပါတယ်ဗျာ ရှိပါတယ် ကဲ ပြောပြပါဦး ကျွန်တော့်ရဲ့စပ်စလူးစိန်လေး ဘာဖြစ်လာတာလဲ ''
hara သည်သူ၏လေးငယ်အား တွေ့သည်နှင့် အားရဝမ်းသာ စကားဆိုလာလေသည်။
Hara'' ဒီနေ့ shopping mall မှာ ဘာတွေ့ခဲ့တယ်ထင်လည်း ''
Chanyeol တွင်မောင်နှစ်မ နှစ်ယောက်ရှိသည်။ အိမ်တွင်မိသားစု စုစုပေါင်း ၇ ယောက်ရှိသည်။ အဖွား၊အမေ၊အဖေနဲ့ မမရယ်၊ မမခင်ပွန်းယောက်ဖနဲ့ သူတို့ရဲ့သမီး အခု chanyeol ရှေ့ကစပ်စလူးစိန်ရယ်နဲ့ chanyeol သာ။ အိမ်မှာကလေးဆိုလို့ သူသာရှိသည်မို့ အလိုလိုက်ထားသလို မည်သို့သောအခါမှ မရင့်ကျက်။ ဘွဲ့သာရပြီး ယောကျ်ားဖြင့်ယူတော့မည်။ စပ်စလူးစိန်ထပြီး လျှပ်ပြာလျှပ်ပြာ လုပ်တတ်သည့်အကျင့်က မပျောက်သေးပေ။ အခုလည်းဘာတွေ မွှေလာပြန်ပြီလည်းမသိ။
Yorana'' အမလေးအေ hara ရယ်စကားကို လိုရင်းသာပြောစမ်းပါ စိတ်မရှည်ဘူးနော် ''
hara သည် သူမ၏မိခင်အား မျက်စောင်းလေးထိုးရင်း....
Hara'' omma ကလည်း ပြောပြမှာပေါ့ လေးငယ်ကလေ ပြောတော့သာ အန်တီ jenny ကိုပဲအခုချိန်ထိ သစ္စာရှိနေတုန်းပါ နောက်အိမ်ထောင်မပြုချင်ပါဘူးဆိုပြီး အခုတော့ သားတစ်ယောက်ပါ တိတ်တိတ်ပုန်းမွေးထားသေးတယ် မထင်ရဘူးနော် လေးငယ်.. ''
chanyeol မှာအံ့သြလွန်း၍ ဘာပြန်ပြောရမှန်းမသိ...
' အင်း...ဒီကလေးမ ဘာတွေကြားလာပြန်ပြီလည်း မသိပါဘူး.... '
![](https://img.wattpad.com/cover/257931450-288-k554593.jpg)
YOU ARE READING
မမျှော်လင့်သောနေ့ရက်များ (2version)
Fanfictionကျွန်မလိုချင်ခဲ့တာသားလေးတစ်ယောက်ပါပဲ မမျှော်လင့်ပဲသားရဲ့ဖခင်ကပါကျွန်မအတွက်ဖြစ်လာတယ် သူတို့နှစ်ယောက်ကိုကျွန်မသိပ်ချစ်တယ်....... **Byun Baekhyun ** ကျွန်မလိုချင်ခဲ့တာသားလေးတစ်ယောက်ပါပဲ မမျှော်လင့်ပဲသားရဲ့ဖခင်ကပါကျွန်မအတွက်ဖြစ်လာတယ် သူတို့နှစ်ယောက်ကိုက...