episode - 8. Final

2.2K 52 0
                                    

u n i c o d e

အခုဆိုရင် baek ရဲ့ကိုယ်ဝန်ကကိုးလထဲရောက်လာပြီဖြစ်သည်။ သားငယ်ကလည်း ကျောင်းပိတ်ထားချိန်မို့ သူ့နားကမခွာပေ။ သင်တန်းကပြန်လာချိန်တို့ သူကစားပြီးချိန်တို့ဆို သေချာကိုယ်လက်သန့်စင်ပြီး baek အနားကပ်ကာ ဗိုက်လေးကို တဖွဖွလာကိုင်ကြည့်လေ့ရှိသည့် အပြင်တစ်ခုခုဆို သူ့အဖေအတိုင်း baek ကိုဘာမှပေးမလုပ်ပေ။ ဟိုဟာလည်း momy မလုပ်နဲ့ ဒီဟာလည်း momy မလုပ်နဲ့ ဆိုပြီး သူသာအကုန်လုပ်ကူပေးတတ်သည်။

chanyeol ကလည်းအရင်ကလိုရုပ်တည်ကြီးနဲ့မနေတော့ပဲ ဝန်ခံလိုက်သည့်နေ့ကစပြီး baekhyun ကို သူဘယ်လောက်ချစ်ကြောင်း သိစေသည်။ မနက်နိုးထဲက တစ်ဖွဖွနမ်းနေတတ်တာမျိုး ကိုယ်ဝန်စရှိကာစ အစားမစားနိုင်လို့ စိတ်ညစ်လို့ငိုမိတဲ့အခါ သူပါလိုက်ငိုတာမျိုး ဗိုက်ထဲက,ကလေးက မိန်းကလေးလို့သိရတဲ့အခါ အိမ်ကလူတွေနဲ့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကြုံရင်ကြုံသလိုပြုံးပြုံးကြီးကြွားတတ်တာမျိုး တစ်ခါတစ်လေ အသည်းယားလို့ဆိုတဲ့ခေါင်းစဥ်အောက်မှာ တစ်ကိုယ်လုံးကို ဖျစ်ညှစ်ပစ်တာမျိုး အခုတော့ဗိုက်ထွက်လာပြီမို့ သူညှစ်လို့မရတော့လည်း နှုတ်ခမ်းဆူတတ်သေးသည်။ ဒါလိုချင်တယ် ဟိုဟာစားချင်တယ်ဆို ချက်ချင်းမျက်စိရှေ့ရောက်လာအောင် လုပ်ပေးတတ်တာမျိူး အစုံပင်။ အဲ့လူကြီးက ​ပိုပြီးလည်းကလေးဆန်လာသည်။ တစ်ခါတစ်လေ ကိုယ်ဝန်ကြောင့်မအီမသာဖြစ်နေလို့ သူ့ကိုအနားကပ်မခံတဲ့အခါ ကြိတ်ငိုတတ်သေးသည်။

''baek ကိုယ်ဒီနေ့စောစော ပြန်လာခဲ့မယ်သိလား မတည့်တာတွေမစားနဲ့နော်  မွ ညနေကိုယ်ပြန်လာမှ အမေတို့ဆီလိုက်ပို့ပေးမယ်သိလား  အိမ်ကကားနဲ့စောမသွားနဲ့နော်  မွ  ကိုယ်သွားပြီးတာနဲ့ အိမ်အောက်ထပ်မှာပဲနေ လှေကားတွေမဆင်းနဲ့ မတော်တဆချော်ကျမယ်သိလား  မွ  ညနေပြန်လာရင် ဘာဝယ်လာခဲ့ရမလည်း ဘာစားချင်လည်း ''

အဲ့ဒါသာကြည့်တော့ အဲ့ဒါကိုပြောတာ တစ်ဖွဖွနမ်းတယ်ဆိုတာ  လူရှေ့သူရှေ့လည်းဂရုမစိုက်ဘူး သူနမ်းချင်ရင်ထနမ်းတတ်တာပင်။ အခုလည်းအလုပ်သွားဖို့ အိင်္ကျီကူဝတ်ပေးနေတုန်း လူကိုလိုက်နမ်းနေပြန်ပြီ...

မမျှော်လင့်သောနေ့ရက်များ (2version)Where stories live. Discover now