episode- 7

1.7K 40 0
                                    

u n i c o d e

At morning. ..

chanyeol ညကသောင်းကျန်းပြီး မနက်နိုးလာတော့ ည၁၁နာရီထိုးနေပြီ ဖြစ်သည်။ ဘေးနားကသူမကိုကြည့်တော့ ဖြူဖြူဖွေးဖွေးဆောင်ကြားမှာ မြုပ်ကာအိပ်ပျော်နေဆဲ။ chanyeol ထပြီးရေမိုးချိုးကာ hotel မှနေ့လည်စာမှာလိုက်ပြီး အခန်းထဲလာပို့ပေးဖို့ ပြောလိုက်သည်။ ပြီးမှသူမကိုနှိုးရန် ကုတင်ဆီသို့သွားကာ.......

''baek.   baek ထတော့လေ ''

''အင်းးးးး ''

အပြင်းကြောဆန့်နေသောသူမ....

''ထတော့နော် လိမ္မာတယ်နေ့လာစာစားရအောင် ပြီးမှဆေးသောက်ပြီး ပြန်အိပ် လာထပြီးရေမိုးချိုးလိုက် ကိုယ်ချီမယ် ''

ရင်းနှင့်ပင် အိပ်ယာပေါ်မှ baek ကိုချီကာ ရေချိုးခန်းဆီသို့။ သူမကိုရေချိုးပေး မျက်နှာသစ်သွားတိုက်ပေးပြီး ကလေးလိုသပတ်နှင့်ထုတ်ကာ ပွေ့ချီလာတော့ ရင်ခွင်ထဲကနေ ကြိတ်ရီနေသေးသည်။ မျက်နှာလေးကလည်း ပန်းရောင်လေးပြေးလျက်နှင့်ပေါ့ ။ အဝတ်အစားပါလည်းပေးပြီး ခေါင်းသုတ်ပေးကာ ကုတင်ပေါ်ချပေးနေတုန်း မှာထားတာတွေလာပို့တာကြောင့် တံခါးဖွင့်ယူပြီး နှစ်ယောက်သား စားဖြစ်ကြသည်။  ပြီးနောက်သူမကိုဆေးတိုက်ကာ ကိုယ်နွေးနေသည်ကြောင့် သူမကိုသိပ်ရင်း chanyeol ပါပြန်အိပ်ဖြစ်ခဲ့သည်။ နိုးလာတော့ ညနေ၅နာရီ သူမကိုပါနှိုးကာ လျောက်လည်ဖြစ်ကြသည်။ အလုပ်တွေကိုပစ်ထားခဲ့ရသည်မို့ တစ်ပတ်လောက်သာနေပြီး သားကိုလည်းလွမ်းသည်မို့ ပြန်လာခဲ့ကြသည်။

လေဆိပ်မှာလာကြိုသည့်သားငယ်နှင့် park မေမေတို့။  baek ကတော့ရောက်ကတည်းက သားငယ်နားကမခွာပေ။ သူမလည်းလွမ်းနေသည်ထင်ပ။ အိမ်ရောက်တော့ hara ကလက်ဆောင်အရင်ရှာသည်။ baek ကခရီးဆောင်အိတ်တစ်လုံးကို ဖွင့်ချပြီး မိသားစုတွေအတွက်ရည်ရွယ်ပြီး ဝယ်လာသည့်လက်ဆောင်တွေကို ရည်ရွယ်သူတွေဆီခွဲပေးသည်။ သားငယ်ကသူ့အမေဆီက လက်ဆောင်ကိုရင်မှာပိုက်ရင်း သူ့အနားတိုးကာ တိုးတိုးလေးလာမေးသည်။

''dady ကတိတည်နော် မသွားခင်က. dady ပြောတဲ့ညီမလေးဖြစ်ဖြစ် ညီလေးဖြစ်ဖြစ် ေခါ်လာမယ်ဆို အခုဘယ်မှာလည်း ''

မမျှော်လင့်သောနေ့ရက်များ (2version)Where stories live. Discover now