မိတ်ဆက်(U+ Z)

119K 1.7K 78
                                    

ငယ်ငယ်ထဲကဝါသနာပါတာကိုပြောပါဆိုရင် ဓာတ်ပုံရိုက်ချင်ခဲ့တာပဲ။ကျောင်းတက်တုန်းကတော့ ၀ါသနာအရ သူငယ်ချင်းတွေကို အလှပုံလေးတွေရိုက်ပေးဖြစ်တယ်။

လက်တည့်စမ်းတုန်းမလို့ ရိုက်ချင်တယ် ပြောရင်အလကားရိုက်ပေးတော့ ရိုက်ပေးဖို့ လာလာပြောတာတွေက ကောင်မလေးတွေများတယ်။

ပြသနာကအဲ့မှာစတာပဲ။Outdoor ရိုက်ရင် ကိစ္စမရှိပေမယ့် indoor ရိုက်တဲ့အခါကျ အမတော်တို့က မလုံ့တလုံနဲ့ sexy ကျကျ ရိုက်ချင်ကြတယ်။

အဲ့တော့လဲ သူတို့သဘောကျ ရိုက်ပေးတဲ့အခါ သူတို့ရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ကောက်ကြောင်းတွေကိုမပေါ်ပေါ်အောင်လုပ်ပြပြီး pose ပေးနေကြတာကို
ကြည့်ရင်း လူက အာခေါင်ခြောက်လာသလိုလို ရေငတ်လာသလိုလို ဖြစ်လာရော။

အတက်နိုင်ဆုံးသူတို့ဆီစိတ်မရောက်အောင် သတိထားပြီးရိုက်နေပေမယ့် posing ပေးတာမဟုတ်ရင် ကိုယ်တိုင်ပြင်ပေးရတဲ့အခါ အထိအတွေ့တွေကရှိလာရော။

အဲ့ကျလူက ကတုန်ကရင်နဲ့ ဘာဖြစ်လို့ဖြစ်မှန်းမသိပေမယ့် ပိုပြီးထိတွေ့ချင်စိတ်တွေဖြစ်လာတယ်။

အရင်ကတော့ ကိုယ့်ကိုကိုယ်ဘာမှန်းမသိသေးဘူး။ နောက်ကျကောင်မလေးတွေကိုပဲ ပိုစိတ်၀င်စားမှန်းသိခဲ့ရတယ်။

နောက်ပိုင်းကိုယ့်ရဲ့လက်ရာတွေကို တော်တော်များများကသဘောကျလာတဲ့အပြင် မိန်းကလေးဖြစ်တဲ့ ကိုယ့်ဆီလာတဲ့ client တွေက ရိုးရိုးပုံထက် sexy ကျကျ ပုံတွေရိုက်ဖို့လာကြတာများတော့ ကိုယ်လဲအဲ့ဘက်လိုင်းထဲအော်တိုရောက်သွားတာပဲ။ကိုယ်၀ါသနာပါတာလဲပါတာပေါ့ အဟိ။

ကိုယ်ကအရပ် ၅ပေ ၁၁ ရှိလို့ ဒီနိုင်ငံက ကောင်မလေးတွေနဲ့ယှဥ်ရင် အရပ်ရှည်တဲ့ထဲပါတယ်။ပုံမှန် gym ဆော့တာမလို့ ပိန်ပေမယ့်ရှိသင့်တဲ့ muscle ရှိတယ်။ဆံပင်ကျောလယ်လောက်ကို caramel colour အမြဲဆိုးပြီး shirt နဲ့ jean တွေပဲအ၀တ်များတယ်။

ကကြီးပုံပေါက်နေတဲ့ နှဖူးနဲ့ နှာတံချွန်ချွန် နှုတ်ခမ်းပါးပါးပေါ်က မှည့်သေးသေးလေးက ကိုယ့်မျက်နှာရဲ့ ဆွဲဆောင်မှု အရှိဆုံးလို့ပြောလို့ရတဲ့အပိုင်းတွေပဲ။လက်ချောင်းရှည်ရှည်လေးတွေကတော့ မပါမဖြစ်ပေါ့။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Tempat cerita menjadi hidup. Temukan sekarang