Wa Thone Hlawn(U+Z)

84.7K 931 33
                                        

Unicode

ဒီနေ့ Shooting က ဟိုနေ့က ပြောထားတဲ့ကောင်မလေး ၀သုန်လွှမ်း နဲ့ fitness အတွက်ရိုက်ရမှာဖြစ်သည်။

Gym မှာလူရှင်းတဲ့အချိန် ညဘက်ရိုက်ဖို့စီစဥ်ထားတာကြောင့် ည ၈ နာရီလောက်ကပင်အိမ်ကထွက်လာလိုက်သည်။ ညစာကိုလဲ အိမ်မှာတစ်ခါထဲစားပြီးသားမို့ Gym ကိုသာတန်းသွားလိုက်သည်။ Gym က ည ၈ ခွဲမလို့ ကစားနေသူများ ရှိနေသော်လည်း မကြာခင်ပြန်ကြတော့မှာမလို့ ​ေကာင်လေးတွေ မီးတွေ ပစ္စည်းတွေဆင်တာကို အနည်းငယ်လိုတာ၀င်ကူနေလိုက်သည်။

ခုထိရိုက်မယ့် model ကိုမတွေ့သေးတာမလို့ ဆိုင်ရဲ့မန်နေဂျာဖြစ်တဲ့ ကိုနေကျော့် ကို

"ဂျာကြီး model ကမလာသေးဘူးလား "  လို့မေးတော့

"လာပြီ ခြူးရေ အကိုတို့စီစဥ်ပေးထားတဲ့ အ၀တ်စားမှာ တစ်စုံက size မှားနေလို့လေ အဲ့တာ သူ့ stylish ကသွားပြန်လဲတာကို သူပါလိုက်သွားတာ ခနနေရောက်မှာပါ ဒီနားတင်"

"အော် ဟုတ်ကဲ့ မတွေ့လို့မေးတာပါ အချိန်လဲရသေးတာပဲ"

"အေးအေး ခြူးရောတစ်ခုခုစားဦးမလား စားလာလား"

"နေနေ ဂျာကြီး အိမ်ကစားလာတယ်"

"အင်း လိုတာရှိရင် ပြောနော်"

ဂျာကြီးပြောတော့ ကိုကိုးလဲ ခေါင်းညိတ်ပြီး ဖြေလိုက်ကာ setting ကိုသေချာအောင်ပြန်စစ်နေလိုက်သည်။

ခနနေတော့ သုန်သုန်ရောက်လာသည်။

"ကိုကိုး ရောက်တာကြာပြီလား သုန်သုန် အ၀တ်စားလဲတာလိုက်သွားလို့ ဟီး"

သွားလေးဖြဲပြီးပြောလာတဲ့သူမက နာမည်ရနေသူ ဖြစ်ပေမယ့် မာန်မာနမရှိပဲ အပစ်ကင်းစင်ပုံလေးနှင့်

"ဂျာကြီးပြောတယ် သုန်သုန်ရဲ့ ခနနေအ၀တ်စားလဲတော့လေ စ ကြရအောင်"

"ok ok ကိုကိုး ခနပဲစောင့်"

လက်ညှိုးနဲ့လက်မကိုကွေးကာ လုပ်ပြရင်း အနာကလှစ်ကနဲပျောက်သွားသည့်သူမ။ မီးကြိုးတွေကို မတော် ခလုပ်တိုက်နေမှဖြင့်။

ခေါင်းကိုဖြည်းညှင်းစွာ ခါပြီး ပြုံးသာကြည့်နေမိသည်။ ဘယ်လိုလေးမှန်းမသိ ကလေးလေးနဲ့တူသည်။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Where stories live. Discover now