Khat Hnin(1)(U+Z)

90K 1.1K 42
                                        

Unicode

နားကြပ်ထဲကထွက်ပေါ်လာတဲ့ သံစဥ်တွေကို အာရုံစိုက်ရင်း လက်သွယ်သွယ်လေးတွေက စည်းချက်နဲ့အညီလှုပ်ရှားကာ မှန်တံခါးအပြင်ဘက်က တောင်တန်းတွေကို ငေးနေမိသည်။

သီချင်းနားထောင်ကာ ဟိုင်း​ေ၀းလမ်းမပေါ်က မြင်ကွင်းတွေကိုကြည့်ရင်း ကားစီးရတဲ့အရသာကို ကိုး တစ်ကယ်ကြိုက်သည်။

ပင်ပန်းနေတဲ့စိတ်တွေက အနားရပြီး ပေါ့ပေါ့ပါးရှိလှသည်မို့ ဒီခရီးကို လက်ခံလိုက်တာ တကယ်မှန်သည် လို့တွေးမိသည်။
အခုကိုးက ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့သို့သွားနေတာပင်ဖြစ်သည်။

နောင်ချိုမှာ နာမည်ကြီးသည့် တိမ်ပင်လယ်ရှိရာသို့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများနှင့်အတူ မင်းသမီးရဲ့ personal photographer အနေဖြင့် လိုက်ပါလာခြင်းဖြစ်သည်။

ရိုက်ကူးရေးအဖွဲ့၀င်များအားလုံးနှင့်လည်း ခင်မင်ကာ express ကားတစ်စီးလုံးပေါ်တွင်လည်း ကိုး နဲ့မသိတဲ့သူမပါတာမို့ အနေရခက်ခြင်းမရှိဘဲ သက်တောင့်သက်သာရှိလှသည်။

သူတို့အခု နောင်ချိုမှာလာရိုက်သည့် sence က ဇာတ်၀င်ခန်းအရအနည်းငယ်သာပါတာမလို့ ဒီခရီးက အလွန်ဆုံး ၂ ညအိပ်လောက်ပင်ဖြစ်သည်။

ဇာတ်လမ်းရိုက်ရင်းအလှဓာတ်ပုံတွေပါလိုချင်သည့် မင်းသမီးက ကိုး နဲ့ရိုက်ချင်သည် ပူဆာကာ ဒါရိုက်တာကိုအပူကပ်ကာ ခေါ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းကို စီနီယာဂျုနီယာဆက်ဆံရေး ကနေခင်မင်ခဲ့တဲ့ ဒါရိုက်တာ အကိုကပြန်ပြောပြပါသည်။

အပြင်ကရှုခင်းတွေကြည့်နေရင်း ဘေးမှာတစ်ယောက်ယောက်လာရပ်တာကြောင့်
မော့ကြည့်လိုက်တော့ မင်းသမီး ခက်နှင်းဖြစ်သည်။

ခက်နှင်းက ဒီရုပ်ရှင်ဇာတ်လမ်းရဲ့ အဓိကမင်းသမီးဖြစ်သည်။ လူချင်းမရင်းနှီးပေမယ့် သူ့အကြောင်းတွေတော့ social media ကနေတဆင့် ကိုး အနည်းငယ်တော့သိထားပါသည်။

သူမက အနုပညာလောကထဲမှာ သူမအသက် ၁၅ လောက်ထဲက ကျင်လည်ခဲ့တာ ယခုဆို အသက် ၂၆ ပင်ရှိပြီဖြစ်သည်။ အနုပညာသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်နေပြီဖြစ်သဖြင့် စီနီယာတစ်ယောက်ဖြစ်တာကြောင့် ကိုးတို့လို တက်သစ်စတွေနှင့် မရင်းနှီးသည်မှာ သိပ်တော့မဆန်းပေ။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Donde viven las historias. Descúbrelo ahora