[ Unicode ]
ကြီးကျယ်ခမ်းနားသော ခြံဝန်းကြီးထဲသို့ ကားအနက်တစ်စီးဝင်လာသည်။ ထို့နောက် ကားထဲမှ အရပ်ရှည်ရှည် ဆံပင်ပန်းရောင်နဲ့ ခပ်ချောချောကောင်လေး တစ်ယောက် အိမ်ထဲသို့ ဝင်သွားလေသည်။
"ဟယ် Yeonjun လေး ရောက်လာပီလား "ဟု ခပ်ချောချော အိမ်ရှင်အမျိုးသမီးက ပြောသည်။
"ဟုတ်ကဲ့ ဒေါ်လေး သားSoobin ကော"
"သား သူငယ်ချင်း Soobin လေးက မနိုးသေးဘူးကွယ် တစ်ညလုံး ဂိမ်းတွေပဲဆော့နေတာ အိမ်အကူတွေ သူ့ကိုသွားနိုးနေတယ် သား ဧည့်ခန်းထဲမှာ ခနစောင့်နေနော် ခနနေရင် Soobin လေး ဆင်းလာလိမ့်မယ် ဒေါ်လေး အပြင်သွားစရာရှိလို့ သွားလိုက်အုံးမယ်နော်"
"ဟုတ်ကဲ့ ဒေါ်လေး"
(Yeonjun's pov - ဟိုကောင်ကတော့ လုပ်ပြန်ပီ ကျောင်းနောက်ကျတော့မှာပဲကွာ နေ့တိုင်း နေဖင်ထိုးမှ ထနေတာ မဖစ်သေးဘူး နောက်နေ့ ဒီကောင်ကို ငါကိုယ်တိုင်နိုးမှဖစ်တော့မယ်)
ခနအကြာ Soobin တစ်ယောက် ဆင်းလာတာတွေ့တော့
"ဟေ့ကောင် Soobin မြန်မြန်ဆင်းလာဟ ပထမအချိန် Maths နော် အဲ့ဆရာအချိန်နောက်ကျရင် စာထွက်တွက်ခိုင်းမှဖြင့် အရှက်ကွဲနေမယ်"
"အေးဆေးပေါ့ကွာ မင်းကလဲ င့မှာ မင်းလိုစာတော်တဲ့လူတစ်ယောက်လုံးရှိတဲ့ဟာ "
"တော်ပီကွာ မြန်မြန်လာ သွားမယ် "
ကားပေါ်ရောက်တော့
"ရော့ မင်း မနက်စာ မစားရသေးဘူးမလား အာ့ကြောင့် ငါပေါင်မုန့်ဝယ်ထားတယ် "
"Gumawo Yeonjun na ...မင်းလိုသူငယ်ချင်းမျိုး ရှိတာ ငါအရမ်းပျော်တယ်ကွာ" ဆိုပီး Yeonjun အား ဖက်လိုက်လေသည်။
"တော်ပါကွာ အပိုတွေပြောမနေနဲ့ ငါတို့ကို Taehyun တစ်ယောက် စိတ်တိုနေလောက်ပီ ငါတို့ကျောင်းမရောက်မချင်း ကျောင်းအပေါက်ဝမှာ စောင့်နေလို့ ပြောထားတာ "
"အေးပါကွာ driver ဦးလေးရေ မြန်မြန်လေး မောင်းပေးပါနော် ကျွန်တော်နားပူတာမခံနိုင်လို့ပါဗျာ"
"ဟုတ်ကဲ့ပါ အကိုလေးSoobin "
"ဟေ့ကောင် Soobin မင်းဘာကိုနားအပူမခံတာလဲ မင်းနော် မင်း ကြောင့် ကျောင်းနောက်ကျမယ်လို့ ငါအမှန်တိုင်းပြောနေတဲ့ဟာ" Yeonjun တစ်ယောက် နူတ်ခမ်းထော်ပီး ပြန်ပြောလေသည်။
"ဟုတ်ပါပီ င့သူငယ်ချင်းလေး ပြောတာမှန်ပါတယ် ပြောမိတဲ့ငါပဲမှားတာပါ "ဟု Sootကလဲ နူတ်ခမ်းထော်ပီး ပြောလေသည်။
( Soobin's pov - ဒါလေးပြောမိတာကို နူတ်ခမ်းကတစ်တောင်လောက်ထွက်ပီး စွာလိုက်တာ )
driver ဦးလေးကတော့ သူတို့နှစ်ယောက်ကြောင့် ပြုံးနေလေသည်။
ကျောင်းရောက်တော့ ကျောင်းပေါက်ဝမှာ စောင့်နေတဲ့Taehyun တစ်ယောက် Yeonjunနဲ့ Soobin ကိုလဲတွေ့ရော အော်ပါလေရော။
"ဟိုနှစ်ကောင် !!!မင်းတို့ လာကြသေးတာပဲနော် ကျောင်းတက်ဖို့ ငါးမိနစ်ပဲလိုတော့တယ် ပထမအချိန်က မင်းတို့ပထွေးအချိန်မဟုတ်ဘူးနော် Mathsဆရာအချိန်ကွ !!!"
"Taehyun လေးကလဲ စိတ်မဆိုးပါနဲ့ကွာ မနက်ဖြန်ရင် စောစောလာခဲ့မယ် စိတ်ချ" Soobin ပါးချိုင့်လေးနက်အောင် ပြုံးပီး ပြောလေသည်။
"ဘာ မနက်ဖြန်စောစောလာမယ် လဲ မင်း ဒီစကားကို ကျောင်းတက်တိုင်းပြောနေတာ လူကြည့်တော့ဖြင့် မနက်ဆို နေဖင်ထိုးမှထတဲ့လူကများ"
"တော်ကြပါတော့ကွာ မင်းတို့ ဒီမှာရန်ဖစ်နေတာနဲ့ ကျောင်းတက်တော့မယ် လာ အတန်းထဲရောက်မှ ရန်ဖစ်ကြ"
Yeonjunတစ်ယောက် သူ့သူငယ်ချင်းနှစ်ယောက်အား အတန်းထဲသို့ ဆွဲခေါ်သွားလေသည်။
Soobin နဲ့Taehyun ကတော့ အပြန်အလှန် မျက်စောင်းထိုးပီး အတန်းထဲသို့ သွားကြလေသည်။
အတန်းထဲရောက်တော့ Maths ဆရာ မဝင်သေးတာနဲ့ သုံးယောက်လုံး အခုမှပဲ စိတ်အေးရတော့သည်။
Soobin နဲ့ Yeonjunလဲ အတန်းထဲ ဝင်ထိုင်လိုက်တော့သည်။Taehyun ကတော့ သူတို့အနောက်ကခုံမှာ ထိုင်သည်။ထို့နောက် Soobin တစ်ယောက် အနောက်လှည့်ပီး Taehyun အား စလိုက်လေသည်။
"Ya!!! Taehyun မင်းအချစ်တော် Beomgyu လေးကော မလာဘူးလား"
"ဘာကွ!!!ဘာ အချစ်တော်လဲ မင်းတော့အထိုးခံချင်နေပီ တူတယ် ဟိုပေါက်စကောင်က မင်းလို ညဘက်ဂိမ်းဆော့ပီး အိပ်ပျော်ပီး မလာတာနေမှာပေါ့"
"အမယ် အချစ်တော် မဟုတ်ဘူးလို့သာ ပြောတာ မင်းက သူညဘက်ဂိမ်းဆော့တာကို ဘယ်လိုလုပ်သိတာလဲ"ဟု Yeonjunကပါ စလေသည်။
"ဟိုကောင်က င့ဘေးနားခုံမှာထိုင်ပီး စာနားမထောင်ဘဲ ဂိမ်းဆော့လိုက် အိပ်လိုက်လုပ်နေတော့ ညဘက်ဂိမ်းဆော့တယ်ထင်လို့ ပြောလိုက်တဲ့ဟာ "Taehyun တစ်ယောက် ပြောသာပြောနေတာ မျက်နှာကရဲနေသည်။
( Taehyun နဲ့ Beomgyu ကဘေးချင်းကပ်ထိုင်တာ သူတို့နှစ်ယောက်က တခါမှလဲ မတည့်ဘူး အမြဲတမ်းတွေ့တာနဲ့သတ်တော့တာပဲ ဒါမဲ့ အဲ့လိုမတည့်ပေမဲ့ တစ်ယောက်အပေါ်တစ်ယောက်မသိမသာလေး ဂရုစိုက်ပေးသည်။အဲ့လိုဂရုစိုက်ပေးတာကို သူတို့နှစ်ယောက်ကသာ မသိတာ Yeonjunနဲ့ Soobin တို့ကသိလေသည်။အမှန်တော့ Beomgyu အလယ်တန်းနှစ်လောက်မှာ ကျောင်းပြောင်းလာထဲက Taehyun သဘောကျခဲ့တာ ဒါမဲ့ Taehyun က သူ့ခံစားချက်တွေကို မဖော်ပြတက်တော့ အမြဲလုပ်လိုက်ရင် တလွဲတွေဖစ်ကော အာ့ကြောင့် Beomgyu နဲ့မတည့်ဖစ်နေရတာ Yeonjunနဲ့ Soobin ကလဲ Taehyun နဲ့ငယ်ငယ်လေးထဲက ပေါင်းလာတဲ့သူငယ်ချင်းတွေဆိုတော့ Taehyun တစ်ယောက်Beomgyu ကိုကြိုက်နေမှန်းရိပ်မိလေသည်။ )
"Yeonjun ရေ သွားမစနဲ့တော့ ဟိုကောင်မျက်နှာနီနေပီ "ဟု Soobin ကပြောလေသည်။
Mathsဆရာ ဝင်လာပီး စာသင်မလို့ စာအုပ်ထုတ်ခိုင်းတဲ့အချိန် Beomgyu တစ်ယောက် ရောက်လာပါလေရော အမှန်တော့ Beomgyu တစ်ယောက် ဒီနေ့ အချိန်စာရင်းမှားပီး ပထမအချိန်မရှိဘူး ထင်နေတာကြောင့် ကျောင်းတက်ဖို့ အေးအေးဆေးဆေးလုပ်နေခြင်းဖစ်သည်။အခန်းထဲရောက်တော့ Beomgyu တစ်ယောက် Mathsဆရာလဲ တွေ့ရော ထွက်ပြေးမလို့လုပ်တုန်း ဆရာကတွေ့ပီး အော်ခေါ်လေသည်။
"ဟေ့!!!ဟိုကျောင်းသားဘယ်ပြေးမလို့လဲ လာ င့အချိန်နောက်ကျမှလာတယ်ဆိုတော့ လာ ပုစ္ဆာလာတွက်"
"ဗျာ!!! မတွက်လို့မရဘူးလား "Beomgyu တစ်ယောက်ခေါင်းကုပ်ပီး မေးလိုက်လေသည်။
"မရဘူး အခုတွက် ကျန်တဲ့သူတွေ ငါအိမ်စာလုပ်ခိုင်းထားတဲ့ပုစ္ဆာတွေ တွက်ပီးပီလား အခုစာအုပ်တွေလာထပ်ထားကြ!!"
Beomgyu တစ်ယောက် မတ်တပ်လေးရပ်နေရင်း ဆရာရေးထားတဲ့ မေးခွန်းကိုကြည့်ပီး ခေါင်းကုပ်နေတဲ့အချိန် အရှေ့ဆုံးတန်းက ကောင်မလေးတွေက Beomgyu ကိုအဖြေတွေပြောပြပေးနေတာကြောင့် Beomgyu လဲ တွက်လို့ရသွားတော့သည်။Beomgyu တစ်ယောက် အရှေ့ဆုံးတန်းက ကောင်မလေးတွေကို ပြုံးပြပီးကျေးဇူးတင်တဲ့အကြောင်း ပြော၍ သူ့ခုံမှာ ဝင်ထိုင်လိုက်လေသည်။
Mathsဆရာ အိမ်စာတွေထပ်ခိုင်းတာကြောင့် Soobin တစ်ယောက် ယောက်ယပ်ခပ်နေသည်။Yeojunလဲ Soobin ကိုမြင်ပီး မေးလိုက်သည်။
"Soobin မင်းအိမ်စာမပီးသေးဘူးလား"
"အေးကွ ငါမနေ့က တညလုံး ဂိမ်းထိုင်ဆော့နေတာ အိမ်စာမလုပ်ဖစ်ဘူး"
"မင်းကတော့ကွာ လုပ်ပြန်ပီ ရော့ င့နာမည်ဖျက်ပီး မင်းနာမည်ရေးလိုက် ပီးရင် မင်းသွားထပ်လိုက်"
"ဒါဆို မင်းကကော "
"ငါက ရတယ် ဘာမှမဖစ်ဘူး "
"မယူတော့ပါဘူးကွာ မင်းကိုယ်တိုင်လုပ်ထားတဲ့အိမ်စာ မင်းပဲသွားထပ်လိုက်ပါ"
Soobin တစ်ယောက် ပြောနေတဲ့အချိန် Yeonjunတစ်ယောက်သူ့စာအုပ်ထဲက နာမည်ကိုဖျက်ပီး Soobin နာမည်ရေးပီး သွားထပ်လိုက်လေသည်။
Soobin ကတော့ Yeonjunသူ့စာအုပ်သူသွားထပ်တယ်လို့ပဲ ထင်တာပေါ့။သူတို့အနောက်မှာထိုင်နေတဲ့ Taehyun တစ်ယောက် Beomgyu ကိုမီးတဝင်းဝင်းနဲ့ ကြည့်လေသည်။ခုနက Beomgyu ကို စာထွက်တွက်ခိုင်းတုန်းက အရှေ့ဆုံးတန်းက ကောင်မလေးတွေက စာပြောပြတာကိုမြင်ပီး ဒေါသထွက်နေခြင်းဖစ်သည်။
(Taehyun's pov - ဟိုကောင်မလေးတွေ စာပြောပြတာကို တော်တော်ပျော်နေတယ်ပေါ့ ဒီကောင် တော်တော်အမြင်ကပ်ဖို့ကောင်းတယ် နောက်မှ င့ဆီစာလာမေးလို့ကတော့ သေတောင်မပြောဘူး )
"Ya!!!Kang Taehyun မင်းဘာလို့ င့ကို စိုက်ကြည့်နေရတာလဲ ငါအရမ်းချောမှန်းသိပါတယ်ကွာ အဲ့လောက်မကြည့်နဲ့ မျက်လုံးကျွတ်ကျလိမ့်မယ်" ဆိုပီး လျှာထုတ်ပြလေသည်။
"မင်းကိုချောလို့ကြည့်နေတာမဟုတ်ဘူး ဒီလောက်ရုပ်ဆိုးတဲ့သူကို အနီးကပ်အကြာကြီးမကြည့်ဘူးလို့ ကြည့်နေတာကွ င့လောက်တောင် မချောဘဲနဲ့များ ကျွတ် ကျွတ် ကျွတ်..."
"WTF!!!တော်ပီ မင်းလိုမျက်လုံးပြူးပြူးနဲ့ ကျက်မပြည့်တဲ့ကောင်နဲ့ စကားမပြောတော့ဘူး"
"Choi Beomgyu!!!!"Taehyun တစ်ယောက် ဒေါသထွက်ပီး အော်လိုက်လေသည်။အတန်းထဲမှာ စာအုပ်တွေထပ်နေတာကြောင့် အသံဆူနေတာနဲ့ ဆရာက မကြားလိုက်ပေမဲ့ အရှေ့ကYeonjun နဲ့Soobin ရယ် ဘေးက Beomgyu မှာတော့ နားကွဲမတက်ပင်။
Soobin နဲ့Yeonjunလဲ အနောက်လှည့်ကြည့်လိုက်တော့ ထုံးစံအတိုင်း Taegyu နှစ်ယောက်ရန်ဖစ်နေလေသည်။
"မင်းတို့လင်လင်တွေလဲ တစ်ရက်လောက်ရန်မဖစ်ဘဲ နေကြပါလားကွာ ငါတို့လဲ ကြာရင် နားပင်းလိမ့်မယ်"ဟု Soobin ကပြောတော့ Yeonjunကလဲ ထောက်ခံလေသည်။
"အေးလေ တခါတလေလေး ချစ်ချစ်ခင်ခင်နေကြပေါ့ ဒီလိုလုပ် ငါတို့ကျောင်းပိတ်ရက်ကျရင် အပြင်လျှောက်လည်ကြမလား မင်းတို့နှစ်ယောက်လဲ အဆင်ပြေသွားအောင်လေ"
"ဘာ!!!" Taegyu နှစ်ယောက် ပြိုင်တူအော်လေသည်။
"မသွားနိုင်ပါဘူး ဘာကိစ္စသူနဲ့ သွားရမှာလဲ"Taehyun ကလဲပြော Beomgyu ကလဲ
"သူပါလို့ကတော့ လုံးဝလိုက်စရာအကြောင်းမရှိဘူး" ဟု ပြန်ပြောလေသည်။
Yeonbin နှစ်ယောက်ကလဲ Taegyu ကိုမနိုင်ဘူး ဆိုတဲ့အကြည့်ဖြင့် ခေါင်းခါနေကြသည်။