[ Unicode ]
Soobin နဲ့Yeonjun တို့ ကျောင်းကနီးတာကြောင့် လမ်းလျှောက်၍သာ သွားကြလေသည်။ ကျောင်းကိုရောက်တာ စောတော့ ကျောင်းပေါက်ဝမှာ အရင်ကစောင့်နေတဲ့ Taehyun ကမရောက်သေးတော့ နှစ်ယောက်သား ရပ်စောင့်နေကြသည်။
"Yeonjun na...Taehyun ကကြာလိုက်တာနော် " ဟု Soobin ကနူတ်ခမ်းဆူပီးပြောသည်။
"မင်းကလဲ မင်းအလှည့်တုန်းကလဲ Taehyun မင်းလိုပဲစောင့်ရတာကြ မပြောဘူး နဲနဲပါးပါး မင်းအရပ်နဲ့လိုက်အောင် စိတ်ရှည်ရှည်ထားပါကွာ "
"Ya...Choi Yeonjun မင်းနော် မနက်စောစော င့ကိုစိတ်တိုအောင်လာမဆွနဲ့ " Soobin တစ်ယောက်စိတ်ကောက်သွားပီး မျက်နှာကိုတစ်ဖက်လှည့်လိုက်သည်။
Yeonjun လဲ Soobinစိတ်ကောက်သွားမှန်းသိတာကြောင့် Soobin ကိုယ်ကို သူ့ဘက်ဆွဲလှည့်လိုက်ပီး
"စိတ်ကောက်သွားတာလား ငါကစတဲ့ဟာကိုကွာ စိတ်မကောက်နဲ့တော့ နော် ရေခဲမုန့် ဝယ်ကျွေးမယ်လေ"ဟု Soobin နှာခေါင်းလေးကို ချစ်စနိုးလေးနဲ့ ဖွဖွလေးကိုင်ပီး ချော့လေသည်။
အဲ့တော့မှ ယုန်ပေါက်က ပြုံးသွားတော့သည်။
"ပီးရော အာ့ဆို အပြန်ကျရင် ဝယ်ကျွေးနော်"
"အိုကေဗျာ "Taehyun တစ်ယောက်လဲ ကျောင်းကိုသူ့ဆိုင်ကယ်နဲ့ ရောက်လာပီး ဆိုင်ကယ်ဦးထုပ်ချွတ်ပီး သူ့အရှေ့ကနှစ်ယောက်ကို တအံ့တဩကြည့်နေသည်။အထူးသဖြင့် Choi Soobin ကိုပေါ့။
"OMG...Choi Soobin တကယ် Choi Soobin ကြီးလား"Taehyun တစ်ယောက် မျက်လုံးပြူးပီး မေးနေသည်။
"Ya!!!Taehyun ငါက မင်းရဲ့Choi Beomgyu မဟုတ်ဘူးကွ အဲ့လောက်ပြူးပီးကြည့်မနေနဲ့ "ဟု Soobin ကနောက်လိုက်လေသည်။
"ကဲပါ ထားပါတော့ ဒီနေ့ မင်းတို့နှစ်ယောက်စောသားပဲ ဆေးတွေများမှားစားလာတာလား"
"အခု ငါနဲ့Yeonjun က တူတူနေနေတာလေ အာ့ကြောင့်ကျောင်းကိုစောစောရောက်နေတာပေါ့"
"OMG...မင်...မင်းတို့နှစ်ယောက်က တူတူ😱"Taehyun တစ်ယောက် ထပ်ပီးအံ့ဩရပြန်သည်။
"Ya..Ya!!! မင်းကဘာတွေတွေးနေတာလဲ Soobin ommaက Soobin စာမလုပ်ဘဲ ဂိမ်းတွေချည်းဆော့နေလို့ ငါနဲ့နေပီး စာအတူလုပ်လို့ရအောင် ကျောင်းနားကကွန်ဒိုဝယ်ပေးထားတာ အဲ့တာကြောင့် ဒီနေ့ကျောင်းကိုစောစောရောက်နေတာ"ဟု Yeonjun ကပြန်ရှင်းပြတော့မှ Taehyun လဲ သဘောပေါက်သွားတော့သည်။
"အော် Soobin သာ အစထဲကအဲ့လိုရှင်းရှင်းပြောလိုက်ရင် ပီးနေတဲ့ဟာ "
"ငါပြောတဲ့ထဲမှာအံ့ဩစရာမပါဘဲနဲ့ မင်းဘာမင်းလျှောက်တွေးနေပီးတော့များ" Soobin တစ်ယောက် Taehyun အား ပြန်ပြောသည်။
"မင်းက အစမရှိအဆုံးမရှိနဲ့ တူတူနေတယ်ပဲပြောတော့ ငါလဲတမျိုးထင်သွားတာပေါ့ ပီးတော့အခုခေတ်က BLတွေလဲများလာပီဆိုတော့ ..."
"ငါနဲ့ Yeonjun ကအဲ့လိုဖစ်စရာလားဟ လဒကောင်ရ ဟုတ်တယ်မလား Yeonjun "ဟု Soobin ကYeonjun ပုခုံးကဖက်ပီး ပြောလေသည်။
"အင်း..အင်း"ဟု Yeonjun ကပြန်ပြောပေမဲ့ မျက်နှာကသိပ်တော့မကောင်းပေ...