[ Unicode ]
Yeonjun နဲ့ Soobin နှစ်ယောက် တော့ပိုကီစားလို့ပီးသွားတဲ့အချိန် driverဦးလေးက ရောက်လာသည်။
"ဦးလေး က ဒီနေ့ကျမှကြာလိုက်တာ ကျွန်တော်တို့ကဗိုက်ဆာနေတာနဲ့ တော့ပိုကီစားနေကြတာ"
"အကြာကြီးစောင့်နေရလို့ ကျွန်တော် တောင်းပန်ပါတယ် အကိုလေးရယ် အကိုလေးappa သူဌေးက Taegu ဘက်အလုပ်ကိစ္စရှိလို့ ကျွန်တော်သွားပို့ပေးရလို့ ကြာသွားတာပါ"
"အော် ရပါတယ် ဦးလေးရယ် တောင်းပန်စရာမလိုပါဘူး Soobin na လာ ကားပေါ်တက် အိမ်ပြန်ကြမယ်"ဟု ပြောကာ Yeonjunက Soobin ကိုခေါ်၍ ကားပေါ်သို့ တက်သွားသည်။Soobin လဲ အစက နူတ်ခမ်းဆူပီး အလိုမကျဖစ်နေပေမဲ့ Yeonjunကြောင့် ဘာမှမပြောတော့ပဲ ကားပေါ်သာ တက်သွားတော့သည်။
Soobin အိမ်ရောက်တော့ Soobin ommaက Soobin နဲ့ Yeonjunကို ပြောစရာစကားရှိတာကြောင့် Yeonjunကိုပါ အိမ်ထဲသို့ ခေါ်လိုက်လေသည်။
Soobin နဲ့ Yeonjun ဧည့်ခန်းမှာထိုင်လိုက်ပီး Soobin ommaပြောမှာကို နားထောင်နေလေသည်။
"omma သားတို့နှစ်ယောက်ကို ပြောမှာက သားလေး Soobinက ညဘက်တွေဆို ဂိမ်းတွေပဲ ထိုင်ဆော့နေလို့ စာလဲသိပ်မလုပ်ဖစ်သလို မနက်ဆိုလဲ နိုးရအရမ်းခက်လို့ တော်တော်နဲ့မထဘူး အာ့ကြောင့် ommaနဲ့ Yeonjun ommaနဲ့ တိုင်ပင်ပီးပီ သားနဲ့Yeonjunကို ကျောင်းနားက ကွန်ဒိုမှာ တူတူနေပီး စာလုပ်လို့ရအောင် ommaတို့ ကွန်ဒိုတစ်ခန်း ဝယ်လိုက်ပီ "
"ဗျာ!!!!" နှစ်ယောက်လုံး ပြိုင်တူအံ့ဩသွားကြသည်။
"ဘာမှလာမပြောနဲ့နော် omma သားအတွက် အထုတ်တွေပြင်ဆင်ပီးပီ Yeonjunလေးလဲ ခနနေ သားommaလာလိမ့်မယ် အိမ်ပြန်စရာမလိုဘူး ဒီမှာပဲ သားommaကိုစောင့်နေလိုက်တော့ ommaလဲ အလုပ်ကိစ္စဆက်လုပ်လိုက်အုံးမယ်"ဟု ပြော၍ သူမအခန်းထဲသို့ ပြန်ဝင်သွားလေသည်။
Soobin နဲ့ Yeonjunမှာ ဘာမှတောင် မပြောလိုက်ရဘဲ လက်ခံလိုက်ရလေသည်။
Soobin ommaပြောတာကို Soobin တစ်ယောက်ကတော့ပျော်နေလေသည်။ အိမ်မှာဆိုလဲ ommaနဲ့ appaက အလုပ်တွေပဲလုပ်နေတာ သူ့အတွက် အဖော်လဲမရှိ တစ်ယောက်ထဲဂိမ်းတွေပဲဆော့နေရတော့ ပျင်းနေတာပေါ့ အခု Yeonjunနဲ့ တူတူနေရမယ်ဆိုတော့ သူ့အတွက်အဖော်ရသွားပီဆိုပီး ပျော်နေတာပေါ့ ပထမက အံ့ဩသွားတယ်ဆိုတာ ရုတ်တရက် မတိုင်ပင်ပဲ ပြောသောကြောင့် ပင်ဖြစ်သည်။
Yeonjunမှာ Soobin လိုမျိုးမဟုတ်ဘဲ ရင်ထဲမအေးဖစ်နေသည်။သူက အရင်လိုသူငယ်ချင်းမျိုးမဟုတ်တော့ဘူးလေ Soobin အပေါ်မှာ ခံစားချက်တွေရှိနေပီဆိုတော့ သူ့အတွက် နဲနဲဝန်လေးသလိုဖစ်နေတာပေါ့ ပီးတော့ တခါတလေ Soobin အိမ်ကိုလာလည်ပီး တူတူဂိမ်းတွေဆော့ကြပေမဲ့ အခုက တစ်အိမ်ထဲတူတူနေရမယ်ဆိုတော့ Yeonjunတစ်ယောက် Soobin သူ့ခံစားချက်တွေ သိသွားမှာကို ကြောက်နေသည်။
Yeonjunမျက်နှာ သိပ်မရွှင်တာကြောင့် Soobin တစ်ယောက် Yeonjunမျက်နှာကိုအနီးကပ်ကြည့်လိုက်ပီး မေးလိုက်သည်။
"Ya!!!Yeonjun ...မင်းမျက်နှာဘာဖစ်နေတာလဲ ငါနဲ့နေရတော့မှာကို မပျော်ဘူးလား"
Soobin နဲ့တူတူနေရမည့်အကြောင်းတွေးနေရင်း ရုတ်တရက် Yeonjunမျက်နှာကို အနီးကပ်ကြည့်ပီး လာမေးတဲ့ Soobin တစ်ယောက်ကြောင့် Yeonjunမျက်နှာမှာ တဖြည်းဖြည်းရဲတက်လာသည်။
"မ..မဟုတ်ပါဘူး Soobin ရာ ငါကဘာလို့မပျော်ရမှာလဲ ကို့အချစ်ဆုံးသူငယ်ချင်းနဲ့တူတူနေရမဲ့ဟာ ပျော်တာပေါ့"
"ပီးရော ဒါနဲ့ မင်းမျက်နှာက ဘာလို့နီရဲနေတာလဲ မင်း နေမကောင်းဘူးလား" ဆိုပီး တစ်ဖန် Yeonjunနဖူးအား လက်ဖြင့်စမ်း၍ မေးနေသည်။
"နေ..နေကောင်းပါတယ် ဖယ်..ဖယ်စမ်းကွာ !!!မင်းလက်" Yeonjunမျက်နှာကိုအနီးကပ်ကြည့်လိုက် နဖူးကိုလက်ဖြင့်စမ်းနေတဲ့ Soobin ကြောင့် Yeonjunမှာ ရင်တွေခုန်နေပီး Soobin လက်ကို ဖယ်ပီး အပြင်ဘက်သို့ ထွက်သွားလေသည်။
(Yeonjun's pov - ဟူး....ငါဒီလိုပုံစံနဲ့ Soobin နဲ့တူတူနေလို့ကတော့ ငါတော့သွားပီပဲ ဟိုကောင်ကလဲ ဘာလို့ ဒီနေ့ကျမှ င့ကိုအနီးကပ်ကြည့်လိုက် နေမကောင်းဘူးလားဆိုပီး လာနေရတာလဲကွာ မင်းရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ငါကအကြည့်မခံနိုင်ဘူးကွ မဖစ်သေးပါဘူး Choi Yeonjun မင်း ဆင်ဆင်ခြင်ခြင်နေစမ်း )
Yeonjunတစ်ယောက် ထွက်သွားတာကိုကြည့်ပီး Soobin တစ်ယောက်နားမလည်နိုင်ဖစ်နေသည်။
"ဒီကောင် ဘာဖစ်တာလဲဟ ဒီတိုင်းလေး နေမကောင်းဘူးလားဆိုပီး မေးလိုက်တာကို င့ကိုများ လာအော်နေသေးတယ် ဒီကောင်လဲ စာတွေလုပ်ပီး ဂေါက်သွားတာနေမယ်"ဆိုပီး Soobin အခန်းထဲသို့ ဝင်သွားလေသည်။