ep3

547 32 0
                                    


Uni

တိုင်းပြည်နှစ်ခုစစ်ဖြစ်နေတယ်။
တစ်ဖက်က ဝမ်ဘုရင်ခေါင်းဆောင်သည့်
တပ်။
တစ်ဖက်က ရှောင်စစ်သူကြီးခေါင်းဆောင်သည်တပ်။
ဓား ဓား ခြင်းခုတ်၍ လှံလှံခြင်းအလှဲထိုးလို့
နေသည် တိုင်းပြည် နှစ်ခုရဲ့စစ်သည်တော်တွေ။
စစ် ဖြစ်သောကြောင့်သာ ထွက်တိုက် ရသည့်ဝမ်ဘုရင် က
နာကြီး မုန်းတီးခြင်များ သွေးကြွေးဟုသော
အသိတရားတို့ နဲ့ ကျန်ရှိနေသေးတဲ့
၅၂၈ သံဃောဇဉ် အမုန်းတရားများနှင့်အတူ
ဓားကိုကျစ်ကျစ် ပါအောင်ဆုတ်ကိုင်ထားသော ရှောင်စစ်သူကြီး ကို

"အကိုတော် နန်းသိမ်းပွဲ မခံယူသေးဘူးလား"

ညီတစ်ယောက် က အကိုတစ်ယောက်ကို မေးသည် လေသံနှင့်သာ အနောက်က စစ်သည်တော် တွေစစ်ဖြစ်နေသည်ကိုပင် မေ့နေလေသလား။

"တော် ငါအား အကိုတော် ဟုမခေါ်လေနှင့်
တိုင်ပြည်၏ အရင်အိမ်ရှေ့စံ မသေသမျှ ငါနန်းသိမ်းပွဲ မပြုလုပ်"

စစ်သူကြီးရှောင်၏ပြတ်သား‌သောစကားသံများအဆုံးမှာ လက်တွင်းမှ ဓားကို အားကုန်သုး၍ ဝမ်ဘုရင်အား စတင်တိုက်ခိုက်ပါပြီ။ဝမ်ဘုရင်လဲ သူ့ဆောင်ဓားနှင့် ကိုယ်ကိုကိုယ် ခုခံကားကွယ်ရုံမျှသာ တိုက်ခိုက်လေသည်။
တိုင်ပြည်နှစ်ခုစစ်ဖြစ်သည်က အချိနါအတော်ကြာပြီ
စစ်သူကြီးရှောင်၏ ဓားချက် ကို ဝမ်ဘုရင် ဆောင်ဓားနှင့် ဟန့်တား၍

"စစ်သူကြီးရှောင် ယခုအချိန်မှာ ငြိမ်းချမ်းရေးလိုပါလား"
"ဝမ်ဘုရင် နှင့် သူသေကိုယ်သေ တိုက်ရသောစစ်ကိုသာလိုလားပါသည်"
"ဘာကြောင့် စစ်ကိုသာ လိုလာသလဲ စစ်သူကြီးရှောင်"

ဝမ်ဘုရင်၏ အမေးကို စစ်သူကြီးရှောင် ဟတ်ဟတ်ပတ်ပတ် ရယ်၍။

"ငါသာ ငယ်စဉ်ကတည်းက ဘုရင်သားတော်ဖြစ်ပါလျှက် မွေးစားသားလိုမနေခဲ့ရရင် အိမ်ရှေ့စံ ဆိုတဲ့ မင်းရဲ့လောင်ရိပ်အောက်သာ မရောက်ခဲ့ရင် ခုချိန်မှာ စစ်ကိုလိုလားမည်မဟုတ်ပါ"

စစ်သူကြီးရှောင်စကားဆုံးတော့ ဓားကို ဝမ်ဘုရင် ဆီသို့ဦးတည်၍
ဝမ်ဘုရင် မျက်လုံးအဆုံ မိတ်၍သာ
မထင်မှတ်ထားသည်က ရှောင်စစ်သူကြီးရဲ့ ဓားချက်က ဝမ်ဘုရင်ကို တိုက်ခိုက်ရန်မဟုတ်ဘဲ ကာကွယ်ရန်ဖြစ်နေသည်။
ဝမ်ဘုရသ်ကို တိုက်ခိုက်လာသည် မိမိစစ်သား၏ ဓားချက်ကို ဖယ်ရှား၍ မိမိကိုယ်တိုင် ၎င်းအားသတ်လိုက်လေသည်။

အတိတ် နှင့် ပစ္စုပ္ပန်Where stories live. Discover now