အိမ်ရှေ့စံ

314 16 0
                                    


Uni

အတိတ်( past )

တော်ဝင်စားသောက်ပွဲကျင်းမည်ဖြစ်သည့်အတွက် တော်ဝင်မိသားစုအားလုံး တော်ဝင်စားသောက်ခန်းထဲသို့ရောက်ရှိနေသည်။
တော်ဝင်မိသားစုတွေအားလုံးစုံနေပြီ ဒါပေမဲ့ စားသောက်ပွဲက မစသေး။
တစ်ယောက်သောသူကို အားလုံးသည်းခံပြီးစောင့်နေရသည်။
စောင့်နေရသည်ကို မကျေနပ်နိုင်သည်က
ဘွားတော် ။
"အိမ်ရှေ့စံက ဘာလို့ခုချိန်ထိ မလားရသေးတာလဲ"

ဝမ်မင်းကြီး ဘွားတော်ကိုအရိုသေးပြု၍

"သည်းခံပေးပါဦး မယ်တော်"

စိတ်ထင်တိုင်းလုပ်လို့မဖြစ်သေးဘူး
မိသားစုစားသောက်ပွဲမဟုတ်ဘူးလေ
တော်ဝင်စားသောက်ပွဲ။ ပြီးတော့
ငါကတရှန်ပြည်ရဲ့ ဘွားတော် သည်းခံ သည်းခံ။

မယ်တော်ကြီးစိတ်ကိုဖြေတွေး၍
သည်းခံပြီး‌ထပ်စောင့်နေပေးပါသည်။
စောင့်နေရသည်က တစ်နာရီခွဲခန့်ကြာပြီ
ခုချိန်ထိ အိမ်ရှေ့စံက ကြွမြန်းမလာသေး။
မယ်တော်ကြီး မစောင့်နိုင်တော့။

"ငါမစောင့်နိုင်တော့ဘူး"

"သည်းခံပေးပါ။ အိမ်ရှေ့စံကို အပြစ်မမြင်ပါနဲ့ ဘွားတော်။"

ဘွားတော် စားသောက်ပွဲကထွက်သွားမည်ပြုတော့
စစ်သူကြီး ရှောင်ကျန့်၊ရွှင်လုမင်းသမီး၊မင်းသားသုံး တို့ကဆောင်ဓားတွေကိုချ၍ ကြမ်းပြင်မှာ ပြားဝတ်စွာ အိမ်ရှေ့စံအတွက်အသနားခံ တောင်းပန် ပေးလေသည်။
သူတို့ ထို့သို့ အသနားခံ မပေးလျှင် သေချာပေါက် အိမ်ရှေ့စံအပြစ်ပေးခံရမည်ဖြစ်သည်။

ဘွားတော်အသနားခံနေသည်ကိုမြင်တော့
မိမိခုံမှာပြန်ထိုင်ပြီး

"သက်သာသလိုနေပါ"

"ကျေးဇူးကြီးမားလှပါတယ် ဘွားတော်"

ဘွားတော်က သက်သာသလိုနေဟု၍ သုံးသားမိမိခုံမှာပြန်ထိုင်နေကြပြီး အိမ်ရှေ့စံကို ဆက်စောင့်နေရသည်"

************************

တော်ဝင်စာသောက်ပွဲစတင်ရန် အချိန်ကရောက်နေပြီး အိမ်ရှေ့စံကမနိုးသေး။
အိပ်ဖန်စောင့် တွေလဲ အိမ်ရှေ့စံကိုမနိုးရဲ။
အပျိုတော်ခေါင်းဆောင် ရောက်လာပြီး အိပ်ဖန်စောင့်အား

အတိတ် နှင့် ပစ္စုပ္ပန်Where stories live. Discover now