ဓာတ်ကြီးလေးပါး

339 20 0
                                    

Uni

⛪တရှန်တိုင်းပြည်⛪

အေးချမ်းသာရာတဲ့တိုင်းပြည်တစ်ခု။တိုင်းသူပြည်သားအားလုံးက ဓာတ်ကြီးလေးပါးလုံးကို အဆင့်တစ်အထိအသုံးပြုနိုင်ကြသည်။
တရှန်ပြည်သည် တလီပြည်နှင့်စစ်မဖြစ်ခင်ထိ ဓာတ်ကြီးလေးပါးသခင် လေးယောက်လုံးရှိသည်။
တေဇောဓာတ်သခင် စစ်သူကြီးရှောင်ရှောင်ဝု သည် တလီပြည်နှင့်စစ်ပွဲတွင် ကျရှုံးသွား
‌သောကြောင့် တရှန်ပြည်တွင် ဓာတ်ကြီးလေးပါးသခင် သုံးယောက်သာကျန်ရှိတော့သည်။
သို့သော် မကြာခင်တွင် ဓာတ်ကြီးလေးပါးသခင် လွဲပြောင်းပွဲကို ကျင်းပတော့မည်ဖြစ်၍ တရှန်ပြည်တွင် ဓာတ်ကြီးလေးပါး
သခင်လေးယောက်လုံး ပြန်ရှိတော့မည်ဖြစ်သည်။

*************************

ဓာတ်ကြီးလေးပါး🏜️🌊🌪️🔥

ကမ္ဘာမြေ ကိုဓာတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားသည်ဟု လူအများကယုံကြည်ကြသည်။ ဓာတ်ကြီးလေးတွင်ပါဝင်သော ပထဝီ၊တေဇော၊အာဘော၊ဝါရော ဓာတ်တို့၏သခင်များသည် ခေါင်းများသာဖြစ်သင့်သည်။ ခေါင်းများသည်လဲ ထိုသခင်များသာဖြစ်ကြသည်။ ထိုဓာတ်ကြီး လေးပါးသခင်များအုပ်ချုပ်သော တိုင်ပြည်သည် သာယာဝဖြိုးသည်။‌ဓာတ်ကြီးသခင်ဖြစ်ရန် မွေးရာပါသက်ဆိုင်ရာဓာတ်ကိုအဆင့်လေးဆင့်ထိတက်မြောက်ရမည်ဖြစ်သည်။
ဓာတ်ကြီးလေးပါးလုံးတွင်အဆင့်လေးဆင့်ရှိသည်။ ရေဓာတ်သာလျှင် ချွင်းချက်အဖြစ် အဆင့်ငါးဆင့်ရှိသည်။
သာမန်လူများသား ဓာတ်ကြီးလေးပါးလုံးကိုအသုံးပြုနိုင်သောလဲ
(အဆင့်တစ်ထိသာ လူတိုင်းမသုံးတက်)
ဓာတ်ကြီး‌လေး ပါးသခင်များသည် မိမိ၏ ဓာတ်သာ အသုံးပြုနိုင်သည်။

************************

‌ပထဝီ(မြေဓာတ်)🟨

မြေဓာတ်၏ကိုယ်စားပြုအရောင်မှာ အဝါရောင်ဖြစ်သည်။
မြေဓာတ်တွင်အဆင့်လေးဆင့်ရှိသည်။
ပထဝီဓာတ်သခင် တစ်ယောက်သည် မြေစိုင်ခဲများကိုသာအနည်းငယ်ထိန်းချုပ်နိုင်သည့်မဟုတ်(အဆင့်တစ်) တောတောင်အထိပါ ထိန်းချုပ်နိုင်သည်။
မြေဓာတ်သခင်တစ်ယောက်သည် မြေပေါ်တွင်ရပ်လိုက်သည်နှင့် မြေသားအခြေအနေကိုသိနိုင်သည်။

အတိတ် နှင့် ပစ္စုပ္ပန်Where stories live. Discover now