Episode - 3

946 31 3
                                    

Ep - 3 (Part 1)

tae. fany ကိုစိတ်မချသဖြင့် ကမ်းခြေသို့ လိုက်မသွားပဲ condo ခန်းထဲမှာပဲ fany နဲ့အတူနေခဲ့သည် ။ သူ fany ကိုဘာမှကူညီပေးလို့မရပေမဲ့လဲ fany ဘေးမှာနေပြီး တစ်ချိန်လုံးစောင့်နေပေးခဲ့သည် ။

tae သူ့ကုတင်ဘေးက ပြတင်းပေါက်မှန်တံခါးကနေ တိုက်အောက်သို့လှမ်းကြည့်လိုက်သည် ။ yul တို့ ၇ယောက်စလုံး ကားပေါ် တက်သွားပြီး သူတို့ကားလေးတိုက်ခန်းရှေ့မှထွက်ခွာသွားတာကို တွေ့နေရသည် ။

tae - fany yaa နင်ကလဲ စိတ်ပြေလက်ပျောက် လိုက်သွားတာမဟုတ်ဘူးဟာ … နင်ဒီအတိုင်းကြီးနေခဲ့တော့ ပိုဆိုးမှာပေါ့ဟ … :(

tae. fany ကုတင်ဘေးမှာရပ်ပြီးပြောလိုက်သည် ။ fany ကတော့သူပြောတာဘာမှမကြားရပါ သို့သော် သူခြုံထားသော စောင်ကိုလှန်လိုက်ပြီး ရုတ်တရက်ထရပ်လိုက်သည် ။ ပြီးတော့ fany . tae ရဲ့ကုတင်ပေါ်မှာထိုင်လိုက်ပြီး ကုတင်ပေါ်မှာအိပ်နေသော ginger လေးကိုကောက်ချီလိုက်သည် ။

fany - ginger yaa … ginger လေးလဲ tae unnie ကိုလွမ်းနေတယ်မို့လားဟင် ... :(

fany ပြောသောစကားကြောင့် tae တစ်ချက်ကလေးပြုံးလိုက်ရင်း သူ့စားပွဲဘေး ကုလား ထိုင်လေးပေါ်တွင်ဝင်ထိုင်လိုက်သည် ။

tae - aigoo … fany … yaa ginger လေးကငါ့ကို လွမ်းမှာမဟုတ်ဘူးဟ … ဘာလို့လဲဆိုတော့ သူကငါ့ကိုအမြဲတွေ့နေရတာလေ … နင့်လိုမဟုတ်ဘူးဟ …… :)

tae . fany လက်ပေါ်ချီထားသော ginger လေးအားပြုံးကြည့်ရင်း

tae - ginger yaa …… unnie ဆီလာပါဦး :D

'ဖတ် … ဖတ်'

tae လက်ဝါးတီးပြီးခေါ်လိုက်သည်နှင့် ginger လေးမှာ fany လက်ထဲမှခုန်ဆင်းလာပြီး tae ပေါင်ပေါ်သို့လျင်မြန်စွာ ခုန်တက်လာတော့သည် ။

tae - Aigoo …… Uri ginger လေး …… mwaaa <333

tae . ginger လေးကိုကုန်းနမ်းလိုက်ပြီးခေါင်းကို ပွတ်သတ်ပေးနေသည် ။ ginger လေးကတော့ သဘောကျပြီး အမြီးတယမ်းယမ်းလုပ်နေသည် ။ ထိုမြင်ကွင်းကိုတော့ fany တစ်ယောက်နားမလည်စွာ ဖြင့်တအံ့တသြကြည့်နေလေသည် ။

အမှန်တော့ ginger လေးမှာ tae ကိုမြင်နေရသည် ။ tae လဲအစကတော့ ginger လေးသူ့ကိုမြင်တယ်ဆိုတာကို သတိမထားခဲ့ပေမဲ့ နောက်ပိုင်း ginger လေးမှာ tae အခန်းထဲဝင်လာတာနဲ့ သူ့အနားပြေးကပ်ပြီး သူ့ကိုအတင်းပွတ်သီးပွတ်သပ်လုပ်သဖြင့် tae လဲ ginger လေးသူ့ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရသည်။

Soshi & Evil's DreamDonde viven las historias. Descúbrelo ahora