Episode - 7

635 27 1
                                    


krystal မှာ သူ fany တို့အား ပြောပြခဲ့သလို ထိုနေ့က fany မှာ အခန်းရှေ့တွင် လဲကျနေခြင်းမဟုတ်ပေ … cctv ထဲတွင် ထိုနေ့က fany တစ်ယောက် အခန်းထဲကနေအပြင်သို့ထွက်လာသော ပုံရိပ်လုံးဝ မပါပါ … krystal တစ်ယောက်ထဲ အခန်းတံခါးကို lock ဖွင့်ပြီး အထဲသို့ ဝင်သွားပုံသာပါလေသည် ။

{ fany - မဖြစ်နိုင်တာ … soo jong ကဘယ်လိုလုပ်ပြီး ငါတို့ အခန်းနံပါတ် lock ကိုသိနေရတာလဲ … အဲ့တုန်းက သူနဲ့ ငါတို့က တစ်ခါမှတောင်မတွေ့ဖူးသေးတာပဲဟာကို … နောက်ပြီး … ငါလဲ အဲ့နေ့က သူပြောသလို အပြင်မှာ လဲနေတာလဲမဟုတ်ပါလား … ဒါဆိုဘာတွေလဲ … သူငါတို့ကို ညာခဲ့တာပဲ …… သူဘာလို့ငါတို့ကိုညာခဲ့တာလဲ … သူကဘာလဲ .… ဘယ်သူမို့လို့ ငါတို့ရဲ့
lock no. ကိုတောင်သိနေရတာလဲ …  O.O }

Tiffany ခေါင်းထဲ၌ krystal နဲ့ပတ်သတ်ပြီး မေးခွန်းများစွာဖြင့် ရှုပ်ထွေးနေခဲ့တော့သည် ။
…………………………………

fany ခေါင်းထဲ၌ krystal အကြောင်းများကို တွေးရင်း မေးခွန်းများစွာဖြင့်ချာချာလည်ကာ သူတို့အခန်းထဲသို့ ပြန်လာခဲ့သည် ။

အခန်းထဲရောက်တော့ yul ကသူ့အခန်းထဲမှ အိပ်ချင်မူးတူးပုံစံဖြင့် လက် ၂ဖက်အကြောဆန့်ရင်း ထွက်လာတာသည် ။

yul - ဟင် fany နင်ဘယ်ကပြန်လာတာလဲ …… o.O
fany - tae ဆီသွားပြီးပြန်လာတာ …
yul - ဟုတ်လား … ငါတောင်မသိလိုက်ဘူး …
fany - ဘယ်သိပါ့မလဲ ငါကမနက် ၆နာရီထဲက ထွက်သွားတာ … အဲ့ချိန်နင်က အိပ်ကောင်းတုန်းလေ …

fany ကနှာခေါင်းရှုံ့ပြောလိုက်တော့ yul က ရယ်ပြီး

yul - ဟီးး … ငါဒီတစ်ခါပဲ နောက်ကျတာပါဟယ် … အော် ဒါနဲ့ Happy Birthday ပါ ^_^

yul . fany ပုခုံးကိုသိုင်းဖက်လိုက်ရင်း ပျော်ရွင်သောအပြုံးနဲ့ ပြောလိုက်ရာ fany လဲ အပြုံးမျက်နှာဖြင့်

fany - တော်သေးတာပေါ့ သတိရသေးလို့ … :)
yul - yaaa ငါကနင့်မွေးနေ့ကို မေ့စရာလား …

yul ကအတင်း fany ရဲ့ဂုတ်နားကို သိုင်းဖက်လိုက်ပြီးပြောသောကြောင့် fany က yul လက်ကို အသာပြန်ဖယ်လိုက်ရင်း

fany - yaa … kwon yuri … ဖယ်ပါဟယ် … Aishhh ဒီတစ်ယောက်မျက်နှာတောင်မသစ်ပဲနဲ့ အတင်းလာဖက်နေတယ် … သွား မျက်နှာသွားသစ်ရေ အာပုတ်စော်နံတယ် …… :D

Soshi & Evil's DreamTahanan ng mga kuwento. Tumuklas ngayon