Part~1

78 7 8
                                    

Unicode

လီရိုအင်ပါယာရဲ့ကျူး‌‌ကျော်သူတွေက ပျက်စီးဆုံးရှုံးပြီးမဖြစ်ထွန်းတဲ့မြေတွေကိုထားခဲ့ကြတယ် ဂိုလျောရဲ့ဟန်ချယ် ဘုရင်က ချောင်ယူရဲ့သမီးနဲ့လက်ဆက်ခဲ့တယ် ငြိမ်းချမ်းတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ထူထောင်နိုင်ခဲ့တယ် ဒါပေမဲ့ ပြည်သူတွေက သွေးနှောမင်းသားကိုကြောက်ရွံ့ခဲ့ကြတယ် မင်းကြီးဟန်ချယ်ဟာ အမြဲလုံးပန်းခဲ့တယ် လောဘကြီးစွာနဲ့အမဲလိုက်ခြင်းအပေါ်.......

ဂိုလျောဘုရင်နဲ့ယွမ်မင်းသမီးလေးတို့က မွေးဖွားလာတဲ့ကလေးတစ်ယောက် အသက်သုံးနှစ်ကတည်းကအိမ်ရှေ့စံမင်းသားဖြစ်လာပြီးလူအများက ကလေးရဲ့အရှေ့မှာဦးညွတ်ဂါရ၀ပြုကြရတယ် အဲ့ကလေးအတွက် နန်းတော်ကြီးဟာ ကမ္ဘာတစ်ခုဖြစ်ခဲ့တယ် အမြဲတမ်းတစ်ယောက်တည်းဖြစ်ခဲ့တယ်။

"အိမ်ရှေ့စံမင်းသား မင်းကြီးအခေါ်တော်လွှတ်လိုက်ပါတယ်"

"........."

နန်းဆောင်ကို အမြဲလိုလိုပင် မကပ်တဲ့ မင်းသားလေးကြောင့် အထိန်းတော် ၀မ်မှာ အလွန်ပင် ဒုက္ခရောက်လှပါသည်။ ကလေးဘ၀ထဲကပင် ထိန်းလာတဲ့သူပင်မလို့ မင်းသားလေးအကြောင်း ပိုသိသူပင်ဖြစ်သည်။

"မင်းသား!!!!"

မိုးသားပေါ်က တိမ်တိုက်လေးကြားများထဲက သူရိန်နေမင်းကြီးဟာ တဖြည်းဖြည်းထိုးထွက်လာသည်။အလွန်ပင်သာယာလှသောနေ့တွင် အမဲလိုက်ထွက်ရန်သင့်တော်သည်မဟုတ်ပေလား။ရှင်ဘုရင်သည် အမဲလိုက်ထွက်ရန် လက်စွဲတော် သိမ်းငှက်ကို စောင့်နေလေသည်။

"ငါ့သိမ်းငှက်အဆင့်သင့်မဖြစ်သေးဘူးလား"

"ဟိုဟာ မင်းကြီးရဲ့သိမ်းငှက်မဟုတ်ပေလား"

အနောက်မှထွက်လာသော အထိန်းတော်ရဲ့အသံကြောင့် မင်းကြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ အလွန်ပင်တင့်တယ်လှသော မင်းကြီးရဲ့သိမ်းငှက်သည်နန်းတော်အဝေးသို့ ပျံသွားးလေသည်။ နန်းဆောင်ထဲမှာ ချုပ်နှောင်ချည်ထားသော သိမ်းငှက်သည် အဘယ်ကြောင့် နန်းပြင် သို့ ထွက်လာသနည်း။တစ်စုံတစ်ယောက်က လွှတ်ပေးလိုက်လိုက်သည်ဆိုတာ သိလိုက်သည်။ထိုလွှတ်ပေးလိုက်သူသည် မည်သူမှမဟုတ် အိမ်ရှေ့စံမင်းသားသာဖြစ်သည်။

Last Emperor Where stories live. Discover now