Part 3

26 4 0
                                    

Unicode

"ဟိုဘက်"

"မဟုတ်ဘူး ဒီမှာ"

ဟိုဆော့ရယ် ယွန်းဂီ ရယ် မြို့ပြင် ဘက်သို့ရောက်လာသည်။ မြို့ပြင်နားတစ်၀ိုက်တွင်ရှိသော တောစပ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ အမှန်တော့တွေ့စရာ လူတစ်ဦးရှိလို့ ရောက်လာခြင်းဖြစ်သည်။ ရောက်ရောက်ခြင်းပင် အုပ်ကြွ အုပ်ကြွ အသံကြောင့် စိတ်၀င်တစား၀င်လိုက်ကြသည်။။လက်မောင်း မှာ အနီရောင်ဖဲကြိုးစကိုစည်းထားတဲ့သူက တစ်ဖွဲ့ နှင့် ထိုအတူ အပြာရောင်ဖဲကြိုးစကို ချည်ထားသူက တစ်ဖွဲ့. ‌ဘိုင်ယော့ဂူ (ဘောလုံးရိုက်ကစားနည်း) ကစား နေကြသည်။

ယွန်းဂီ ခေတ္တ ငြိမ်သက်သွားသည်။ ဒါပေါ့ သူ့ရှေ့မှာ နတ်ဘုရားတစ်ပါးလိုလှပသော ကောင်လေးကို ငေးမောမိနေသည်။ တစ်၀က်ပင့်တင်ပြီး စည်းထားသော ခါးလောက် မထိတထိရှည်နေသော ဆံနွယ်၊ လေပြေလေးတိုက်လိုက်တိုင်း လေထဲတွင် လွင့်နေသည့်အပြင် ထိုနတ်သားလေးက ဟိုးပြေးဒီပြေးနဲ့ နဖူးပေါ်မှစီးကျနေသော အရည်ကြည်လေးများ ၊ နို့ရောင်အသားရည်လေးနဲ့ အရပ်သားပုံစံနဲ့ ကွဲထွက်နေသောသူကို ခဏတာ ငေးမောမိနေသည်။ ရှေ့သို့ရောက်လာသော ဘောလုံးကို မမြင်မိလောက်အောင် ‌အချိန်အတော်ကြာငေးမိသွားသည်။ ထိုနတ်သားလေး ရှေ့သို့ရောက်လာမှ သတိပြန်၀င်သည်။

"ဘာကိစ္စရှိလို့ပါလဲ "

ဘုရား! နတ်သားလေးကတော်တော်ကိုချစ်ဖို့ကောင်းတာပဲ ဘာကြောင့်များ ဒီလို တောထဲမှာ အရမ်းကို ချောမောလွန်းတဲ့ကောင်လေးက ရှိနေရတာလဲ ။

ဒီလူကြောင်နေတာလား ရောက်လာကတည်း‌ ကြောင်တောင်တောင်ကြီး ရပ်နေတယ်၊ သူ့ရှေ့မှာ ရောက်နေတဲ့ ဘောလုံးကို သွားယူရင်း မေးလိုက်တာတောင် ဘာမှပြန်မဖြေ? အ' များ အ' နေတာလား
ဆူဘီတစ်ယောက် စိတ်ထဲတွင် ပြောဆိုလိုက်သည်။

❗ဆူဘီက ဂျီမင်းနော် လူရောကုန် အုန်းမယ် ဒါဒါတို့ ရေ❗(အစေခံနဲ့ နေရာချင်းလဲထားတာနော်)

အတော်ကြာ ဘာမှပြန်မဖြေတဲ့ ယွန်းဂီကြောင့် ဘေးကနေ အရိပ်အကဲသိတဲ့ဟိုဆော့က အမြန်ပင် ၀င်ဖြေလိုက်သည်။ အမြန်ပင် အတွေးလွန်နေသော တစ်ယောက်ကို လက်တတောင်နဲ့ ထိုးပြီး သတိ၀င်အောင် အချက်ပေးရင်း ပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Feb 04, 2022 ⏰

Add this story to your Library to get notified about new parts!

Last Emperor Where stories live. Discover now