Part~2

20 6 0
                                    

Unicode

ယွန်းဂီလက် ကို ဆွဲကိုင်ကာ သခင်မကြီးက အလွန်ကွဲရှနေသောအသံဖြင့် စကားတစ်ခုဆိုလိုက်သည်။

" အဒေါ့် သားကို ကယ်တင်ပေးပါ"

" သခင်မကြီးရဲ့ သားက ဘယ်မှာလဲ"

"အဒေါ့်သား လေးကို အဒေါ်မှာချင်တာလေးရှိလို့ ကိုယ်စားပြောပေးပါလား "

"ဟုတ်ကဲ့ ကျွန်တော် သေချာပေါက်ပြောပေးပါ့မယ် "

..........................................................

"ကြည့်ပါအုန်း အလွန်ဖွံ့ဖြိုးပြီး လက်ဆက်နေတဲ့ အပင်ပဲ
နောက်နှစ်တွေလည်း လာပြီးစိုက်ပျိုးမယ် ပြီးတော့....."

‌အစောင့်လေးယောက်နှင့် ပြန်လာ‌သော ‌ဂျီမင်း.
အပြန်လမ်းမှာ မျက်နှာဖုံးနှင့် လူတစ်စု ရုတ်တရက် ရောက်လာသောကြောင့် ပြောလက်စ စကားများရပ်တန့်သွားလေသည်။

" သခင်လေး အခြေအနေမကောင်းတော့ဘူး အမြန်ထွက်ပြေးရအောင်"

ရုတ်ချည်းပင်ဆိုလာသော အစောင့်ကြောင့် ဂျီမင်း လန့်သွားသည်။ ချက်ချင်းပင် အစောင့်လေးယောက်နှင့် အစေခံ ကောင်လေးနဲ့ အတူ အမြန် တောထဲသို့ ပြေးရပြန်သည်။ အစောင့်လေးယောက်က တော့ သခင်လေးကိုကာကွယ်တိုက်ခိုက်ပေးရင်း အနောက်ကနေလိုက်လာခဲ့သည်။ ထိုမျက်နှာဖုံးနဲ့ လူတစ်စုမှာ လူအင်အားများသောကြောင့် အစောင့်လေးယောက်မှာ တ‌စ်ယောက်ပြီးတစ်ယောက် ကျလာသည်။ နောက်ဆုံး အစေခံကောင်လေးနဲ့ ဂျီမင်းသာ ကျန်ခဲ့သည်။

........................................................

ဦးရီတော်လန် နှင့်ပူးပေါင်းပြီး အိမ်ရှေ့စံနေရာကိုလိုချင်နေသော ဂျောင်၀မ်ယင်း၊ ‌၀မ်ယင်းရဲ့ညီ ဟိုဆော့မှာ အိမ်ရှေ့စံနဲ့ အလွန်ပင် ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း အကို ၀မ်ယင်း ကတော့ အိမ်ရှေ့စံနေရာကိုလိုချင်နေသည်။ ဘဏ္ဍာရေး၀န်ကြီး ပတ်ယောင်းဟို သည် ဘုရင်ပြီးရင် ဒုတိယ အာဏာအကြီးဆုံးဖြစ်သည် ပိုင်ဆိုင်မှုတွေလည်းများသည်။ ထိုနည်းတူစွာ ဟိုဆော့နှင့် ၀မ်ယင်းတို့ အဖေ အကြီးအကဲဂျောင်ယမ် လည်း ၀န်ကြီးပတ်ယောင်းဟို နှင့် တူစွာပင် ပိုင်ဆိုင်မှုများသည်။ အလွန်ပင်အာဏာကြီးသည့် ပတ်မိသားစုမှ တစ်ဦးတည်းသောသား ဂျီမင်းကို အိမ်ရှေ့စံတို့ဘက် မရောက်စေချင်သောကြောင့် ဓားပြအဖွဲ့နှင့်ပူပေါင်းကြံစည်ခြင်းဖြစ်သည်။

Last Emperor Where stories live. Discover now