လေညှင်းလေးများ တိုက်ခတ်နေသော မြစ်ငယ်လေးဘေးတွင် အသက်မပါသည့် အပြုံးများနှင့်အတူ ကျွန်တော်လမ်းလျှောက်လာခဲ့သည်..... လွမ်းဆွတ်မှုများနှင့်အဝေးရောက်နေသည့် မြစ်ငယ်လေးကိုငေးမောရင်း သူမကိုသတိရနေကြောင်း တစ်တွတ်တွတ်ရေရွတ်လျှက် ဟိုးအတိတ်များဆီသို့ အတွေးများစွာနှင့် အလည်သွားလိုက်သည်......
နှစ်သစ်လေးရဲ့အစဖြစ်သလိုအဲ့ဒီနေ့လေးကကျွန်တော့်အတွက်မမေ့နိုင်တဲ့နေ့လေးအဖြစ်လည်းအသက်ဝင်နေခဲ့သည်။ အဲ့နေ့ကကျွန်တော့်ဘဝရဲ့မီးအိမ်ရှင်မလေးကိုပထမဆုံးအနေနဲ့တွေ့ခဲ့ရတယ်လေ။ သူမနာမည်ကမေနှင်းဖြူ.... 👩သူမက ကျွန်တော့်ထပ်တစ်နှစ်ပဲကြီးတာပါ ကျွန်တော့်ရဲ့မပေါ့။ တခြားမိန်းကလေးတွေနဲ့မတူပဲတမူထူးခြားသလိုဖြစ်ပေမယ့် သာမန်မိန်းကလေးတစ်ယောက်ပါပဲ။
သူမက Coffeeဆိုင်လေးမှာ ညနေအချိန်ပိုင်းအလုပ်လုပ်ပြီး မနက်ပိုင်းမှာတော့ Exodus Companyရဲ့ Designerတစ်ယောက်အဖြစ်လည်း အလုပ်လုပ်ကိုင်တယ်လေ.... သူမအကြောင်းတွေးမိနေရင်းနာရီကိုလှမ်းကြည့်မိမှAt 16:00 PM ⏱⏱
ဒီအချိန်ဆို သူမ ကျွန်တော့်တိုက်ရှေ့ကနေဖြတ်သွားနေကြလေ.....
သူမအချိန်ပိုင်းလုပ်တဲ့ coffeeဆိုင်လေးက ကျွန်တော်နေတဲ့တိုက်ရဲ့ မျက်စောင်းထိုးလေးမှာကို။ သူမကိုနေ့တိုင်းတွေ့ခွင့်မရှိတဲ့ ကျွန်တော့်အတွက် စိတ်ထိခိုက်စရာကောင်းလွန်းလို့ အဝေးကပဲလှမ်းကြည့်နေရတဲ့ ကျွန်တော့်ဘဝကို ကျွန်တော်ကျိန်ဆဲနေမိသည်။ကျွန်တော်က ကျောင်းဆရာတစ်ယောက်ပါ..... မနက်၇နာရီကနေ ညနေ၃နာရီအထိ အချိန်ပြည့်သင်နေရတဲ့ ကျွန်တော့်အတွက် ကျောင်းက ငြီးငွေ့စရာကောင်းလှသည်။ ကျောင်းသူကျောင်းသားတွေကလည်း မပျက်ရှိနေတာကို။ ဒါပေမယ့် ကံတရားက ကျွန်တော့်ကို မျက်နှာသာပေးခဲ့တယ်။ သူမအလုပ်လုပ်တဲ့ Exodus Company က ကျွန်တော့်အဖေရဲ့ Companyဖြစ်နေတယ်လေ။
သူမကိုတွေ့ဖို့အတွက် ကျွန်တော် စိတ်မဝင်စားတဲ့အလုပ်ကိုလုပ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်ကအဖေနဲ့ အတိုက်အခံလုပ်ပြီး မလုပ်ချင်တဲ့အလုပ်ကို မလုပ်ရဖို့ ကျောင်းဆရာဝင်လုပ်ခဲ့တာပါ။ သူမနဲ့တွေ့ရဖို့ နောက်နေ့ကစ အဖေ့ရဲ့Company မှာဝင်လုပ်ဖို့ အဖေ့ကို အသိပေးလိုက်တယ်... အဖေကတော့ဝမ်းသာနေတာပေါ့။