ကျောင်းဝန်းထဲသို့ အနက်ရောင်ကားသုံးစီးအပြိုင်အဆိုင်
ဝင်ရောက်လာပြီး Car Parking သို့ဦးတည်လျက်Jungkook ကားကအရှေ့ဆုံးမှ ဦးဆောင်ပြီး Yoongi
ကတော့နောက်ဆုံးမှာဖြစ်တယ် ဒါဆိုဒီပြိုင်ပွဲမှာ ရှူံးနိမ့်သူက- -Yoongi,Jungkook,Namjoon,Hoseok တို့အတွက်သီးသန့် V.I.P Parking ခွဲထားပါတယ်နော်
At Car Parking
Jungkook လည်းသူတို့အတွက်သီးသန့် V.I.P Parking ရှေ့ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အနည်းငယ်တော့အံ့ဩသွားရတယ်သူတို့အတွက် သီးသန့် Parking မှာကားသုံးစီးလာထိုးထားတာကြောင့်ဖြစ်တယ် Jungkook လည်းခနရပ်ကြည့်နေလိုက်တော့ ကားတွေပေါကနေ လွယ်အိတ်ကိုယ်စီနဲ့ဆင်းလာတဲ့ကောင်လေးသုံးယောက်
Jungkook တို့ကားတွေ သူတို့ကားတွေရှေ့မှာလာရပ်တာတောင် သူတို့ကမဆိုင်သလိုထွက်သွားကြတယ် Jungkook လည်း ဟွန်း ကိုသာဆက်တိုက်တီးနေတယ်
ဟွန်း လည်းတီးရော ခုနကထွက်သွားတဲ့ကောင်လေးသုံးယောက်နောက်ကိုလှည့်ကြည့်ပြီးပွစိပွစိပြောနေကြတယ် ပြီးတော့ချက်ချင်းပြန်လှည့်လာပြီး Jungkook တို့ကားရှိရာဆီသို့
ထိုကောင်လေးသုံးယောက်က Jungkook တို့ကားကိုအသေအချာစိုက်ကြည့်နေပြီး ရုတ်တရက်Jungkookကားဘေးမှန်ကိုလာထုတဲ့ ကောင်လေးသုံးယောက်
Jungkook လည်းကားမှန်ချလိုက်တော့
Tae : ဒီမှာခင်ဗျ ဘာဖြစ်လို့ သူများတွေကားရှေ့မှာ ဟွန်းကို
အဲ့လောက်တီးနေတာလဲ
Jk: ဒီမှ~~~~~
Tae: ဘာလဲ ခင်ဗျားကဒီနေရာလိုချင်လို့လား
Jk: မဟု~~~
Tae: အဲ့ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး ကျွန်တော် တို့ကားတွေထားပြီးသွားပြီဗျ အော် ပြီးတော့ဦးသူယူနည်းလေJimin နဲ့ Jinလည်း Tae ပြောတာကိုသာနားထောင်နေလိုက်တယ်
Jungkook တောင်ဘာမှမပြောရသေးခင် အရှေ့မှာဆက်တိုက်တွေ ပြောသွားသောကောင်လေးအား Jungkook
အနည်းငယ်တော့ဒေါသထွက်သွားပြီးJk: ဒီမှာ မင်းစာဖတ်တက်လားမသိဘူး
Tae: လူကိုများအထင်သေးလို့ ဒီမှာ- - Taetae တို့ကလေ
ဘာသာစကားကို 3,4မျိုးလောက်ပြောတတ်တယ် သိလား