Part 16 ⭐

501 40 0
                                    

ကျွန်တော် ညနေဆေးရုံကပြန်လာကတည်းက စိတ်ထဲမှာမလုံသလိုဖြစ်နေတယ်။

အဲ့တာကြောင့် ကျွန်တော် Jinnine နဲ့အကြောင်းအရာတစ်ခုကိုတိုင်ပင်ဖို့ဆုံးဖြတ်လိုက်တယ်။

Tae: Jinnine ရေ Jinnine
Jin: အေး ငါအိမ်ရှေ့မှာဟ
အိမ်ရှေ့ခန်းထဲကနေလှမ်းအော်လိုက်တဲ့ Jinnine။

Tae လည်းအိမ်ရှေ့ခန်းသို့သွားပြီး Jin ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။

Jin: ဘာလဲပြော ဒီမှာဇာတ်လမ်းကြည့်နေပါတယ်ဆို
Tv ကြည့်ရင်းပြန်ပြောလာတဲ့ Jin။

Tae: ဟို- -ဟို ဟိုလေ

တဟိုဟိုနှင့်ဖြစ်နေသော Tae Hyung အား Jin တစ်ယောက်စိတ်မရှည်တော့ ၊ TV ကိုပိတ်လိုက်ပြီး Tae နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

Jin: ကဲ ဘယ်လိုဖြစ်လို့ တဟိုဟိုဖြစ်နေတာလဲ ပြောစရာရှိတာမြန်မြန်ပြော ငါဇာတ်လမ်းကြည့်နေတာ တန်းလန်းကြီး
Tae: ဟို Minine လက်ထပ်မယ့်ကိစ္စကဖြစ်သင့်ရဲ့လား

Tae ပြောလိုက်တော့တွေဝေသွားတဲ့ Jin။
Jin: ဟုတ်တယ် မင်းပြောမှငါစဉ်းစားမိတယ် Minine လက်ထပ်တာမဖစ်သင့်ဘူး သူလည်းသူချစ်တဲ့သူနဲ့လက်ထပ်သင့်တယ်လေ

Tae: inn ဒါပေမယ့် Yoongi ကသူ့ကိုထားခဲ့တာလေ
Jin: ဟုတ်တော့ဟုတ်ပေမယ့် အဓိပ္ပာယ်ရှိရှိစဉ်းစားကြည့်ရင် Yoongi က Minine ကိုမဆက်သွယ်တာကလွဲရင်ကျန်တာအမှားမရှိဘူး။

Tae: အင်းနော် ငါတို့ကို Yoongi ဖုန်းဆက်တဲ့အကြောင်း Minine ကိုပြောပြလိုက်ရမှာ
Jin: omm မနက်ဖြန်ဆေးရုံသွားရင်းနဲ့ပြောပြလိုက်ရအောင်

Tae: ပြီးတော့ငါတို့ Yoongi ကိုလည်းဖုန်းဆက်ပြီး Minine လက်ထပ်တော့မယ့်အကြောင်းပြောပြလိုက်ရင်ကောင်းမလား
Jin: inn အဲ့ဒါဆို သူ Korea ကိုပြန်လာချင်လာမှာ

Tae: အင်း ငါအခုဆက်လိုက်မယ်
Jin: အေး

Tae တစ်ယောက် သူ့ကိုမနက်က Yoongi ခေါထားတဲ့နံပါတ်ကိုပြန်ခေါလိုက်သည်။

တီ~တီ~တီ
~~: Hello အမိန့်ရှိပါ
Tae ကြားလိုက်ရသောအသံမှာ Yoongi အသံမဟုတ်ဘဲ ယောက်ျားကြီးတစ်ယောက်အသံဖြစ်နေသည်။

Tae: ဟုတ်ကဲ့ အခုပြောနေတာ ဘယ်သူလဲမသိဘူးခင်ဗျ။
~~: Ceo Min Yoon Gi ရဲ့ Manager ပါခင်ဗျ ပြောစရာရှိရင်ကျွန်တော့်ကိုမှာထားခဲ့လို့ရပါတယ် ဆရာက Meeting room ထဲမှာမိုလို့ပါ

LOVE IS SWEET AS CANDYWhere stories live. Discover now