Memories (Part 1)

2.3K 141 2
                                    

For Unicode

တစ်ယောက်ထဲဟိုငေးဒီငေး ဟိုတွေးဒီတွေးနဲ့ ရထားပေါ်ပါလာခဲ့တာ ခုဆို Seoul ဆိုတဲ့ရထားရဲ့ပန်းတိုင်မြို့ကြီးကိုတောင်ရောက်လာခဲ့ပါရောလား...
ရထားပေါ်ကဆင်းဆင်းချင်းအခြားလူတွေကိုကြည့်တော့ ချစ်ရတဲ့လူကိုယ်စီကလာကြိုဆိုလျက်
ထိုချိန်စိတ်ထဲပေါ်လာတဲ့တစ်ဦးထဲသောလူက

"Jeon"

__________________________________

မိုးတွင်းရဲ့သဘာဝအတိုင်း ဖွဲလိုက်သဲလိုက် ရွာနေသောမိုးကြောင့် ဘူတာရုံမလှမ်းမကမ်းမှာရှိတဲ့ Taxi တစ်စီးကိုသာငှားလိုက်ရသည်....

ကုန်တိုက်ကြီးတစ်ခုရှေ့ကိုရောက်တဲ့အခါတော့ ကျွန်တော် Taxi ကိုပြန်လွှတ်လိုက်ပြီး လမ်းလျှောက်ရန်သာဆုံးဖြတ်လိုက်သည်
....။

မိုးကလည်းစဲနေပြီလေ

နွေ ဖြစ်ဖြစ် မိုး ဖြစ်ဖြစ် လမ်းထွက်လျှင်ထီးမဆောင်းတတ်သော ကျွန်တော့်ကို စိတ်ပူစွာဖြင့် ထီးလိုက်ဆောင်းပေးမဲ့လူလည်း အနားမှာမရှိပါ....။

Seoul မြို့သည် ယခင်ကနှင့်မတူ အလွန်အလွန်ကိုတိုးတက်ပြောင်းလဲနေသည်....။
ယခင်က coffee ဆိုင်သေးသေးလေးတွင် ယခုတော့ ကြီးမားလွန်းတဲ့ကုန်တိုက်ကြီးကနေရာယူထားသည်
ယခင်က ကားသိပ်မရှိသောလမ်းငယ်လေးများတွင် ခုတော့ကားများအပြည့်
ယခင်က လမ်းဘေးမုန့်ဆိုင်လေးများနေရာတွင် ခုတော့ Pizza ဆိုင်အကြီးကြီးတစ်ခု
ယခင်ကအရိပ်ရသစ်ပင်ကြီးများနေရာတွင် လူနေအိမ်များနှင့်သစ်ပင်ငယ်လေးတစ်ပင်သာ

ပြောင်းလဲသွားသောအရာများကို လိုက်ကြည့်နေစဥ်မှာပဲ ပုန်းကနဲ ရွာချလာသောမိုးကြောင့် အမိုးတစ်ခုအောက်သို့သာ အမြန်ပြေးဝင်လိုက်ရသည်....။

အခုနေများ အသိတစ်ယောက်ယောက်နှင့်တွေ့လို့
"အလည်လာတာလား Seokjin"
လို့ မေးခဲ့ရင် ကျွန်တော်ဘယ်လိုပြန်ဖြေရပါ့မလဲ....။

မိုးအနည်းငယ် စဲသွား၍ ကျွန်တော်တို့အိမ်လေးဆီသို့ ကျွန်တော်ထွက်လာခဲ့သည်....။

လမ်းလျှောက်ရင်းနဲ့ ပန်းခြံလေးတစ်ခုဆီသို့ရောက်လာခဲ့သည်
ထိုပန်းခြံလေးမှဖြတ်သွားလျှင်ကျွန်တော်တို့ရဲ့အိမ်လေးဆီသိုရောက်မည်ဖြစ်သည်....။

Memories (Completed)Where stories live. Discover now