Memories (Part 5)

910 89 9
                                    

For Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

📌Hyung သာပျော်နေမယ်ဆိုရင် ကျွန်တော့်ဟောဒီနှလုံးသား တခုလုံးစုတ်ပြတ်သွားရင်တောင် ကျွန်တော် ကျေနပ်တာမလို့ hyung ပျော်နေပေးပါ📌

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တခါတုန်းက Jeon နဲ့ ကျွန်တော် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ တည်ရှိခဲ့ကြဖူးသည်။ အဲ့အချိန်တုန်းက Jeon နှင့်ခင်သော Jeon သူငယ်ချင်းတစ်ယောက် Jeon ရှေ့တွင် တမင်ဝင်ရပ်ပြီး Jeon မြင်ကွင်းကို ပိတ်ပစ်လိုက်သည်။ ထိုအခါ Jeon ဟာ သိပ်ကိုချစ်ဖို့ကောင်းစွာ ရှက်ရယ်ရယ်လျက် သူငယ်ချင်းကိုရှေ့မှတွန်းထုတ်ပစ်လိုက်သည်။ ထိုအချိန်ကစပြီး ကျွန်တော်ရှက်လည်းရှက်၊ ပျော်လည်းပျော်ပြီး Jeon ကိုနှစ်နှစ်ကာကာ ချစ်မှန်းသေချာကိုသိခဲ့သည်။

Jeon ကို ချစ်နေပြီဟု ကျွန်တော့်ကို ကျွန်တော် ဝန်ခဲ့မိသောနေ့က ကျွန်တော်တုန်လှုပ်မိသည်။ ဘာကြောင့် ချစ်မိမှန်း အသေအချာလည်းမသိရ။ သေချာတာတခုကတော့ Jeon ရဲ့အပြုအမူသေးသေးလေးတွေကအစ ကျွန်တော်မြတ်နိုးသည်။

ထိုအတွေးတွေဝင်လာတိုင်း ကျွန်တော်ပေါ်သိပ်ကောင်းပေးတဲ့ "Kim Taehyung" ဆိုတဲ့ ဖြူဖြူလုံးလုံးကောင်လေးကိုလည်း အလွန်အားနာမိသည်။ တကယ်တော့ Kim Taehyung ဆိုတဲ့ကောင်လေးဟာ ကျွန်တော်အပေါ် အင်မတန်ကောင်းပေးသည်။ ကျွန်တော်ထက် တစ်နှစ်ငယ်သော Taehyung သည် first year ဖြစ်သည်။ ငယ်ငယ်ထဲက ကျွန်တော်နဲ့ အိမ်ချင်းကပ်နေတာမလို့ လူငယ်အချင်းချင်းသာမက မိဘများကပါ ရင်းနှိးကြသည်။ ငယ်ငယ်ထဲက ကျွန်တော့်ကိုတွယ်တာလွန်းသော Taehyung သည် ကျွန်တော်နှင့်နီးစပ်အောင် စာအလွန်ကြိုးစားပြီး ဆေးတက္ကသိုလ်အထိရောက်အောင်တက်ရောက်ခဲ့သည်။ Taehyung ငယ်ငယ်က ကျွန်တော်ကို့ ကတိတခုပေးဖူးသည်။
"Hyung ကို ကျွန်တော်အသက်သေရင်တောင် ကာကွယ်ပေးမယ် နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးကနေ ချစ်တာမလို့"

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

First year ထဲက ကျွန်တော့်သူငယ်ချင်း hoseok ကခဏခဏ ပြောလွန်း၍ Jeon နာမည်ကိုကျွန်တော်ရင်းနှီးနေခဲ့သည်။ သို့ပေမဲ့ Jung Hoseok က Jeon အကြောင်းအကောင်းပြောခြင်းမဟုတ် အတင်းတုပ်ခြင်းသာဖြစ်သည်။ hoseok က Jeon ကို ေမာင်စပ်စလူးနှစ် ဟုခေါ်သည်။(စပ်စလူး တစ်ကတော့ ကိုယ်တော်ချော Jung hoseok ရဲ့ ရည်းစားလောင်းလေး Kim Namjoon ပါ) ေမာင်စပ်စလူးဆိုသည်မှာ Jeon နှင့် Namjoon သည် စာသင်ချိန်တိုင်း ဒူးတလှုပ်လှုပ်နေတတ်သည့်အပြင် ဗြုပ်စဗြင်းတောင်နိုင်ပြီးစပ်စလူးအနည်းငယ်ထသောကြောင့်ဖြစ်သည်။ သို့ပေမဲ့ ကျွန်တော်နှင့် Jeon ရည်းစားဖြစ်သောအခါ Jeon က ခြေထောက်လှုပ်လျှင် ကျွန်တော်က Jeon ခြေထောက်ကိုဆွဲစိတ်တတ်သည်။ အဲ့တာကြောင့် Jeon အနည်းငယ်ထိန်းချုပ်တတ်သွားသည်။

Memories (Completed)Where stories live. Discover now