Memories (Part 3)

1K 107 7
                                    

"Jeon ကလိုက်ခဲ့ဟု ခေါ်သောအခါတွင်
Jeon ဘေးမှာ ကျွန်တော်ပါခဲ့သည်

Jeon ကနေရစ်ခဲ့ဟု ပြောတော့လည်း
Jeon စိတ်အနှောင့်အယှက်ဖြစ်စေမည့်
စာတစ်စောင်
စကားတစ်ခွန်း
မှ မကြားစေရပဲ ကျွန်တော် ငြိမ်သက်စွာ
နေရစ်ခဲ့တာအမှန်ပါပဲ
အဲ့လောက်ထိ ကျွန်တော် Jeon ကိုချစ်မြတ်နိုးခဲ့တာ"

----------------------------------

တစ်ခုသော ပင်လယ်မြို့လေးတစ်မြို့မှာ Jeon နေထိုင်နေသည် လှပလွန်းလှသည်ဆိုသော Jeon မြို့ကလေးကို ကျွန်တော် ဓာတ်ပုံများထဲတွင်သာမြင်ဖူးပါသည်။
ခြံတံခါးတစ်ဖက်တချက်နဲ့ အပင်ကြီးအပင်ငယ်များ နှင့် စိမ်းစိုနေသော အိမ်ငယ်လေးတခုကိုမြင်တုန်းကဆို

"ဒါ Jeon နေတဲ့ အိမ်ကလေးများလား"

ဟုလွမ်းစွတ်ခြင်းများစွာနှင့် သတိရလိုက်သေးသည်။
ဒိအိမ်ပုံစံလေးဟာ Jeon သိပ်ကြိုက်တဲ့အိမ်ပုံစံလေးပါလေ....။

Jeon အဲ့ဒီမြို့ကလေးမှာနေကြောင်းကို ig မှ Jeon ရဲ့ လက်ထပ်​ပွဲပုံများတင်ထားတဲ့ post ကိုမြင်မှသာ ကျွန်တော်သိရှိခဲ့ရသဘ်။
တစ်ချိန်ချိန်တွင် မလွှဲမသေ ကြုံတွေ့ရမည့် သတင်းဖြစ်ကြောင်းသိသော်လည်း တကယ်တမ်းအမှန်တကယ် ရင်ဆိုင်ရချိန်တွင်တော့ ကျွန်တော်မျက်လုံးများပြာသွားသည်။
ဆုံးရှုံးရပြီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်မျက်ရည်ကျ၍ မဖြစ်သောနေရာဖြစ်နေ၍ တော်ပါသေးသည်။

__________________________________

ကျွန်တော်သည် Jeon ပြောသလို မျက်ရည်သိပ်လွယ်သည်....။
__________________________________

ထိုအချိန်က ကျွန်တော် ကုသိုလ်ဖြစ်ဆေးခန်းလေးတွင်ရှိနေသည်။ထိုနေ့က ကျွန်တော်မျက်ရည်မကျခဲ့ပါ....။

Jeon ဘဝနှင့် ကျွန်တော့်ဘဝကို တစ်ခုစီဖြစ်သွားမည်ဟု မသတ်မှတ်ခဲ့သော ကျွန်တော့်အတွက် အဖြစ်မှန်ကိုလက်ခံဖို့ ရက်ပေါင်း/လပေါင်းများစွာ အားယူခဲ့ရပါသည်။
ကြာလာတော့ Jeon အနားမှာမရှိတဲ့ ကျွန်တော့်ဘဝကို ကျွန်တော်အေးဆေး ကျော်ဖြတ်လာနိုင်ခဲ့သည်။
ကျွန်တော်ကဟန်ဆောင်ကောင်းတယ်လေ....။

ကျွန်တော်သည် ကုသိုလ်ဖြစ်ဆေးခန်းလေးနဲ့ ကျွန်တော့်ကိုယ်ပိုင်ဆေးခန်းလေးကို စက်ရုပ်တရုပ်ကဲ့သို့ အချိန်မှန်မှန်လှုပ်ရှားအသက်ဝင်ခဲ့သည်။
အိမ်နှင့်ဆေးခန်းအကြားတွင် ကျွန်တော့်မှာ ဘာပူပင်စရာမှ မရှိသကဲ့သို့ ရယ်မောပျော်ရွှင်နေမည်။
ကျွန်တော်နဲ့ Jeon ရဲ့ခင်မင်မှုအတိုင်းအတာကို သိထားတဲ့ကျောင်းတုန်းကသူငယ်ချင်းများ ကျွန်တော့်ဆီ Message များလှမ်းပို့သူကပို့, စာတိုက်ပုံးမှစာပို့သူက ပို့ဖြင့် အံသြသနားကြမည်။ Jeon ထားရစ်ခဲ့ခြင်းခံရသူ တယောက်အနေနှင့် သနားကရုဏာသက်ကြသည်။
သို့ပေမဲ့ ကျွန်တော်ထိုစာများနှင့် message များကိုလုံးဝမပြန်ဖြစ်ခဲ့ပါ....။

Memories (Completed)Where stories live. Discover now