အကုန်လုံး စားလို့ပြီးတော့ ကိုယ်စီ သက်ဆိုင်အိမ်ကိုပြန်သွားပေမယ့်
Chanyeol နဲ့ Baekhyun ကတော့ ဟန်မြစ်ဖက်ကို လမ်းလျှောက်ထွက်ကျတယ်။
Chan's pov:ဟန်မြစ်မှာရဲ့ ညအလှကလှလွန်းတယ်လို့ လူတွေပြောကျတယ်။ဒါမေပယ့် အဲ့စကားကမှားနေတယ်လို့ ကျွန်တော်ထင်တယ်။ထင်တာမဟုတ်သေးဘူး။အသေအချာကိုမှားနေတာဗျ။ဘာလို့ဆို ကျွန်တော်နဲ့အတူ ဟန်မြစ်ဘေးမှာ လမ်းလျှောက်နေတဲ့ အဖြူရောင်နတ်သားလေးက ပိုပြီးတော့ လှနေလို့ပေါ့။သူက ဘယ်အရာနဲ့မှ နှိုင်းယှဉ်၍မရလောက်အောင်ကို လှပလွန်းတယ်။ ယောကျာ်းလေးတယောက်အတွက် ကြည့်ကောင်းတယ် ခန့်တယ် ချောတယ် မိုက်တယ် စသဖြင့်ဆိုနိုင်ပေမယ့် လှတယ်ဆိုတဲ့စကားလုံးကတော့ ယောကျာ်းသားတို့တွက်မဟုတ်ပေမယ့် ယောကျာ်းသားတွေထဲမှ သူ့အတွက်တော့ ဟုတ်တယ်လို့ ကျွန်တော်မှတ်ယူမိပါတယ်။
ဒီလိုလူမျိုးကို ဘာကြောင့်လမ်းခွဲရက်တာပါလိမ့် ကျွန်တော်လည်း သူ့ရည်းစားဟောင်းကို နားမလည်နိုင်ဘူး။ထားပါတော့ အဲ့တာတွေ။
အခုလည်းကြည့်ပါဦး။ဟန်မြစ်မှ တိုက်ခိုက်လာတဲ့လေကြောင့် သူရဲ့ဆံပင်လေးတွေ ပွယောင်းနေတာကလည်း ပန်းချီကားတချပ်ထက်တောင် ပြီးပြည့်စုံလွန်းလှတယ်။
엄마!!!!!!သေပါပြီဗျ။
Baek:Chan!!!!!!! အယ်.........ㅋㅋㅋ.....ㅎㅎㅎ
Chanရယ် ဘယ်ကကောင်မလေးကို ကြည့်ရင်းလျှောက်လို့ ခလုတ်တိုက်လဲရတာတုန်း😊😊😊
Chan:ဟီးးးးး ကျွန်တော် အောက်ကြည့်မလျှောက်မိလို့ပါ။ စိတ်ထဲကတော့ baekကို ငမ်းကြောထရင်းဖြစ်တာပါလို့ ဖြေနေသတဲ့။
Baekလည်း Chan ကို ထူပေးပြီးတော့
Baek:Chan Baek တို့ပြန်ကျတော့မလား။
အေးလာပြီလေ ပြီးတော့ စာလုပ်ရအုံးမယ်လေ အိမ်စာတွေ။
Chan:ဟုတ်သားပဲနော်။ ဒါဆိုပြန်ရအောင်လေ။
၂ယောက်လုံးအိမ်ကိုကိုယ်စီပြန်ရောက်တော့
၂ယောက်စလုံးအတွေးတွေနဲ့ နစ်မြောနေကျတယ်။
Chan:Baekရယ် မင်းကြောင့်ကိုယ်ရူးတော့မှာပဲ။ တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိပြီတယ်ကွာ။ ဖွင့်ပြောဖို့အတွက် သင့်တော်တဲ့ အခြေအနေကို စောင့်ရတာပေါ့ကွာ။
ဒီလိုနဲ့ Chanတစ်ယောက်ကတော့ သူ့ရဲ့ နှလုံးသားလေးအကြောင်းကို စဉ်းစားရင်းအိပ်ပျော်သွားတာပေါ့ကွယ်။
တစ်ဖက်ကBaekကလည်း
Baek:Baekသိတာပေါ့Chanရာ။ Chanခလုတ်တိုက်တာ baekကြောင့်ဆိုတာ။Baekကိုကြည့်ရင့်အတွေးနယ်ချဲ့နေတဲ့Chanရဲ့မျက်ဝန်းတွေကို baekတွေ့တာပေါ့။ဒါပေမယ့် ခဏတော့ မသိချင်ယောင်ဆောင်ပါရစေ။
Baekအတွက် အချိန်လိုလို့ပါChanရယ်။
Chanဘက်ကလည်း Baekအဆင်ပြေတဲ့အချိန်မှ ဖွင့်ပြောလာမယ်လို့ထင်ပါတယ်။ အဲ့အချိန်ကျရင်တော့ အဆင်ပြေလောက်ပြီထင်ပါတယ်။
Baekကြောက်နေတာ ထပ်ချစ်မိပြီး ထပ်ထားသွားခံရမှာကိုမို့လို့ Baek Chanကို အဲ့စိတ်တွေဖျောက်ပေးရင် Baek Chanကို ချစ်ဖို့ အဆင်သင့်ပါ Chan...........