ကမ္ဘာပေါ်မှာ မတူညီတဲ့ အချစ်တွေ ရှိတယ်လို့
ပြောကြတယ်။ တစ်ဦးနဲ့ တစ်ဦး မတူညီတဲ့
အချစ်တွေ အများကြီးတဲ့။
ကျွန်တော်ဆိုတဲ့Park Chanyeol
အတွက်ကကော အချစ်ကဘယ်လိုမျိုးလဲ???
ကျွန်တော်ကိုယ်တိုင်ရှာဖွေရမှာလား???ကျွန်တော်
ချစ်ရမယ့် သူကကော ဘယ်သူဖြစ်နေမလဲ??
ကျွန်တော်စဉ်းစားနေမိတယ်။ဖြူလားမည်းလား
ညိုလား။ယောကျာ်းလေးလား မိန်းကလေးလား။
ဒါမယ့် ကျွန်တော့်မှာ အချစ်နဲ့ ပတ်သက်ပြီး ခံယူ
ချက်တစ်ခုရှိတယ်ဆိုတာတော့ ကျွန်တော်
ကိုယ်တိုင်သိပါတယ်လေ။အဲ့တာကတော့
"အချစ်ဆိုတာယောကျာ်းသားကမိန်းမသားနဲ့ပဲ
ချစ်မယ်ဆိုတာကိုတော့ ကျွန်တော်ကန့်ကွက်တယ်"
ဘာကြောင့်လဲတော့ ကျွန်တော်မသိ။ အချစ်ဆိုတာ
ယောကျာ်းအချင်းချင်းဖြစ်စေ မိန်းမအချင်းချင်း
ဖြစ်စေ တစ်ဦးနှင့် တစ်ဦး အချစ်စစ်နဲ့ ချစ်ဖို့သည်
သာ အရေးကြီးတယ်ဟု ကျွန်တော်ထင်မိသည်။
ကျွန်တော့်ကိုမေးကြမှာပေါ့။ အချစ်က ကျွန်တော့်
အတွက် ဘာလဲ ဆိုတာကိုမေးနေပြီးတော့
ဒီလိုတွေကျတော့ သိနေပါလိမ့်လို့ပေါ့နော်။
ဟုတ်တယ်မလား??? ကျန်တော် ဒီလိုဘာလို့ပြော
မိတာလဲ ကျွန်တော် ကိုယ်တိုင်နားမလည်မိပါဘူး။
သေချာတာက ကျွန်တော်Park Chanyeol
သည် ကျွန်တော့်မြင်ကွင်းထဲကို ဖိတ်မခေါ်ဘဲ
ရောက်လာခဲ့သည့် အဖြူရောင် ချစ်စဖွယ် လူသား
လေးကို ကြည့်ရင်းနဲ့ ကျွန်တော် ပြောမိသည်ဟု
ထင်မိသည်။ ကျွန်တော်တွေးတောနေရင်း ကိုယ့်
ကို မေးခွန်းထုတ်နေစဉ် ထို အဖြူရောင်လူသား
လေးကို ကျွန်တော် မြင်မိသွား သည်နှင့် ကျွန်တော်
ရင်ထဲမှ အမျိုးအမည် မသိ လှိုင်း တစ်မျိုး ဖြတ်
သွားသည်ကို ကျွန်တော်သိလိုက်ရသည်။
ကျွန်တော် ထို ကောင်ငယ်လေးကို
ကြည့်ရင်းနဲ့မှ အဖြေထွက်လာ သည်ထင်သည်။
ကျွန်တော် အချစ်သည် ထိုကောင်လေး ဖြစ်မည်
ဆိုတာ ကျွန်တော် ခံစားမိရသည်။
ကျွန်တော် ကောင်လေးကိုကြည့်ပြီး
စကားတစ်ခွန်းဆိုမိသည်ကား.....
"စောင့်နေပါကောင်လေး ...ကိုယ်လာခဲ့မယ်"
ဆိုတာလေးပေါ့။ ထိုစကားကို မကြားသော
ကောင်လေးမှာ ကိစ္စအချို့ရှိခဲ့ပြီး အချစ်ဆိုတာကို
ထိုကောင်လေး စိတ်ထဲမည်သို့ဖြစ်နေသည်ကို
ကောင်လေးသာသိပါသည်။ကျွန်တော် မနေ့က
ကျောင်းမသွားဖြစ်ဘူး။ကျောင်းပထမဆုံးဖွင့်ရက်
မှာ ခရီးကပြန်မရောက်သေးတာနဲ့ မလာဖြစ်တာ။
ဒီကောင်လေးကို ချယ်ရီပန်းတွေနဲ့ မြင်လိုက်ရတာ
ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကားတစ်ချပ်လို့
တောင်တင်စားရပါတယ်။ကျွန်တော်ကတွေးငေး
ရင်းတွေးလို့ကောင်းတုန်း။ကျွန်တော်ရဲ့အဖြူ
ရောင်လေးကတော့ ထသွားချေပြီ။🙁
This is intro.ကြိုက်လားတော့ မသိပါဘူး ရေးမှာပဲ😶😶