"အချစ်"ဆိုတာ ပျော်စရာတွေနဲ့
ပြည့်နေတဲ့ ဇာတ်သိမ်းကောင်းတဲ့ ပုံပြင်စာအုပ်
လိုပဲလို့ လူတွေပြောကြတယ်။ကျွန်တော့်အတွက်
BYUN BAEKHYUN ဆိုတဲ့လူအတွက်ကကော
အချစ်ရဲ့ သစ္စာဖောက်မှုနဲ့ လိမ်လည်လှည့်ဖျားမှု
တွေပြည့်နေတဲ့ ကျွန်တော့် အချစ်ဇာတ်လမ်းဟာ
နောက်ထပ်တစ်ခါ ထပ်ပြီးချစ်ဖို့အတွက်ကျွန်တော်
ကြောက်နေမိပြီဆိုတဲ့ သင်ခန်းစာကောင်းကောင်း
ကြီးကို ကျွန်တော်ရလိုက်တယ်။
ခင်ဗျားတို့စဉ်းစားကြည့်လေ ကျွန်တော့်နဲ့
ကျွန်တော်ချစ်သူက ရည်းစားသက်တမ်း ၄နှစ်ရှိနေ
ပြီ။ကျွန်တော့် ရည်းစားက ယောကျာ်းလေးဗျ။
သူပြောခဲ့တယ်"baek ကိုယ်တို့ ရည်းစားသင်တမ်း
၎နှစ်ပြည့်ရင်လက်ထက်ကျရအောင်"တဲ့လေ။သူ
ကတိပေးခဲ့တယ်။ကျွန်တော်ဘယ်လောက်တောင်
ပျော်နေလိုက်မလဲသိလား။အဲ့အချိန်က
အပျော်ဆုံးလူတစ်ယောက်ကို လက်ညှိုးထိုးပါဆို
လျှင် ကျွန်တော့်ကိုသာ ထိုးရလောက်မယ့်ထိ
ကျွန်တော် ပျော်ခဲ့သည်။ အဲ့အပျော်တွေဟာ
ဟားတိုက်ခံရတော့မယ်ဆိုတာကို ကျွန်တော် သိခဲ့
ရင်၊သစ္စာဖောက်မှုတွေ၊လိမ်လည်မှုတွေကို
ယူဆောင်လာခဲ့မယ်ဆိုတာကို ကျွန်တော်နားလည်
လိုက်မယ်ဆိုရင် ကျွန်တော် အခုဒီလိုမျိုး အရူးတစ်
ပိုင်းဖြစ်နေမှာမဟုတ်ဘူးထင်မိတယ်။
ကျွန်တော်တို့ရည်းစားသက်တမ်း ၂နှစ်
ပြည့်တဲ့အခါ သူကျွန်တော့်အပေါ် တဖြည်းဖြည်း
စိမ်းကားလာခဲ့တယ်။အရင်ကလိုနွေးနွေးထွေးထွေး
ရှိမနေတော့တော့ ကျွန်တော့်တို့ ဆက်ဆံရေးက