[ Unicode ]
မနက်ခင်းလေးမှာ စိတ်ကြည်လင်မှုပေါင်းများစွာနဲ့ သူနိုးထလာတယ်။
သိပ်မကြာပါဘူး။
ဝှားသန်းပြီး ခြေလက်အနည်းငယ်ဆန့်ပြီးတဲ့နောက် အပြာဖျော့ရောင်နံရံကပ်ဆီက သူ့ပုံပါတဲ့ ပြက္ခဒိန်ကိုကြည့်အပြီးမှာတော့ မျက်လုံးအစုံပြူးကျယ်သွားရတော့တာပဲ။Shit! ဒီနေ့က Magazine အတွက် Photo shooting နောက်ဆုံးရက်ပဲ!
အနီရောင်မှင်နဲ့ ခပ်ကြီးကြီး ဝိုင်းထားတဲ့ရက်စွဲက ထင်းလို့မင်းလို့။ ဘယ်လောက်အရေးကြီးမှန်း တပ်အပ်သိစေတဲ့ အမှတ်အသားပဲ။
ဒါပေမဲ့ သူကဘယ်သူလဲ!ဟန့်! တိုင်းသိပြည်သိ တစ်ပြည်ထောင်လုံးသိတဲ့ ကလေးလူကြီးအယုတ်အလတ်မရွေးကြိုက်တဲ့ နှုတ်ခမ်းရဲရဲမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် လေးရုံမြတ်သူလေ!
အေးအေးလူလူပဲ ညဝတ်အင်္ကျီလေးကို သပ်သပ်ရပ်ရပ်ပြန်ဆွဲချလိုက်တယ်။ မွေ့ယာပြင်ကျယ်ကြီးဆီကနေ ပါကေးရောင်တောက်နေတဲ့ ကြမ်းပြင်ပေါ်ကို ခြေဖျားလေးအသာချပြီး လေလေးတချွန်ချွန်နဲ့ ရေချိုးခန်းထဲဝင်လိုက်တယ်။
ရေပန်းအောက်ကို တစ်ကိုယ်လုံးပစ်ဝင် ရေချိုးပြီးမှ သူသိလိုက်တာက...
Oh god! ထုံးစံအတိုင်း တဘက်မေ့ခဲ့ပြန်ပြီ!
Cool guy ဘွဲ့ခံ လေးရုံမြတ်သူက ဒီနေရာမှာတော့ အရှက်မဲ့တယ်။ ကိုယ်လုံးတီးနဲ့ပဲ သူပြန်ထွက်လာတယ်။
အထပ်မြင့်အဆောက်အအုံဖြစ်တာကတစ်ကြောင်း၊ မှန်ပြတင်းတွေကို လိုက်ကာရှည်တွေနဲ့ ကာထားတာကတစ်ကြောင်းကြောင့် သူ့တိုက်ခန်းကို ဘယ်သူမှမမြင်နိုင်ဘူးလေ။
နှစ်ချက်သုံးချက် ခုန်ဆွခုန်ဆွလုပ်ပြီး ရေစစ်ပြီးတဲ့အခါမှာတော့ ရေချိုးခန်းရဲ့ဘေးက တံခါးလက်ကိုင်ဘုကို သူဆွဲဖွင့်လိုက်တယ်။
အထဲမှာရှိနေတာတွေကတော့ ကော့ပြန်နေတဲ့ ဝတ်ရုံရှည်တွေ၊ အခက်ခက်အလက်လက် အရောင်အမျိုးမျိုး Hawaii shirt တွေနဲ့ pant အတိုအရှည်မျိုးစုံ။
အလယ်မှာ ကျောက်သားခုံပုံစံထွင်းထုထားပြီး အဲ့ဒီမှာတော့ တံဆိပ်မတူတဲ့ ရေမွှေးတွေ ရှိနေတယ်။