Part 3

3.6K 263 103
                                        

[ Unicode ]

   
ဖောက်!

ရှည်မြောသွယ်လျနေတဲ့ လက်ချောင်းရှည်တွေက ဘီယာသံဗူးခွံကို ကြော့ကြော့မော့မော့ဖွင့်ဖောက်လိုက်ချိန်မှာ လွှမ်းညှို့ထည်ရဲ့ ဦးခေါင်းက ပဉ္စမအကြိမ်မြောက် ဆတ်ခနဲဖြစ်တယ်။

"ဟို...အစ်ကိုလေးရုံမြတ်သူ"

မျက်နှာချင်းဆိုင်ကနေ သူလှမ်းခေါ်တဲ့အခါ မျက်ထောင့်နီနဲ့ ကြည့်လာတာမို့ အံဆုံးသွားလေးကျိန်းသွားရတယ်။ ဒီအကြည့်က တစ်လောကလုံးကို ပြာအတိဖြစ်သွားစေနိုင်တယ်ဆိုတာ ယုံ။

"ငါ့ကိုဆက်မသောက်ဖို့တားမယ်ဆိုရင် မင်းစောက်ပါးစပ်ပေါက်ကိုပိတ်ထားလိုက်တော့"

အဲ့တစ်ခွန်းနဲ့တင် လွှမ်းညှို့ထည်ရဲ့ နှုတ်ခမ်းနှစ်လွှာက စူပါဂလူးနဲ့တိပ်ကို အချိုးကျပေါင်းစပ်ပြီး ပိတ်ခံထားရသလို လေဟပေါက်လေးတောင် ပွင့်မလာတော့ပါဘူး။

ရေချိန်ကိုက်နေပြီဖြစ်တဲ့ လေးရုံမြတ်သူကတော့ ငါးဘူးမြောက်ဘီယာဘူးကိုမော့ပြီးချိန်မှာ အစားအသောက်တွေဆီ အာရုံပြောင်းလိုက်ဟန်တူတယ်။

ဘယ်သူနဲ့မှမတူတဲ့ တူကိုင်ပုံကိုင်နည်းကို ကျင့်သုံးဖို့ အကောင်းတိုင်းရှိနေတဲ့ညာဘက်လက်လေးကို မျက်ကွယ်ပြုပြီး သူ့ဘယ်ဘက်လေးကို ထုတ်လိုက်တယ်။

လွှမ်းညှို့ထည်က မျက်တောင်မခတ်တမ်း​ ကြည့်နေတယ်။ အိမ်ပြန်ရောက်ရင်တော့ ဒီမန်နေဂျာအလုပ်ကို ၂၄ နာရီမပြည့်ခင် ထွက်ဖို့ သူပြန်စဉ်းစားရတော့မယ်။

"ဒီနေ့အပိုင်းကို သိပ်အားရတာပဲ၊ လေးရုံမြတ်သူက တကယ့်ပါရမီရှင်"

"ဟုတ်တယ်၊ အိမ်ကညီမဆိုရင် တစ်ခန်းလုံး မင်းသားရဲ့ poster တွေချည်းပဲ"

ဒါရိုက်တာတွေအပြင် editor တွေ၊ ဇာတ်ညွှန်းရေးဆရာမတွေလည်း ပါသေးတာမို့ သီးသန့်ငှားထားတဲ့ ဂျပန်စားသောက်ဆိုင်ရဲ့ VIP ခန်းလေးက စည်ကားတယ်ပြောရမယ်။  ဇာတ်လိုက်ကျော်ကြီး လေးရုံမြတ်သူကတော့ စကားဝိုင်းရဲ့အလယ်မှာ မိန့်မိန့်ကြီးရှိနေပါတယ်။

"အဟွန်း၊ ဒီလိုပြောကြတော့ မျက်နှာတောင်ပူလာပြီ"

ရယ်သံလေးစွက်ပြီး ပြောနေပေမဲ့တကယ်တမ်းတော့ ဘီယာတန်ခိုးနဲ့နီတွတ်နေတဲ့မျက်နှာက မြောက်ကြွားမှုတွေအပြည့်ပဲ။

Papa,Do you love me?Where stories live. Discover now