part-1 (Unicode)

2.8K 83 3
                                    

🌸ရင်ဝှက်ပန်း🌸
     (part-1)

အရှင်မင်းကြီး!!!!!.....အရှင်မင်းကြီး!!!!
မျက်နှာအပျက်ပျက်နဲ့ကိုယ်ရံတော်တပ်မှူးကြီးဝမ်ချောင်နန်းဆောင်တော်ထဲကိုဝင်လာကတည်းကရှောင်မင်းကြီးသဘောပေါက်ရိပ်မိလိုက်ပါတယ်။

ဝမ်ချောင် ရှောင်မင်းကြီးကိုအရိုအသေပေးလိုက်ရင်~~~~~~

"မင်း.....မင်းကြီးနောက်ဆုံးအကာအရံတံတိုင်းကြီးကျိုးပေါက်သွားပြီဖြစ်ကြောင်းပါ"

ရှောင်မင်းကြီးကြိုတင်မှန်းဆသိနေပါ
လျှက်နဲ့လက်တွေ့နားတော်နဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့လျှောက်တင်သံ​ကြောင့်မခိုင်တော့တဲ့ခြေထောက်တွေနဲ့နန်းပလ္လင်ထက်မှာအရုပ်ကြိုးပြတ်ထိုင်ချလိုက်မိပါတယ်။

ရှောင်မိဖုရားကြီးမှာလည်းသူမနားဝမှာနာပျော်ဖွယ်မရှိလှဘဲတိုးဝင်လာတဲ့စကားရိပ်ကြောင့်တဆတ်ဆတ်တုန်နေတဲ့လက်လေးနဲ့လှိုက်ထလာတဲ့သူ့ရင်ဘတ်လေးကိုဖိလိုက်မိတယ်။

"အမလေး....ဒုက္ခတော့တွေ့ပါပြီကောလား~~~~
ငါတို့ရဲ့အဖြစ်ကိုမိုးနတ်မင်းကြီးတောင်မကယ်နိုင်တော့ပါလားလေ"

ရှောင်မိဖုရားကြီးရဲ့သွေးဆုတ်ဖြူလျော့လာတဲ့မျက်နှာလေးပေါ်မှာစိုးထိတ်ခြင်းတွေနဲ့အတူစိုးရိမ်ပူပန်မှုအရိပ်လက္ခဏာတွေကယှက်ဖြာသန်းလို့လာနေပါတယ်။

"သား....သားတော်လေးရှောင်ကျန့်သား....သားတော်လေး"

ရှောင်မိဖုရားကြီးနန်းဆောင်ထောင့်လေးမှာပြူးကလယ် ပြူးကလယ်နဲ့ရပ်ကြည့်နေရှာတဲ့သားတော်လေးရှိရာဆီကိုအရူးတပိုင်းနဲ့ပြေးသွားလိုက်မိတယ်။

"မယ်....မယ်တော်....သားတော်ကြောက်တယ်"

ကြောက်ရွှံ့မှုတွေနဲ့စိုးထိတ်နေတဲ့မျက်ဝန်းငယ်လေးထဲမှာမျက်ရည်ကြည်လဲ့လဲ့လေးကဝေ့တက်လို့လာနေတယ်။

ရှောင်မိဖုရားကြီးနုနယ်နေတဲ့သားတော်ရဲ့မျက်နှာလေးကိုသူ့လက်လေးနဲ့အုပ်ကိုင်လိုက်ရင်း~~~~~

"သား.....သားတော်လေး.....မယ်မယ့်သားတော်လေး.....ဘာမှမဖြစ်ဘူးနော်
ကမ္ဘာလောကကြီးတခုလုံးပျက်သုန်းသွားပါစေဦးမယ်မယ့်ရဲ့သားတော်လေးကတော့ဘယ်နည်းနဲ့ဘဲဖြစ်ဖြစ်ရှင်ကျန်နေရမယ်~~~~
ရှင်သန်နေရမယ်.....ကြားလားသားတော်~~~~
မယ်မယ်ပြောတာကြားရဲ့လား"

🌸ရင်ဝှက်ပန်း🌸Where stories live. Discover now