part-6 (Unicode)

633 52 4
                                    

🌸ရင်ဝှက်ပန်း🌸
   ✨part-6✨

🌸ရင်မှာကြိတ်ပျိုး
     သိုဝှက်မျိုးမို့
     တိတ်တခိုးနှောင်တွယ်ရစ်
     မေတ္တာနွယ်စင်စစ်ဖြင့်
     သဲသက်ညှာတပွင့်ပန်းကို
     မောင့်...ရင်ခွင်နန်းမှာ
     ပွင့်လန်းခွင့်ပြုပါ
    🌸ရင်ဝှက်ပန်း🌸လေးရယ်🦋🦋🦋

ရှောင်ကျန့်ရဲ့အဖြစ်ကကျားရှေ့မှာမှမှောက်လျက်လဲကျမိသောယုန်သူငယ်လေးအဖြစ်သို့ရောက်ရှိနေရပါပြီ။

တဒုတ်ဒုတ်ခုန်လှုပ်နေတဲ့နှလုံးစိုင်နုနုလေးမှာလဲကြောက်စိတ်တွေဖုံးလွှမ်းလာတာကြောင့်ရင်ခွင်ညှာမှာပျောက်ကွယ်လုမတက်ဖြစ်နေရပါတယ်။

အေးစက်စေးကပ်လာတဲ့ခြေဖျားလက်ဖျားတွေနဲ့အတူအခြေမခိုင်ချင်တော့တဲ့ဒူးနှစ်ဖက်မှာလဲပျော့ခွေကျလုလုဖြစ်နေရ
တာကြောင့်မျက်စိစုံမှိတ်ချလိုက်မိပြီး
အရှင့်ရှေ့မှောက်မှာနောက်တကြိမ်ဒူးထောက်တောင်းပန်ဖို့ကြိုးစားလိုက်မိပါတယ်။

ဝမ်ရိပေါ် သူ့မျက်နှာလေးပေါ်နွေးကနဲကျလာတဲ့ဝင်သက်ထွက်သက်ငွေ့ငွေ့လေးနဲ့အတူသူ့နှုတ်ခမ်းထူလေးပေါ်ဖြုတ်ခနဲကြွေကျလာတဲ့အနမ်းပန်းလေးတပွင့်ကိုတဒင်္ဂရူးသွပ်သွားမိတယ်။

သူ့နှုတ်ခမ်းပေါ်ကစွန့်ခွာထွက်ဖို့ကြိုးစားနေတဲ့နှုတ်ခမ်းငုံလေးကိုရူးရူးမူးမူးဖမ်းဆွဲထားချင်စိတ်တွေပေါက်နေမိပေမဲ့မဖြစ်သေး;;;;
ဧကရာဇ်မင်းတပါးအနေနဲ့သင့်လျော်တဲ့လုပ်ရပ်မဟုတ်တာကြောင့်ရိပေါ်အနမ်းဝင်ပူးကပ်နေတဲ့နှုတ်ခမ်းလေးကိုဆွဲခွာမိရင်းရာဇသိက္ခာကိုဆည်လိုက်မိတယ်။

ရှောင်ကျန့် အရှင့်ရှေ့မှောက်မှာအလျင်အမြန်ဒူးထောက်ချလိုက်ရင်းတုန်ရီနေတဲ့အသံလေးနဲ့;;;;

"အရှင်!!!ကျွန်တော်မျိုးသေသင့်တဲ့အပြစ်ကိုကျူးလွန်မိပါတယ်;;;;ကျွန်တော်မျိုးကိုနောက်တကြိမ်လောက်ထပ်ခွင့်လွှတ်ပေးတော်မူပါ;;;"

အံမယ်လာလာချည်သေး;;;ခွင့်လွှတ်ဖို့တောင်းခံနေလိုက်ပုံက;;;စိတ်ရှိတိုင်းဆွဲမွှေ့ပစ်လိုက်ဖို့တောင်ကောင်းတော့တယ်။

🌸ရင်ဝှက်ပန်း🌸Dove le storie prendono vita. Scoprilo ora