part-13 (Uni+ Zaw)

493 45 40
                                    

🌸ရင်ဝှက်ပန်း🌸(Unicode)
   🌺part-13🌺

လချိုရိပ်ကိုမျှော်တဲ့ပဒုမ္မာကြာပန်းငုံလေးလိုရွှေရင်ဖုံးတုံ့မဖုံးတုံ့(ရင်ခုန်သံ)နဲ့ခြွေခွံ့လာမဲ့အကြင်နာအနမ်းတစ်ပွင့်ကိုငံ့လင့်စောင့်စားရတဲ့အဖြစ်ကရှောင်ကျန့်အတွက်တော့ဆိုးလှပါတယ်။

အရိုင်းခတ်ခံရတဲ့ရင်အစုံမှာတိုးသက်ညင်သာမှုမရှိတဲ့ရင်ခုန်သံကအရှင့်ရင်ခွင်ကြီးထဲမှာမှီခိုရင်းဘောင်ဘင်ခတ်လို့နေတယ်။
စိုးရိပ်ကြွယ်တဲ့မျက်ဝန်းငယ်ငယ်တွေနဲ့သူအရှင့်ကိုမော့ကြည့်မိတဲ့ခဏရွှန်းလဲ့နေတဲ့မျက်ဝန်းညိုကြီးရဲ့လွှမ်းခြုံမှုကိုခံလိုက်ရပြန်တယ်။
ရင်တွေခုန်လိုက်တာလေ။

ပျိုးမိပျိုးခင်းလေးမှာရုတ်သိမ်းသွားပြန်တဲ့အနမ်းမျိုးစေ့တွေကရှောင်ကျန့်ရဲ့နုပျော်နေတဲ့နှုတ်ခမ်းလေးဆီကိုကျရောက်လို့မလာခဲ့ပါ။
ဟွန့်;;;အရှင်လူဆိုးကြီး။
မျှော်လင့်မိသူအဖို့မှာတော့ရှက်လိုက်ရတာလေ။

အရှိန်တခုနဲ့အစပျိုးလိုက်ချင်ပေမဲ့ဝမ်ရိပေါ်ဆိုတဲ့ဧကရာဇ်မင်းတပါးရဲ့မြင့်မြတ်တဲ့ချစ်ခြင်းကိုတော့လမ်းခုလပ်မှာပျက်ပြားခွင့်တော့မပေးချင်ခဲ့ပါ။

မထိရက်မကိုင်ရက်နဲ့ရင်မှာမြတ်မြတ်နိုးနိုးတန်ဖိုးထားရတဲ့သည်းဦးညှာပန်းလေးကိုအနမ်းဦးခြွေရမှာတောင်သူနှမြောနေမိတယ်။

ဝတ်ရည်ချိုရှိရင်ပျားပိတုန်းဆိုတာလာနားရိုးထုံးစံပါ။
ဖြူစင်တဲ့အချစ်ဆိုတာကလိုအင်သက်သက်နဲ့ရှင်သန်နေတာမှမဟုတ်တာ။
သူလိုအပ်တာကတွေ့ထိရယူမှုထက်နှလုံးသားကလာတဲ့အချစ်စစ်စစ်တခုကိုသာ။
သူဒီလူသားလေးကိုရုပ်ဆင်းအင်္ဂါကြည့်ပြီးချစ်ခဲ့တာမဟုတ်သလို၊ လိုအင်တွေအတွက်ချစ်ခဲ့တာလည်းမဟုတ်ရပါ။
ချစ်ချင်လို့ကိုချစ်တာ။
ဖြူစင်တဲ့နှလုံးသားလေးကိုချစ်တာ။

ဝမ်ရိပေါ် သူ့ရင်ခွင်ထဲနစ်မြှုပ်နေတဲ့ရှောင်ကျန့်ကိုယ်လေးကိုအသာပြန်လွှတ်ပေးလိုက်ပြီးလက်သွယ်သွယ်လေးကိုဆုပ်ကိုင်ထားလိုက်မိတယ်။

🌸ရင်ဝှက်ပန်း🌸Where stories live. Discover now