part-18(Uni+Zaw)

462 56 29
                                    

🌸ရင်ဝှက်ပန်း🌸
     part-18

Flash back🔙🔙🔙

မရည်ရွယ်ဘဲပျိုးခဲ့မိသောအရာသည်အချစ်မျိုးစေ့ဖြစ်ခဲ့လေတော့အချစ်ပန်းဖူးငုံပွင့်လန်းလာချိန်ထိပျားပိတုန်းတို့ရဲ့ရန်ကနေအစွမ်းကုန်ကာကွယ်ပေးရမှာပန်းပျိုးသူဥယျာဥ်မှူးတစ်ယောက်ရဲ့တာဝန်သည်သာ။

သို့သော်ဥယျာဥ်မှူးတိုင်းမှာနူးညံ့တဲ့နှလုံးသားရှိလိမ့်မယ်လို့တော့မထင်လိုက်ပါနဲ့။
ပျိုးမိခဲ့လေသောတစ်ပွင့်ပန်းကိုနူးညံ့တဲ့လက်အစုံနဲ့ညင်သာစွာကိုင်တွယ်တတ်ပေမဲ့ပန်းခရာအလှကိုထိပါးဖို့ကြံလာတဲ့ဘယ်လိုပိုးမွှားမျိုးကိုမဆိုရက်စက်တဲ့နှလုံးသားနဲ့သုတ်သင်ပစ်တတ်တာပန်းတစ်ပွင့်အပေါ်မှာထားရှိတဲ့ဥယျာဥ်မှူးတစ်ယောက်ရဲ့မေတ္တာနဲ့အတ္တပါ။

ဒီပန်းလေးကိုသူလက်မလွှတ်နိုင်သလိုအထိခိုက်လည်းမခံနိုင်ပါ။
ဒါကြောင့်အန္တရာယ်အကင်းဆုံးနည်းလမ်းကိုသုံးဖို့သူဆုံးဖြတ်လိုက်ရတယ်။

စွတ်စွဲမှုတစ်ခုဟာလုံလောက်တဲ့သက်သေမရှိရင်အရာမထင်ဘူးဆိုတာသူသိနေလေတော့ခိုင်မာတဲ့သက်သေတစ်ခုကိုဖန်တီးရတော့မှာပေါ့။

ဝမ်ရိပေါ်သူ့အစီအစဥ်ကိုလွဲချော်မှုမရှိရလေအောင်သေချာအကွက်ချပြင်ဆင်နေမိတာကြောင့်အချိန်တွေဘယ်လိုကုန်ဆုံးသွားမှန်းတောင်မသိလိုက်။

သူသတိတရနဲ့ခန်းဆောင်လေးထဲကိုဝင်ကြည့်လိုက်တော့အရိပ်အယောင်ပျောက်နေတဲ့ကျန့်ငယ်ကြောင့်သူ့စိုးရိမ်စိတ်တွေကြီးသွားရတယ်။

"ကျန့်ငယ်💥;;;ကျန့်ငယ်💥;;;"

တုန့်ပြန်သံတစိုးတစိမျှမကြားရတဲ့အတွက်သူခေါင်းနပန်ကြီးသွားမိတယ်။
ကျန့်ငယ်ဘယ်များထွက်သွားပါလိမ့်;;;
နန်းဆောင်ထဲကထွက်သွားတာလဲမတွေ့မိပါဘူး;;;
ဒါဆိုနန်းဆောင်နောက်တံခါးကနေထွက်သွားတာလား;;;
မရေရာတဲ့အတွေးတွေနဲ့အတူစိုးရိမ်ပူပန်စိတ်တွေကအတောသတ်မရ။

ဒီနေရာတဝိုက်ကအကာအရံအတားအဆီးတွေနဲ့တင်းကျပ်ထားတာ​ဆိုတော့မတော်လို့များ;;;
သူအတွေးနဲ့အတူနန်းဆောင်ပြင်ကိုအ​လျင်အမြန်ထွက်ခဲ့ရင်းပူပန်တဲ့စိတ်ကြီးနဲ့ဟိုဟိုဒီဒီကြည့်လိုက်မိတယ်။

🌸ရင်ဝှက်ပန်း🌸Where stories live. Discover now