Part-3

5.9K 463 18
                                    

"Omma ဖုန်းခေါ်နေတယ် Park Chaeyoung လာ ပြောလိုက် "

"Hello Omma "

"သားငယ် အဲ့မှာကျောင်းတက်ရတာအဆင်ပြေလား မမနဲ့တည့်အောင်နေနော် ရန်မဖြစ်နေနဲ့ ကြားလား"

"ဟုတ် Omma သားကလိမ်လိမ်မာမာပဲနေပါတယ်ဗျာ"

"ဘာ လိမ်မာ... Ommaရဲ့သားက သမီးကိုတခွန်းစီပြန်ပြောနေတာ သိလား"

"ဟာ  Ommaမယုံနဲ့နော် သူလျှောက်ပြောနေတာ"

"ဒါနဲ့Omma ကျနော့်ကိုအဲ့ကျောင်းမှာဘာလို့ထားတာလဲ ဆရာမတွေကအဆင်ပြေပေမယ့် အဲ့ကကျောင်းသားတချို့ကတော့ မပြေဘူး"

"ငါ့သားကို ဘယ်သူအနိုင်ကျင့်လို့လဲ ပြော"

"မဟုတ်ပါဘူးဗျာ အဲ့ကျောင်းက Liceဆိုတဲ့ကောင်လား ဘာလားမသိဘူး သူကတော်တော်ဗိုလ်ကျတာ ကျောင်းမှာ"

"အော် အဲ့ကျောင်းမှာသားကိုထားရတဲ့အကြောင်းရင်းက Ommaသူငယ်ချင်းက အဲ့မှာကျောင်းအုပ်လေ ဒါကြောင့်ပါ သားပြောတဲ့Liceဆိုတဲ့ကလေးက သူ့သားနေမယ် Ommaကိုတခါပြောပြဖူးတယ် "

"သူကကျောင်းအုပ်ရဲ့သားလား ဒါကြောင့်ကိုးး"

Jenလဲ chaeပြောနေတာကို ဘေးနားကနေထိုင်နားထောင်လိုက်တယ်

"ကဲ ပေး ငါ့ကို! Ommaနဲ့ပြောစရာရှိတယ် "

"Omma ကျနော်စာလုပ်တော့မယ် မမနဲ့ပြောလိုက်ဦး"

Park Chaeyoungက ငယ်ငယ်ကတည်းက နိုင်ငံခြားမှာပဲကျောင်းတက်ခဲ့ရတာများတာမို့ အခုအထက်တန်းရောက်မှ ကိုရီးယားကိုပြောင်းခဲ့တာပါ...Jennieကတော့ သူမတစ်ယောက်ထဲ သူ့အဖေရဲ့ကုမ္မဏီကို အုပ်ချုပ်နေတဲ့ဘောစိမလေးပါ..

**********************************

"ဒေါက်​ ဒေါက် ဒေါက်"

"သားရေ Lalisa ဘယ်ချိန်ရှိပြီလဲ ထတော့လေ"

Lisaအိပ်ယာထဲကနေ ဘာမှပြန်မထူး ဆက်အိပ်နေတယ်

"ဒီကောင်လေး မနက်10:00ထိုးနေပြီ မထသေးဘူး"

တံခါးကိုသာဖွင့်ပြီး Lisaရဲ့ Mom ဝင်လာခဲ့တော့တယ်

ခေါင်းအုံးအပေါ်မှောက်ရပ်သားအိပ်ပျော်နေတဲ့lisaကို သူ့အမေက ဖင်ကိုခပ်စပ်စပ်လေးရိုက်ထည့်လိုက်တယ်

HER BROTHER IS MY BOYFRIEND[Complete]Where stories live. Discover now